အခန်း (၈)

ရက်အနည်း​​ငယ်ကြာ၍ သစ္စာ​​ဖေါက်များ​​ကို အဆုံး​​စီရင်မှုများ​​နှင့်​​
ပတ်သက်၍ ထိတ်လန့်​​​ကြောက်ရွံ့​​ခြင်း​​များ​​ ​​ပြေ​​ပျောက်သွား​​​သောအခါ
အချို့​​တိရစ္ဆာန်များ​​ စိတ်တွင် ''တိရစ္ဆာန်အချင်း​​ချင်း​​ မသတ်ရ'' ဟူ​​သော
ဆဋ္ဌမ​​မြောက် အ​​ခြေခံတရား​​ကြီး​​ကို သတိရလာကြသလိုလို ​​အောက်​​မေ့​​ကြသည်။
ထိုအ​​ကြောင်း​​ကို ဝက်များ​​ ​​ခွေး​​များ​​ ကြား​​​လောက်သည့်​​​နေရာတွင်
မ​​ပြောရဲကြ​​သော်လည်း​​ တိရစ္ဆာန်အချင်း​​ချင်း​​သတ်ဖြတ်ကြခြင်း​​မှာ ဆဋ္ဌမ​​မြောက်
အ​​ခြေခံတရား​​ကြီး​​နှင့်​​ မညီညွတ်သည့်​​ အဖြစ်ကိုကား​​ အား​​လုံး​​သ​​ဘောတူ
ကြသည်။ ခွါဖြူက မ​​ဟော်အား​​ ''​​ဟေ့​​ မ​​ဟော်​​ရေ ငါ့​​ကို ဆဋ္ဌမ
အ​​ခြေခံတရား​​ကြီး​​ကို ဖတ်ပြစမ်း​​ပါ'' ဟုဆိုသည်။ မုတ်ဆိတ်က သွား​​၍
ဖတ်ကြည့်​​​သောအခါ ''တိရစ္ဆာန်အချင်း​​ချင်း​​ အ​​ကြောင်း​​မဲ့​​ မသတ်ရ'' ဟု
​​ရေး​​ထား​​သည်ကို ​​တွေ့​​ရသည်။ အ​​ကြောင်း​​မဲ့​​ဆို​​သော စကား​​လုံး​​ပါသည်ကို
တိရစ္ဆာန်များ​​ သတိမထား​​မိကြ။ သို့​​ဖြစ်ရာ သစ္စာ​​ဖောက် တိရစ္ဆာန်များ​​ကို
သတ်ခြင်း​​မှာ ဆဋ္ဌမအ​​ခြေခံတရား​​ကြီး​​နှင့်​​ ဆန့်​​ကျင်သည်ဟု မဆိုနိုင်ဘဲ
ရှိ​​တော့​​သည်။ ​​ဘော်ဖြူနှင့်​​ ​​ပေါင်း​​၍ သစ္စာ​​ဖေါက်​​သောတိရစ္ဆာန်များ​​ကို
သတ်ခြင်း​​သည် အ​​ကြောင်း​​​ကောင်း​​စွာ လုံ​​လောက်သည်သာဖြစ်​​တော့​​သည်။

ထိုနှစ်တွင် တိရစ္ဆာန်များ​​မှာ လွန်ခဲ့​​​သောနှစ်ကထက် ပို၍ အလုပ်ကြိုး​​စား​​
လုပ်ကြသည်။ ဓါတ်မီး​​စက် နံရံမှာလည်း​​ ယခင်ကထက် နှစ်ဆတိုး​​၍ ထူသည်။
ထိုစက်ကို ယခင်က အချိန်သတ်မှတ်ထား​​သည့်​​ အတိုင်း​​ပြီး​​​အောင်ထပ်၍
လုပ်ရမည့်​​ အလုပ်မှာ မိမိတို့​​၌ အခြား​​လုပ်မြဲအလုပ်များ​​လည်း​​ ရှိ​​နေ​​သေး​​သဖြင့်​​
အင်မတိ အင်မတန် တာဝန်ကြီး​​​သော အလုပ်ကြီး​​ဖြစ်သည်။ တခါတရံ
တိရစ္ဆာန်တို့​​စိတ်၌ အလုပ်ချိန်ကိုလည်း​​ ပို၍လုပ်ရသည်။ စား​​ရသည့်​​အခါမှာ
ဦး​​သာ​​ခေါင်လက်ထက်က အစာမျိုး​​သာဖြစ်သည်ဟုထင်ကြသည်။ တနင်္ဂ​​နွေ​​နေ့​​
နံနက်များ​​တွင် သံ​​ကြောင်က စာရွက်ရှည်ကြီး​​တခုကို ကိုင်၍
​​ကောက်ပဲသီး​​နှံအမျိုး​​မျိုး​​မှာ ယခင်ကထက် တချို့​​နှစ်ဆ တချို့​​သုံး​​ဆ
တချို့​​​လေး​​ဆ တချို့​​ငါး​​ဆပို၍ ထွက်​​ကြောင်း​​နှင့်​​ဖတ်ပြသည်။ တိရစ္ဆာန်များ​​မှာ
ယခင် ​​တော်လှန်​​ရေး​​ မ​​အောင်မြင်မီက မိမိတို့​​ ဘယ်အ​​ခြေအ​​နေ ရှိခဲ့​​ကြသည်ဟု
မသိကြသဖြင့်​​ သံ​​ကြောင် ​​ပြောသမျှ ကိုသာ ယုံကြည်ကြရသည်။
သို့​​ဖြစ်လင့်​​ကစား​​ တိရစ္ဆာန်တို့​​စိတ်၌ စာရင်း​​အင်း​​များ​​ထဲတွင် ​​ကောက်ပဲသီး​​နှံပို၍
ထွက်​​နေခြင်း​​ထက် အစား​​အစာ အကယ်ပို၍ စား​​ရကြလျှင်​​ကောင်း​​မှာဘဲဟု
​​အောက်​​မေ့​​ကြသည်။

ဗန္ဓုလမှာ ခါတိုင်း​​ကဲ့​​သို့​​ အစည်း​​အ​​ဝေး​​များ​​သို့​​မလာ။ တလလျှင်
နှစ်ခါ​​လောက်သာလာသည်။ သူ​​ပေး​​ချင်​​သော အမိန့်​​များ​​ကို သံ​​ကြောင်ကို ဖြစ်​​စေ
အခြား​​ဝက် တ​​ကောင်​​ကောင်ကိုဖြစ်​​စေ လွှတ်၍​​ပေး​​သည်။ ဗန္ဓုလသည်
အစည်း​​အ​​ဝေး​​သို့​​ လာသည်အခါတွင် ​​နောက်ပါ​​ခွေး​​များ​​ဖြင့်​​သာ ရံ၍လာသည်
မဟုတ်။ သူ့​​​ရှေ့​​မှ ​​ရှေ့​​​တော်​​ပြေး​​ သဖွယ် ကြက်ဖနက်က​​လေး​​တ​​ကောင်ကို
​​စေလွှတ်၍ သူစကား​​မ​​ပြောမီ ​​အောက် ​​အောက် ​​အောက် အီ အီ အွတ် ဟု
ကျယ်​​လောင်စွာ တွန်​​စေသည်။ ဦး​​သာ​​ခေါင်အိမ်ထဲ၌ ဗန္ဓုလမှာ သူ့​​အခန်း​​နှင့်​​သူ
သီး​​ခြား​​​နေသည်ဟုလည်း​​ ​​ပြောကြသည်။ အစာ စား​​သည့်​​ အခါတွင်လည်း​​
ဦး​​သာ​​ခေါင် ကျန်​​နေရစ်ခဲ့​​​သော တိုက်ပန်း​​ကန်ပြား​​ အ​​ကောင်း​​စား​​ကြီး​​များ​​နှင့်​​
ထည့်​​၍စား​​သည်။ ထိုပြင် အ​​ရေး​​ကြီး​​​သော နှစ်လည်အထိမ်း​​အမှတ်များ​​မှာကဲ့​​သို့​​
ဗန္ဓုလ၏​​မွေး​​​နေ့​​မှာလည်း​​ ​​သေနတ်​​ဖောက်ရန် အမိန့်​​ထုတ်ထား​​သည်။

ဗန္ဓုလမှာ ငယ်နာမည်​​ပျောက်၍ ကြီး​​နာမည်​​ရောက်၍လာပြီ။ ယခင်
ဗန္ဓုလကိုပင် ''ငါတို့​​​ခေါင်း​​​ဆောင်ကြီး​​ ရဲ​​ဘော်ဗန္ဓုလ'' ဟု ​​ခေါ်ကြသည်။
ဝက်များ​​ကလည်း​​ ဗန္ဓုလကို ''တိရစ္ဆာန်အား​​လုံး​​၏ဖခင်'' ဘွဲ့​​။ ''လူသား​​နိုင်''
ဘွဲ့​​။ ''သိုး​​များ​​ရန်ကာ'' ဘွဲ့​​။ ''ဝမ်း​​ဘဲ ​​ပေါက်စ ကြက်​​ပေါက်စ
​​ပေါက်စအ​​ဆွေ''ဘွဲ့​​ စသဖြင့်​​ အမျိုး​​မျိုး​​ဘွဲ့​​ထွင်၍ ​​ပေး​​ကြသည်။ သံ​​ကြောင်က
မျက်ရည် ဖြိုင်ဖြိုင်ကျကာ ဗန္ဓုလအ​​ကြောင်း​​ ခြီး​​ကျူး​​စကား​​​ပြောရာတွင်
ဗန္ဓုလသည် ပညာလည်း​​ အင်မတန်ကြီး​​ သ​​ဘောလည်း​​ အင်မတန်ပြည့်​​
တိရစ္ဆာန်အား​​လုံး​​အနက် အထူး​​သဖြင့်​​ လူသား​​များ​​လက်​​အောက်မှ
မလွတ်​​သေး​​​သော တိရစ္ဆာန်များ​​အား​​ အင်မတန်ချစ်ရှာသည့်​​ အ​​ကြောင်း​​များ​​
ပါသည်။ ဗန္ဓုလမှာ ​​ခေတ်​​ကောင်း​​​နေသဖြင့်​​ အ​​ကြောင်း​​ဟုတ်သည်ဖြစ်​​စေ
မဟုတ်သည်ဖြစ်​​စေ သူ့​​ကိုပင် ဝိုင်း​​၍ ခြီး​​ကျူး​​ကြသည်။ ကြက်မတ​​ကောင်က
အခြား​​​သောကြက်မတ​​ကောင်အား​​ ''ဒို့​​​ခေါင်း​​​ဆောင်ကြီး​​၏ ညွှန်ကြား​​ချက်​​ကြောင့်​​
ငါဟာ ​​ခြောက်ရက်အတွင်း​​မှာ ဥငါး​​လုံး​​ဥနိုင်တယ်​​အေ့​​'' ဟု ​​ပြောသည်။

အိုင်ထဲတွင် ​​ရေ​​သောက်​​နေ​​သော နွား​​မနှစ်​​ကောင်ကလည်း​​ ''ဒီအိုင်ထဲက​​ရေ
​​အေး​​တာကြည်တာဟာ ဒို့​​​ခေါင်း​​​ဆောင်ကြီး​​ရဲ့​​ ​​ကျေး​​ဇူး​​​ပေါ့​​​အေ'' ဟု
တ​​ကောင်နှင့်​​တ​​ကောင် ​​ပြောကြသည်။ ကဗျာဓိုရ်​​သေး​​သွယ်ဖွဲ့​​​သော
''ဗန္ဓုလဘွဲ့​​''ကိုကြည့်​​လျှင် တိရစ္ဆာန်အများ​​က ဗန္ဓုလအ​​ပေါ်၌ မည်မျှ​​လောက်
ချစ်ခင် ကြည်ညိုကြသည်ကို သိနိုင်သည်။ ဗန္ဓုလဘွဲ့​​မှာ ​​အောက်ပါအတိုင်း​​
ဖြစ်သည်။



ဖထက်ဆုံး​​ဒို့​​ခိုကိုး​​ရာနှင့်​​
ချမ်း​​သာခြင်း​​အစု ​​ပေါ်ထွန်း​​ရာဖြစ်​​သော
စား​​ခွက်တို့​​၏ အရှင် အို ရဲ​​ဘော်ဗန္ဓုလ။ ။
​​နေမင်း​​ပမာ သင့်​​မျက်နှာကား​​
တည်ငြိမ်သပ္ပါယ် ကြည်ညိုဖွယ်မို့​​
ငါလျှင်ဖူး​​ရ ရှုမဝ။ ။
ဗန္ဓုလ ဗန္ဓုလ
​​ကျေး​​ဇူး​​​တော်ရှင် ဗန္ဓုလ။
ဗန္ဓုလ ဗန္ဓုလ
တိရစ္ဆာန်တို့​​ ဖခင် ဗန္ဓုလ။
ကြီး​​ငယ်မချန် ​​စောင့်​​​ရှောက်ပြန်
တရား​​မှန်သည့်​​ ဗန္ဓုလ။
ဗန္ဓုလ ဗန္ဓုလ
အား​​လုံး​​ချစ်တဲ့​​ ဗန္ဓုလ။
နို့​​စို့​​ဝက်ငယ် နီတာရွယ်​​တောင်
ချစ်တယ်မုချ၊​ ဗန္ဓုလ ။ ။

အထက်ပါဘွဲ့​​ကို ဗန္ဓုလက သ​​ဘောတူအတည်ပြုပြီး​​လျှင်
အ​​ခြေခံတရား​​ကြီး​​ ခုနှစ်ပါး​​​ရေး​​ထား​​သည့်​​ စပါး​​ကျီ​​ရှေ့​​တည့်​​တည့်​​
မျက်နှာချင်း​​ဆိုင်တွင် အက္ခရာ တင်ထား​​ဖို့​​ အမိန့်​​​ပေး​​သည်။ ဗန္ဓုလဘွဲ့​​
အက္ခရာတင်ထား​​သည့်​​ အထက်နား​​တွင် သံ​​ကြောင်က ​​ဆေး​​အဖြူဖြင့်​​ ဗန္ဓုလ၏
​​ဘေး​​တိုက်တ​​စောင်း​​ပုံကို ​​ရေး​​ဆွဲထား​​သည်။

ထိုအ​​တောအတွင်း​​၌ ဗန္ဓုလသည် ဦး​​သာရာမှတဆင့်​​ ဦး​​​အောင်ပန်း​​တို့​​
ဦး​​​ပေါက်​​ကျော်တို့​​နှင့်​​ ကူး​​လူး​​ဆက်ဆံရန် ​​စေ့​​စပ်လျက်ရှိသည်။ ဗန္ဓုလသည်
ဦး​​​အောင်ပန်း​​နှင့်​​ ဦး​​​ပေါက်​​ကျော် တ​​ယောက်​​ယောက်အား​​ သစ်သား​​များ​​ကို
​​ရောင်း​​ချင်သည်။ ဦး​​​အောင်ပန်း​​သည် ဗန္ဓုလထံမှ သစ်သား​​များ​​ကို
အလိုရှိ​​သော်လည်း​​ ​​ဈေး​​​ကောင်း​​​ကောင်း​​မ​​ပေး​​။ ထိုအခိုက်တွင် ဦး​​​အောင်ပန်း​​နှင့်​​
တပည့်​​များ​​သည် ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​ကို တိုက်၍ ဓါတ်မီး​​စက်ကိုပါ
ဖျက်ဆီး​​ပစ်ရန် ကြံလျက်​​နေ​​ကြောင်း​​ ​​ကောလဟာလသတင်း​​ ထွက်​​ပေါ်လာသည်။
​​ဘော်ဖြူလည်း​​ ဦး​​​အောင်ပန်း​​ကွင်း​​တွင် ခိုလျက်​​နေသည်ဟု သိရသည်။ ​​နွေရာသီ
အလယ်​​လောက်တုန်း​​ကလည်း​​ ​​ဘော်ဖြူ၏ လှံု့​​​ဆော်​​ပေး​​ချက်အရ
ကြက်မသုံး​​​ကောင်က ဗန္ဓုလကို သတ်ဖို့​​ ကြံစည်​​ကြောင်း​​ကို ထိုကြက်မ
သုံး​​​ကောင်က ​​ဖြောင့်​​ချက်​​ပေး​​ကြသဖြင့်​​ တိရစ္ဆာန်များ​​ ထိတ်လန့်​​တုန်လှုပ်
သွား​​ကြသည်။ ကြက်မသုံး​​​ကောင်လည်း​​ ချက်ခြင်း​​ အဆုံး​​စီရင်ခြင်း​​ ခံရပြီး​​လျှင်
ဗန္ဓုလ၏ လုံခြံု​​ရေး​​အတွက် အ​​စောင့်​​​ရှောက် ပို၍ထား​​သည်။
ဗန္ဓုလအိပ်သည့်​​အခါတွင် ​​ဒေါင့်​​​လေး​​​ဒေါင့်​​မှ ​​ခွေး​​​လေး​​​ကောင် ​​စောင့်​​ရသည်။
အစာထဲတွင် အဆိပ်ခပ်မှာ စိုး​​သဖြင့်​​ ဗန္ဓုလမစား​​မီ ဗန္ဓုလ၏အစာကို
မျက်​​ထောင့်​​နီ​​ခေါ် ဝက်တ​​ကောင်က ဦး​​ဦး​​ဖျား​​ဖျား​​ မြည်း​​၍ ကြည့်​​ရသည်။

ထိုအချိန်အခါ​​လောက်တွင် ဗန္ဓုလသည် သူ့​​သစ်သား​​များ​​ကို
ဦး​​​ပေါက်​​ကျော်သို့​​ ​​ရောင်း​​ဖို့​​ စီစဉ်ပြီး​​​ကြောင်း​​ သတင်း​​ထွက်​​ပေါ်လာသည်။
​​ခြေ​​လေး​​​ချောင်း​​ကွင်း​​နှင့်​​ ဦး​​​ပေါက်​​ကျော်ကွင်း​​မှာ ​​ရွှေလမ်း​​ ​​ငွေလမ်း​​ ​​ဖေါက်၍
ထွက်ကုန်ချင်း​​ ဖလှယ်ကြလိမ့်​​မည်။ ဦး​​​ပေါက်​​ကျော်နှင့်​​ ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​မှာ
တိုက်ရိုက် အဆက်အဆံမရှိဘဲ ဦး​​သာရာဆီမှ တဆင့်​​ ဆက်ဆံပုံမှာ
​​ဖေါ်​​ဖေါ်​​ရွေ​​ရွေရှိသည်။ တိရစ္ဆာန်များ​​သည် ဦး​​​ပေါက်​​ကျော်အား​​ လူသား​​တ​​ယောက်
ဖြစ်သည့်​​အတွက် အယုံအကြည် မရှိကြ​​သော်လည်း​​ ဦး​​​အောင်ပန်း​​ကို
​​ကြောက်ကြမုန်း​​ကြသ​​လောက် မ​​ကြောက်ကြ မမုန်း​​ကြ။ ​​နွေကုန်ခါနီး​​၍
ဓါတ်မီး​​စက်လည်း​​ ပြီး​​ခါနီး​​​သောအခါ ဦး​​​အောင်ပန်း​​သည် ​​သေနတ်ကိုင်လူသား​​
နှစ်ဆယ်ကို စု၍ ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​ကို တိုက်ဖို့​​ စီစဉ်​​နေ​​ကြောင်း​​နှင့်​​
သတင်း​​ထပ်၍ထွက်လာပြန်သည်။

ဦး​​​အောင်ပန်း​​သည် ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​နှင့်​​ ပတ်သက်​​သော​​မြေပိုင်ခွင့်​​
''ဂရန်''များ​​ကို သူ့​​လက်ထက်ထဲ ​​ရောက်လာသည်နှင့်​​ တပြိုင်နက် ရုံး​​တို့​​
ဂါတ်တို့​​က မစစ်မ​​ဆေး​​ဘဲ ပိုင်ဆိုင်ခွင့်​​ ရနိုင်​​စေရန် အလို့​​ငှာ ရုံး​​မင်း​​များ​​နှင့်​​
ပုလိပ်များ​​ကိုပင် လာဘ်ထိုး​​ပြီး​​ပြီဟု ​​ပြောကြသည်။ ထိုအ​​တောအတွင်း​​၌
ဦး​​​အောင်ပန်း​​သည် သူ့​​ကွင်း​​က တိရစ္ဆာန်များ​​ကို မမြင်ဝံ့​​ မကြား​​ဝံ့​​​လောက်​​အောင်
နှိပ်စက်ညှင်း​​ပန်း​​​နေသည်။ နွား​​အိုများ​​ကို တိုင်မှာချည်ပြီး​​ မ​​သေမခြင်း​​ ရိုက်၍
သတ်သည်။ ​​ခွေး​​များ​​ကိုလည်း​​ မီး​​ပုံထဲသို့​​ ကြိုး​​နှင့်​​ချည်၍ ပစ်ချသည်။
ကြက်ဖများ​​ကိုလည်း​​ အတက်တွင် သင်တုန်း​​သွား​​များ​​ချည်၍ တိုက်သည်
စ​​သောသတင်း​​များ​​ထွက်လာသည်။ ထိုသတင်း​​များ​​ကို ကြား​​ရ​​သောအခါ
တိရစ္ဆာန်များ​​သည် မိမိတို့​​ ဘဝတူ တိရစ္ဆာန်များ​​အတွက် မခံမရပ်နိုင်
​​လောက်​​အောင်ဖြစ်ကြပြီး​​လျှင် ဦး​​​အောင်ပန်း​​ကွင်း​​ကို တစုတ​​ဝေး​​တည်း​​ ချီတက်၍
ဦး​​​အောင်ပန်း​​ကို ​​တော်လှန်ပြီး​​လျှင် ဦး​​​အောင်ပန်း​​ကွင်း​​က တိရစ္ဆာန်များ​​အား​​
လွတ်လပ်​​အောင် လုပ်ကြမည်ဟုပင် အ​​ရေး​​ဆိုကြသည်။ ထိုအခါ သံ​​ကြောင်က
တိရစ္ဆာန်များ​​အား​​ အလျင်စလိုမပြုလုပ်ရန် တား​​မြစ်ပြီး​​လျှင် ရဲ​​ဘော်ဗန္ဓုလ
စီမံခန့်​​ခွဲသည်ကိုသာ လိုက်နာကြရန် ဩဝါဒ​​ပေး​​သည်။

ထိုသို့​​ပင် သံ​​ကြောင်က ​​ပြော​​သော်လည်း​​ တိရစ္ဆာန်တို့​​သည်
ဦး​​​အောင်ပန်း​​အ​​ပေါ်တွင် အမုန်း​​ကြီး​​မုန်း​​လျက် သာရှိကြသည်။ တ​​နေ့​​​သော
တနင်္ဂ​​နွေ​​နေ့​​နံနက်ခင်း​​တွင် တိရစ္ဆာန်များ​​ကို စပါး​​ကျီအနီး​​တွင် စု​​ဝေး​​​စေပြီး​​လျှင်
ဗန္ဓုလက သူသည် မည်သည့်​​အခါကမျှ ဦး​​​အောင်ပန်း​​အား​​ သစ်သား​​များ​​
​​ရောင်း​​ရန် မကြံခဲ့​​​ကြောင်း​​ ဦး​​​အောင်ပန်း​​လို ယုတ်မာ​​သော လူသား​​များ​​နှင့်​​လည်း​
သူ့​​ဂုဏ်အပျက်ခံပြီး​​ ဆက်ဆံခြင်း​​ရှိလိမ့်​​မည် မဟုတ်​​ကြောင်း​​ ​​ပြောပြသည်။
ထို့​​​နောက် ​​ခြေ​​လေး​​​ချောင်း​​​တော်လှန်​​ရေး​​အတွက် ဝါဒဖြန့်​​ဖို့​​ တာဝန်ကျ​​သော
ခိုများ​​အား​​ ဦး​​​အောင်ပန်း​​ကုန်း​​သို့​​ ​​ခြေဦး​​​တောင် မလှည့်​​ကြဖို့​​ အမိန့်​​​ပေး​​ပြီး​​လျှင်
ယခင်က သူတို့​​ ​​အော်​​နေကြဖြစ်​​သော ''လူသား​​မှန်လျှင် အကုန်သတ်'' ဆိုသည့်​​
​ကြွေး​​​ကြော်သံအစား​​ ''ဦး​​​အောင်ပန်း​​ကို ​​တွေ့​​ရာမှာသတ်'' ဆိုသည့်​
​ကြွေး​​​ကြော်သံကို အ​​အော်ခိုင်း​​သည်။

​​ကောက်သိမ်း​​ချိန်ကျ​​သောအခါ ​​ဘော်ဖြူ၏ အဖျက်အလုပ်တခုကို
​​တွေ့​​ရပြန်သည်။ ​​ဘော်ဖြူသည် တညတွင် လယ်များ​​ထဲသို့​​ ​​ပေါင်း​​​စေ့​​များ​​
လာချထား​​သဖြင့်​​ လယ်များ​​မှာ ​​ပေါင်း​​ပင်များ​​ဖြင့်​​ ပြည့်​​​နေ​​တော့​​သည်။
ထိုအ​​ကြောင်း​​ကို ငန်း​​ဖိုတ​​ကောင်က ​​ဘော်ဖြူနှင့်​​ အတူ ​​ပေါင်း​​​စေ့​​များ​​
ကြဲရ​​ကြောင်း​​နှင့်​​ ​​ဖြောင့်​​ချက်​​ပေး​​သည်။ ထိုငန်း​​ဖိုလည်း​​ ​​ဖြောင့်​​ချက်​​ပေး​​ပြီး​​
မကြာမီပင် ​​ကြွေး​​ဥကိုစား​​၍ သူ့​​ကိုယ်သူ သတ်​​သေလိုက်သည်။ ​​ဘော်ဖြူသည်
'တိရစ္ဆာန်ဇာနည် ပထမတန်း​​'' ဘွဲ့​​ရသည်ဟု တိရစ္ဆာန်အများ​​က
ယုံကြည်ခဲ့​​ကြ​​သော်လည်း​​ စင်စစ်အား​​ဖြင့်​​ ​​ဘော်ဖြူသည် မည်သည့်​​ အခါကမျှ
ထိုဘွဲ့​​ကို မရဘူး​​​ကြောင်း​​ကို ကြား​​သိရသည်။ ထိုကဲ့​​သို့​​ ​​ဘော်ဖြူ
'တိရစ္ဆာန်ဇာနည် ပထမတန်း​​' ဘွဲ့​​ရသည် ဆိုခြင်း​​မှာ ​​ဘော်ဖြူကိုယ်တိုင်က
လွှင့်​​ထား​​​သော ဒဏ္ဍာရီသတင်း​​သာဖြစ်သည်။ ​​ဘော်ဖြူသည် ဘွဲ့​​မရရုံသာမဟုတ်။
နွား​​တင်း​​ကုပ်တိုက်ပွဲတွင် သူရဲ​​ဘော​​ကြောင်သည့်​​ အတွက် ရှုတ်ချခြင်း​​ပင်
ခံရ​​သေး​​သည်။ ထိုအ​​ကြောင်း​​ကို ကြား​​ရ​​သောအခါ အချို့​​​သောတိရစ္ဆာန်တို့​​က
မယုံကြဘဲရှိသည်။ ထိုအခါ သံ​​ကြောင်က မယုံကြ​​သောတိရစ္ဆာန်တို့​​အား​​
''ရဲ​​ဘော်တို့​​ သင်တို့​​ သတိမ​​ကောင်း​​လို့​​ ထင်​​ယောင်ထင်မှား​​ ဖြစ်​​နေတာပါ။
တကယ်ဆို​​တော့​​ ​​ဘော်ဖြူ ရှုတ်ချခံရသည်မှာ အမှန်ပါ'' ဟု​​ပြောသဖြင့်​​
တိရစ္ဆာန်များ​​မှာ သံ​​ကြောင်၏စကား​​ကိုပင် ယုံကြည်ကြရ​​တော့​​သည်။

​​ကောက်ရိတ်ချိန်သည် ဓါတ်မီး​​စက်ပြီး​​​အောင်တည်ဖို့​​ အချိန်နှင့်​​
တိုက်ဆိုင်​​နေသဖြင့်​​ တိရစ္ဆာန်များ​​မှာ အလုပ်ကို အကြီး​​အကျယ် ကြိုး​​စား​​၍
လုပ်ကြရသည်။ ဓါတ်မီး​​စက် အ​​ဆောက်အဦမှာ တည်၍ ပြီး​​ပြီ။ သို့​​ရာတွင်
အတွင်း​​၌စက်မတပ်ရ​​သေး​​။ ဗန္ဓုလသည် စက်ဝယ်ဖို့​​အတွက် ဦး​​သာရာနှင့်​​
​​စေ့​​စပ်လျှက်ရှိသည်။ တိရစ္ဆာန်တို့​​မှာ အခက်အခဲအမျိုး​​မျိုး​​နှင့်​​ ကြံု​​တွေ့​​ရခြင်း​​
အလုပ်​​ကောင်း​​စွာ မကျွမ်း​​ကျင်ကြ​​သေး​​ခြင်း​​ လက်နက်ကရိယာမ​​ကောင်း​​ခြင်း​​
ကံမ​​ကောင်း​​ခြင်း​​ ​​ဘော်ဖြူ၏ သစ္စာ​​ဖောက်ခြင်း​​ စသည်တို့​​ကို ရင်ဆိုင်၍
အလုပ်လုပ်ကြရ​​သော်လည်း​​ ဓါတ်မီး​​စက်မှာ မူလစီမံကိန်း​​ချထား​​သည့်​​
​​နေ့​​ရက်မှာပင် တည်၍ ပြီး​​သည်။

တိရစ္ဆာန်တို့​​သည် ​​မောပန်း​​ကြ​​သော်လည်း​​ ဓါတ်မီး​​စက် အ​​ဆောက်အဦကို
သူတို့​​ဟာသူတို့​​ကြည့်​​၍ ဝမ်း​​သာခြင်း​​မက ဝမ်း​​သာလှသဖြင့်​​ ပတ်ချာလှည့်​​ကာ
​​ပျော်ပွဲဆင်ကြသည်။ ဓါတ်မီး​​စက်မှာ ယခင်ပျက်သွား​​​သော ဓါတ်မီး​​စက်ထက်ပင်
ပို၍ရှုချင်ဖွယ် ရှိသည်ဟုထင်ကြသည်။ သည်တခါ​​တော့​​ ဒိုင်း​​နမိုင်း​​နှင့်​​
​​ဖေါက်ခွဲ၍မပစ်ဘဲ ပျက်နိုင်​​တော့​​မည် မဟုတ်။ တိရစ္ဆာန်များ​​သည်
ဓါတ်မီး​​စက်ကို တည်စဉ်အခါတွင် များ​​စွာလည်း​​ ပင်ပန်း​​ခဲ့​​ကြသည်။
အခက်အခဲများ​​နှင့်​​လည်း​​ များ​​စွာ​​တွေ့​​ခဲ့​​ကြသည်။ ဓါတ်မီး​​စက် ဆင်ပြီး​​လျှင်ကား​​
သူတို့​​​နေ​​ရေး​​ထိုင်​​ရေး​​မှာ အများ​​ကြီး​​တိုး​​တက်၍ လာ​​တော့​​မည်။ ဤသို့​​လျှင်
ဓါတ်မီး​​စက်အ​​ကြောင်း​​ကို ​​တွေး​​မိကြသဖြင့်​​ တိရစ္ဆာန်တို့​​သည် ​​ပျော်ခြင်း​​ကြီး​​မက
​​ပျော်ကြ​​သော​​ကြောင့်​​ ​​မောပန်း​​ကြရသည်ကိုပင် သတိမရနိုင်ဘဲ ​​အောင်သံ​ကြွေး​​၍
မြူး​​တူး​​ခုန်​​ပေါက်ကာ​​နေကြသည်။ ဓါတ်မီး​​စက်ပြီး​​​သောအခါ ဗန္ဓုလကိုယ်တိုင်
ကိုယ်ရံ​​တော်​​ခွေး​​များ​​ရံ၍ ​​ရှေ့​​​တော်​​ပြေး​​ကြက်ဖနက်နှင့်​​ ထွက်၍လာပြီး​​လျှင်
တိရစ္ဆာန်များ​​အား​​ ချီး​​ကျူး​​စကား​​မိန့်​​သည်။ ထို့​​​နောက် ဓါတ်မီး​​စက်ကို ''ဗန္ဓုလ
ဓါတ်မီး​​စက်'' ​​ခေါ်​​စေရမည်ဟု အမိန့်​​ထုတ်လိုက်​​လေသည်။

​​နောက်နှစ်ရက်ကြာ​​သောအခါ စပါး​​ကျီအနီး​​တွင် တိရစ္ဆာန်များ​​ကို
စု​​ဝေး​​​စေ၍ အထူး​​အစည်း​​အ​​ဝေး​​ ကျင်း​​ပသည်။ ထိုအစည်း​​အ​​ဝေး​​တွင် ဗန္ဓုလက
​​ခြေ​​လေး​​​ချောင်း​​ကွင်း​​က သစ်သား​​များ​​ကို ဦး​​​အောင်ပန်း​​သို့​​ ​​ရောင်း​​လိုက်ပြီ
ဖြစ်​​ကြောင်း​​ ​​ကျေညာလိုက်ရာ အား​​လုံး​​​သောတိရစ္ဆာန်များ​​ အံ့​​အား​​သင့်​​
သွား​​ကြသည်။ ​​နောက်​​နေ့​​မနက်တွင် ဦး​​​အောင်ပန်း​​သည် သစ်သား​​များ​​ကို
လှည်း​​များ​​နှင့်​​ လာတိုက်သွား​​သည်။ ဗန္ဓုလသည် ဦး​​​ပေါက်​​ကျော်နှင့်​​
​​စေ့​​စပ်ချင်​​ယောင်​​ဆောင်​​နေသည့်​​ အ​​တောအတွင်း​​၌ အမှန်အား​​ဖြင့်​​
ဦး​​​အောင်ပန်း​​နှင့်​​ လျှို့​​ဝှက်စွာ ​​စေ့​​စပ်လျက်ရှိသည်။

ထို့​​​နောက် ဗန္ဓုလသည် ဦး​​​ပေါက်​​ကျော်ကုန်း​​နှင့်​​ အဆက်အသွယ်များ​​ကို
တခါတည်း​​ ဖြတ်လိုက်ပြီး​​လျှင် ဦး​​​ပေါက်​​ကျော်ထံသို့​​ ခိုများ​​ကို လွှတ်၍
ဆဲ​​ရေး​​ပုတ်ခတ်​​သောစာများ​​ ပို့​​လိုက်သည်။ ထိုအချိန်ကစ၍ ''ဦး​​​အောင်ပန်း​​ကို
အ​​သေသတ်ရမည်'' ဆို​​သော ​ကြွေး​​​ကြော်သံကို ရပ်၍ ''ဦး​​​ပေါက်​​ကျော်ကို
အ​​သေသတ်ရမည်'' ဆို​​သော ​ကြွေး​​​ကြော်သံအသစ်ကို သုံး​​ဖို့​​
အမိန့်​​ထုတ်လိုက်သည်။ ထို့​​​နောက် ဗန္ဓုလက ဦး​​​အောင်ပန်း​​သည်
​​ခြေ​​လေး​​​ချောင်း​​ကွင်း​​ကို တိုက်ဖို့​​ စီစဉ်​​နေသည်ဆို​​သော သတင်း​​မှာလည်း​​
အ​​ခြေအမြစ် မရှိသည့်​​ သတင်း​​သာဖြစ်​​ကြောင်း​​။ ဦး​​​အောင်ပန်း​​သည်
သူ၏တိရစ္ဆာန်များ​​အား​​ နှိပ်စက်ညှင်း​​ပန်း​​သည်ဆို​​သော သတင်း​​မှာလည်း​​
တဆိတ်ကို တအိတ်လုပ်​​သော သတင်း​​သာဖြစ်​​ကြောင်း​​။ အဆိုပါ
​​ကောလာဟလသတင်း​​များ​​ ဖြစ်ပွါး​​ခြင်း​​မှာလည်း​​ ​​ဘော်ဖြူနှင့်​​ အ​​ဖေါ်တစုတို့​​၏
လက်ချက်သာဖြစ်​​ကြောင်း​​။ ဦး​​​အောင်ပန်း​​ကွင်း​​၌ ​​ဘော်ဖြူပုန်း​​​နေသည်
ဆိုခြင်း​​မှာလည်း​​ ဟုတ်ပုံမရ​​ကြောင်း​​။ စင်စစ်အား​​ဖြင့်​​ ဦး​​​အောင်ပန်း​​ကွင်း​​သို့​​
​​ဘော်ဖြူ ဘယ်တုန်း​​ကမျှ မ​​ရောက်ဖူး​​​ကြောင်း​​။ ​​ဘော်ဖြူတကယ်​​နေ​​သော​​နေရာမှာ
ဦး​​​ပေါက်​​ကျော်ကွင်း​​သာဖြစ်​​ကြောင်း​​။ ဦး​​​ပေါက်​​ကျော်က ​​ဘော်ဖြူအား​​
လစာကြီး​​ကြီး​​​ပေး​​၍ သူလျှိုအဖြစ်နှင့်​​ ​​မွေး​​ထား​​သည်မှာ ကြာပြီဖြစ်​​ကြောင်း​​နှင့်​​
တိရစ္ဆာန်များ​​အား​​ ​​ပြောပြသည်။

ဗန္ဓုလသည် ပရိယာယ်၌ အင်မတန် လိမ်မာသည်။ ဦး​​​ပေါက်​​ကျော်နှင့်​​
ချစ်ခင်ရင်း​​နှီး​​ဟန်​​ဆောင်၍ ဦး​​​အောင်ပန်း​​ဆီမှ သစ်သား​​များ​​ အတွက်
​​ငွေတ​​ထောင့်​​ငါး​​ရာ​​ဈေး​​ ပို၍ ရ​​အောင်ယူလိုက်သည်။ ဝက်များ​​သည် ဗန္ဓုလ၏
ပရိယာယ်ကို များ​​စွာ ပီတိဖြစ်ကြသည်။ ဗန္ဓုလသည် ဦး​​​အောင်ပန်း​​အား​​
သစ်သား​​များ​​ကို ​​ရောင်း​​သာ​​ရောင်း​​လိုက် ​​သော်လည်း​​ စင်စစ်အား​​ဖြင့်​​
ဦး​​​အောင်ပန်း​​ကိုလည်း​​ ယုံကြည်သည် မဟုတ်။ ဤကား​​ ဗန္ဓုလ၏
အ​​မြော်အမြင် ကြီး​​ခြင်း​​​ပေတည်း​​။ ဤသို့​​ သံ​​ကြောင်က ​​ပြောသည်။
ဦး​​​အောင်ပန်း​​သည် လူလယ်လုပ်၍ ဗန္ဓုလအား​​ ​​ငွေသား​​ဖြင့်​​ သစ်သား​​ဖိုး​​ကို
မ​​ချေဘဲ ချက်လက်မှတ်​​ရေး​​၍ ​​ပေး​​ရန်ကြံသည်။ ဗန္ဓုလကို ဤကဲ့​​သို့​​ အပါး​​နှပ်၍
ရမည်မဟုတ်။ ရာတန်စက္ကူများ​​ကို လက်ငင်း​​မ​​ချေဘဲ သူ့​​သစ်သား​​များ​​ကို
ဦး​​​အောင်ပန်း​​သည် ရလိမ့်​​မည် မဟုတ်။ ထို့​​​ကြောင့်​​ ဦး​​​အောင်ပန်း​​သည်
ဗန္ဓုလအလိုရှိသည့်​​ အတိုင်း​​ တရာတန်​​ငွေစက္ကူများ​​ဖြင့်​​ သစ်သား​​ဖိုး​​ကို
အ​​ပြေ​​ပေး​​​ချေလိုက်သည်။ ဦး​​​အောင်ပန်း​​ဆီမှ ရ​​သော​​ငွေမှာ ဓါတ်မီး​​စက်ဝယ်ရန်
လုံ​​လောက်သည်။

ဦး​​​အောင်ပန်း​​သည် ​​ငွေ​​ချေပြီး​​​နောက် သစ်သား​​များ​​ကို လှည်း​​ဖြင့်​​
တိုက်၍ထုတ်သွား​​သည်။ ထို့​​​နောက် တိရစ္ဆာန်များ​​သည် အထူး​​အစည်း​​အ​​ဝေး​​
ကျင်း​​ပ၍ ဦး​​​အောင်ပန်း​​​ပေး​​သွား​​​သော ​​ငွေစက္ကူများ​​ကို ဝိုင်း​​၍ ကြည့်​​ကြသည်။
ဗန္ဓုလသည် သစ်သား​​ကို ​​ရောင်း​​၍ရ​​သော ​​ငွေစက္ကူများ​​ကို တိုက်ပန်း​​ကန်ပြား​​ကြီး​​
တချပ်ထဲတွင်ထည့်​​၍ သူ့​​​ဘေး​​တွင်ချပြီး​​လျှင် ​​ကျေနပ်​​သောအခြင်း​​အရာဖြင့်​​
ပြံုး​​လျက် ​​ကောက်ရိုး​​ခင်း​​အပ်​​သော ခုံမြင့်​​​ပေါ်တွင် ဝပ်ကာ​​နေသည်။
တိရစ္ဆာန်တို့​​သည် တ​​ကောင်ချင်း​​ ​ရှေ့​​​နောက်တန်း​​စီ၍ ​​ငွေစက္ကူများ​​ကို
အား​​ရ​​အောင်ကြည့်​​ကြသည်။ ဂျိုကား​​သည် ​​ငွေစက္ကူများ​​ကို နမ်း​​၍ပင်ကြည့်​​သဖြင့်​​
​​ငွေစက္ကူများ​​မှာ သူ့​​နှာ​​ခေါင်း​​မှထွက်​​သော​​လေထဲ၌ တချွတ်ချွတ်ပင်မြည်၍
​​နေသည်။

​​နောက်သုံး​​ရက်ကြာ​​သောအခါ ဦး​​သာရာသည် ​​မောကြီး​​ပန်း​​ကြီး​​နှင့်​​
​​ပြေး​​၍လာပြီး​​လျှင် ဗန္ဓုလအ​​ဆောင်သို့​​ သွား​​သည်။ ဗန္ဓုလအ​​ဆောင်မှ
စိတ်ဆိုး​​သဖြင့်​​ ဆဲ​​ရေး​​ကြိမ်း​​​မောင်း​​သံကြား​​ရသည်။ အ​​ကြောင်း​​မှာ ဦး​​​အောင်ပန်း​​
​​ပေး​​သွား​​​သော ​​ငွေစက္ကူများ​​မှာ အတုများ​​ဖြစ်၍ ​​နေ​​သော​​ကြောင့်​​တည်း​​။
ဦး​​​အောင်ပန်း​​မှာ သစ်သား​​များ​​ကို အလကား​​ရသွား​​ပြီ။

ဗန္ဓုလသည် တိရစ္ဆာန်များ​​အား​​ ချက်ခြင်း​​ စည်း​​​ဝေး​​​စေပြီး​​လျှင်
ဦး​​​အောင်ပန်း​​အား​​ အဆုံး​​စီရင်ဖို့​​ ဆုံး​​ဖြတ်ချက်ချသည်။ အကယ်၍
ဦး​​​အောင်ပန်း​​ကို အရှင်မိခဲ့​​​သော် ​​ရေ​​နွေး​​အိုး​​ထဲ၌ ပြုတ်၍ သတ်မည်ဟုလည်း​​
ဗန္ဓုလက ​​ပြောသည်။ ဦး​​​အောင်ပန်း​​သည် ​​ငွေစက္ကူအတုများ​​ကို ​​ပေး​​ရုံနှင့်​​
ရပ်လိမ့်​​ဦး​​မည်မဟုတ်။ သူတို့​​မူလ ကြံစည်ထား​​ကြသည့်​​အတိုင်း​​
​​ခြေ​​လေး​​​ချောင်း​​ကွင်း​​ကို လူစုပြီး​​လာ၍ပင် တိုက်​​ကောင်း​​တိုက်လိမ့်​​မည်။
ထို့​​​ကြောင့်​​ ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​သို့​​ ဝင်ရာလမ်း​​များ​​တွင် ဗန္ဓုလက ကင်း​​များ​​
အ​​စောင့်​​ချထား​​သည်။ ထို့​​​နောက် ခို​​လေး​​​ကောင်ကို ဦး​​​ပေါက်​​ကျော်ကုန်း​​သို့​​လွှတ်၍
ဦး​​​ပေါက်​​ကျော်နှင့်​​ ပြန်၍ မိတ်ဆက်ဖို့​​ အကြည်အသာ စကား​​ဆို​​စေသည်။

​​နောက်​​နေ့​​​စော​​စော တိရစ္ဆာန်များ​​ မနက်စာ စား​​​နေခိုက်တွင်
ကင်း​​​စောင့်​​ကျ​​သော တိရစ္ဆာန်တို့​​သည် ကမန်း​​ကတန်း​​ ​​ပြေး​​၍လာပြီး​​လျှင်
ဦး​​​အောင်ပန်း​​တို့​​ လူစုသည် တံခါး​​မကြီး​​မှဝင်၍ ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​ကို
တိုက်ဖို့​​လာ​​နေ​​ကြောင်း​​ ​​ပြောကြသည်။ တိရစ္ဆာန်တို့​​က ရဲဝံ့​​စွာထွက်၍
တိုက်ကြသည်။ သို့​​ရာတွင် နွား​​တင်း​​ကုပ်တိုက်ပွဲလို လွယ်လွယ်နှင့်​​
​​အောင်နိုင်မည်မဟုတ်။ ဦး​​​အောင်ပန်း​​၏ လူစုမှာ တဆယ့်​​ငါး​​​ယောက်မျှ ရှိပြီး​​လျှင်
​​သေနတ်ကလည်း​​ ​​ခြောက်လက်​​လောက်ပါသည်။ ဦး​​​အောင်ပန်း​​တို့​​ လူစုသည်
အ​​တောင်တရာ​​လောက် နီး​​ကပ်လာသည်နှင့်​​ တပြိုင်နက် ​​သေနတ်များ​​ဖြင့်​​
အရမ်း​​ပစ်ကြသည်။ တိရစ္ဆာန်တို့​​မှာ ဗန္ဓုလနှင့်​​ ဂျိုကား​​တို့​​ ဦး​​စီး​​၍
ခုခံကြ​​သော်လည်း​​ ​​သေနတ်ဒဏ်ကို မခံနိုင်သဖြင့်​​ ဆုတ်၍ ​​ပြေး​​ကြရသည်။
တိရစ္ဆာန်အချို့​​လည်း​​ ဒဏ်ရာရကြသည်။

တိရစ္ဆာန်တို့​​သည် အိမ်ထဲသို့​​ ဝင်၍ ပြူတင်း​​​ပေါက်များ​​ ထရံကြား​​များ​​မှ
ပြူတစ်ပြူတစ်နှင့်​​ ​​ချောင်း​​၍ ကြည့်​​ကြသည်။ ဓါတ်မီး​​စက်နှင့်​​တကွ
ကွင်း​​တကွင်း​​လုံး​​မှာရန်သူလက်သို့​​ ​ရောက်​​နေသဖြင့်​​ တခြား​​တိရစ္ဆာန်များ​​
မဆိုထား​​ဘိ ဗန္ဓုလကိုယ်တိုင်ပင် အား​​ပျက်မိသည်။ ဗန္ဓုလသည် အမြီး​​ကို
​​တောင့်​​၍ ဟိုဖက်သည်ဖက်ဝင့်​​ပြီး​​ အကြံထုတ်လျက်ရှိသည်။ အချို့​​
တိရစ္ဆာန်များ​​ကလည်း​​ ဦး​​​ပေါက်​​ကျော်ဆီမှ စစ်ကူများ​​ရလိုရငြား​​
ဦး​​​ပေါက်​​ကျော်ကုန်း​​ ဖက်သို့​​ ​​ရော်ရမ်း​​၍ ကြည့်​​ကြသည်။ ဦး​​​ပေါက်​​ကျော်တို့​​
လူစုထံမှ စစ်ကူရလျှင် ဗန္ဓုလတို့​​ဖက်က နိုင်နိုင်​​သေး​​သည်။ ထိုအခိုက်တွင်
ဦး​​​ပေါက်​​ကျော်ထံသို့​​ မိတ်ဆက်ဖို့​​ လွှတ်လိုက်​​သော ခို​​လေး​​​ကောင်သည်
စာရွက်တရွက်ကိုချီ၍ ပြန်လာသည်။ ထိုစာရွက်​​ပေါ်၌ ''နင်တို့​​ ဒီလိုဖြစ်ထာပဲ
​​ကောင်း​​တယ်'' ဟု ဦး​​​ပေါက်​​ကျော်က ​​ရေး​​၍ ​​ပေး​​လိုက်သည်။

ထိုအခိုက်တွင် ဦး​​​အောင်ပန်း​​တို့​​လူစုသည် ဓါတ်မီး​​စက်နား​​၌
ရပ်၍​​နေကြသည်။ လူနှစ်​​ယောက်က သံတူရွင်း​​နှင့်​​ တူကြီး​​ကို ကိုင်၍​​နေသည်။
ဓါတ်မီး​​စက်ကို ဖျက်ပစ်​​တော့​​မည် ထင်သဖြင့်​​ တိရစ္ဆာန်များ​​သည် များ​​စွာ
စိတ်မ​​ကောင်း​​ဖြစ်ကြသည်။ ထိုအခါ ဗန္ဓုလက ''ဘာဖျက်လို့​​ရမှာလဲကွာ။ ဒို့​​က
အခိုင်ကြီး​​လုပ်ထား​​တာပဲ။ ခုနှစ်ရက်နဲ့​​ ဖျက်ရယင် မင့်​​​ကောင်​​တွေ
ကံ​​ကောင်း​​​ပေါ့​​'' ဟု ​​ပြောကာ တိရစ္ဆာန်များ​​ကို အား​​​ပေး​​သည်။

မ​​ဟော်က အဆိုပါလူနှစ်​​ယောက်ကို ​​သေချာစွာ စူး​​စိုက်၍
အကဲခတ်​​နေသည်။ ထိုလူနှစ်​​ယောက်သည် ဓါတ်မီး​​စက်၏ အ​​ခြေနား​​တွင်
တူး​​​ဖေါက်၍ ​​နေကြသည်။ မ​​ဟော်သည် ထိုလူနှစ်​​ယောက်၏ အကြံကို
ရိပ်မိသဖြင့်​​ ပြံုး​​ပြီး​​လျှင် ''ငါထင်တဲ့​​အတိုင်း​​ပါဘဲကွာ။ ဒို့​​ဓါတ်မီး​​စက်ကို
ဒိုင်း​​နမိုင်း​​နဲ့​​ ခွဲပစ်ကြမလို့​​ကွ'' ဟု ​​ပြောသည်။ ထိုအခါ တိရစ္ဆာန်များ​​သည်
​​ကြောက်လန့်​​၍ တ​​ကောင်မျှ အပြင်သို့​​ မထွက်ဝံ့​​ကြ။ ​​အေခဏကြာ​​သောအခါ
လူများ​​သည် ဓါတ်မီး​​စက်နှင့်​​ လွတ်​​အောင်​​ပြေး​​သွား​​ကြသည်။ မကြာမီ
​​ကြောက်မက်ဖွယ် ဒိန်း​​ကနဲ မြည်၍ ဓါတ်မီး​​စက်ကြီး​​ ပြိုကျသွား​​သည်။
ခိုများ​​လည်း​​ လန့်​​၍ ပျံကြသည်။ ဗန္ဓုလမှတပါး​​ အခြား​​တိရစ္ဆာန်များ​​မှာ
ပြား​​ပြား​​ဝပ်၍ ​​နေကြသည်။ တိရစ္ဆာန်များ​​ ဝပ်ရာက ထ​​သောအခါ
ဓါတ်မီး​​စက်သည် မရှိ​​တော့​​ပြီ။

ဓါတ်မီး​​စက်ကြီး​​ ပျက်သွား​​သည်ကို မြင်ကြရ​​သောအခါ တိရစ္ဆာန်တို့​​သည်
ပြင်း​​စွာ အမျက်ထွက်ကြသဖြင့်​​ ​​ကြောက်လန့်​​ရ​​တော့​​မှန်း​​ မသိ။ ထိုမျှ​​လောက်
ယုတ်မာ​​သောအမှုကို ငုံ့​​ခံ​​နေ၍ မဖြစ်။ တမုဟုတ်တည်း​​ ထ၍ လက်စား​​​ချေကြမှ
ဖြစ်မည်။ ထို့​​​ကြောင့်​​ တိရစ္ဆာန်တို့​​သည် ​​မြေကြီး​​အက်မျှ ကြံုး​​ဝါး​​သံ​​ပေး​​ပြီး​​လျှင်
ဦး​​​အောင်ပန်း​​တို့​​ရှိရာသို့​​ တအား​​​ပြေး​​၍ တိုက်ကြသည်။ ဤအကြိမ်တွင်
တိရစ္ဆာန်တို့​​သည် ဦး​​​အောင်ပန်း​​တို့​​၏ ​​သေနတ်ကျည်ဆံကို ​​ကြောက်ရမှန်း​​
မသိကြ​​တော့​​။

​​သေချင်​​သေ ​​ကြေချင်​​ကြေ စွန့်​​၍ တိုက်ကြပြီ။ ဦး​​​အောင်ပန်း​​တို့​​ကလည်း​​
​​သေနတ်များ​​ဖြင့်​​ အရမ်း​​စွပ်၍ ပစ်ကြသည်။ တုတ်နှင့်​​ ဆီး​​၍ ရိုက်သူကလည်း​​
ရိုက်ကြသည်။ တိရစ္ဆာန်တို့​​ဖက်မှ နွား​​မတ​​ကောင် သိုး​​သုံး​​​ကောင်နှင့်​​ ငန်း​​
ဘဲနှစ်​​ကောင်​​သေသည်။ တိရစ္ဆာန်အား​​လုံး​​​လောက် ဒဏ်ရာရကြသည်။
​​နောက်ဖက်မှ​​နေ၍ အမိန့်​​​ပေး​​လျက်ရှိ​​သော ဗန္ဓုလကိုယ်တိုင်ပင် အမြီး​​ဖျား​​ကို
ကျည်ဆံရှပ်၍ မှန်သွား​​သည်။ ဦး​​​အောင်ပန်း​​တို့​​ဖက်ကလည်း​​ ဒဏ်ရာရသူ
ရကြသည်။ ဂျိုကား​​က ဂျိုနှင့်​​ခပ်၍ ခွါနှင့်​​ ​​ပေါက်သဖြင့်​​ လူသား​​သုံး​​​ယောက်
ထိပ်​​ပေါက် ​​ခေါင်း​​ကွဲဖြစ်သည်။ နွား​​​ဝှေ့​​၍ လူသား​​တ​​ယောက်
ဗိုက်​​ပေါက်သွား​​သည်။ ​​ခွေး​​နှစ်​​ကောင် ဝိုင်း​​ဆွဲ၍ လူသား​​တ​​ယောက် ပုဆိုး​​
အစိတ်စိတ်အြွမွာမြာ စုတ်သွား​​သည်။ ထို့​​​နောက် ဗန္ဓုလ၏ ကိုယ်ရံ​​တော်
​​ခွေး​​ကိုး​​​ကောင်က စည်း​​ရိုး​​အကွယ်မှပုန်း​​၍ ဦး​​​အောင်ပန်း​​တို့​​ကို ​​ဘေး​​မှပန်း​​၍
တိုက်ရန် ​​ကြောက်မက်ဖွယ် ဟိန်း​​ကြ​​ဟောင်ကြ​​သောအခါ ဦး​​​အောင်ပန်း​​တို့​​မှာ
ညှပ်ပူး​​ညှပ်ပိတ် အမိခံရ​​တော့​​မည်ဖြစ်သဖြင့်​​ အလျင်အမြန် တပ်​​ခေါက်ရန်
ကြံရ​​တော့​​သည်။ ဦး​​​အောင်ပန်း​​က ''​​ဟေ့​​။ မြန်မြန်​​ပြေး​​ကြ​​ဟေ့​​'' ဟု
​​အော်လိုက်​​သောအခါ လူသား​​တို့​​မှာ ဖ​​နောင့်​​နှင့်​​ တင်ပါး​​ တသား​​တည်း​​ကျ​​အောင်
​​ပြေး​​ကြသည်။ တိရစ္ဆာန်တို့​​ကလည်း​​ ​​နောက်မှ ဖိ၍ လိုက်ကြသည်။
လူသား​​တို့​​မှာ တပ်ပျက်၍ စည်း​​ရိုး​​​ပေါက်များ​​မှ တိုး​​ကာ ကြက်​​ပျောက်
ငှက်​​ပျောက် ​​ပျောက်ကုန်ကြသည်။

တိရစ္ဆာန်တို့​​မှာ အနိုင်ရလိုက်သည်ကား​​ မှန်ပါ၏။ သို့​​ရာတွင်
ဒဏ်ရာအနာတရနှင့်​​ ​​ခြေမသယ်နိုင် လက်မသယ်နိုင်ဖြစ်၍ ​​နေကြသည်။
ဤနည်း​​ဖြင့်​​ ​​ထော့​​နဲ့​​​ထော့​​နဲ့​​နှင့်​​ ပြန်လာကြပြီး​​လျှင် တိုက်ပွဲ၌ ကျဆုံး​​​သော
မိမိတို့​​၏ ရဲ​​ဘော်များ​​ ​​မြေကြီး​​​ပေါ်တွင် တုံး​​လုံး​​ပက်လက် လဲ​​သေ​​နေသည်ကို
မြင်ရ​​သောအခါ အချို့​​တိရစ္ဆာန်များ​​မှာ မျက်ရည်မဆည်နိုင်​​လောက်​​အောင်
ရှိကြသည်။ ဓါတ်မီး​​စက်​​နေရာသို့​​ ​​ရောက်ကြ​​သောအခါ ဝမ်း​​နည်း​​
ပက်လက်ဖြစ်ကာ တခဏတာမျှ စကား​​မ​​ပြောနိုင်ဘဲ ရှိကြသည်။ ဓါတ်မီး​​စက်မှာ
​​မြေ​​ပေါ်က အ​​ဆောက်အဦသာ ပျက်သွား​​သည် မဟုတ်။ အုတ်မြစ်အ​​ခြေ​​တောင်
အနည်း​​ငယ် ချွတ်ယွင်း​​သွား​​သည်။ သည်တခါ ဓါတ်မီး​​စက်ကို
ပြန်တည်ရမည်ဆို​​သော် မလွယ်​​တော့​​​ချေ။ ​​ကျောက်တုံး​​များ​​ ရဘို့​​လည်း​​ ခက်ပြီ။
အ​​ဆောက်အဦတွင်း​​က ​​ကျောက်တုံး​​များ​​လည်း​​ ဒိုင်း​​နမိုင်း​​ဒဏ်​​ကြောင့်​​ အ​​ဝေး​​သို့​​
လွင့်​​စင်၍သွား​​ကုန်ပြီ။ ဓါတ်မီး​​စက်ကြီး​​ တခုလုံး​​မှာ ​​နေရာမျှသာ
ကျန်​​တော့​​သည်။

ထိုအခိုက်တွင် သံ​​ကြောင်မှာ တ​​နေရာမှ ရုတ်တရက်
ထွက်​​ပေါ်လာပြီး​​လျှင် ဝမ်း​​သာရွှင်လန်း​​​သော မျက်နှာဖြင့်​​ အမြီး​​ကို
ဟိုဖက်သည်ဖက် ဝင့်​​၍ တိရစ္ဆာန်များ​​ ရှိရာသို့​​ လာသည်။ ထို့​​​နောက် ဝက်တို့​​
စံရာ အိမ်ဘက်ဆီမှ ​​သေနတ်​​ဖောက်သံကြား​​ကြရသည်။

ထိုအခါ ဂျိုကား​​က ''ဒီအသံက ဘာလဲ'' ဟု ​​မေး​​သည်။ သံ​​ကြောင်က
''ဒို့​​​အောင်ပွဲ ကျင်း​​ပတဲ့​​ အသံ​​ပေါ့​​ဟ'' ဟု ​​ပြောသည်။

ဂျိုကား​​မှာ ​​ခြေ​​ထောက်မှ ​​သွေး​​များ​​ထွက်လျက်ရှိပြီး​​လျှင် သူ့​​အသား​​ထဲ၌
ကျည်ဆန်များ​​ ဝင်၍​​နေသည့်​​ အတွက်ကလည်း​​ မချိမဆံ ခံ၍ ​​နေရသည်။
ထိုသို့​​ ​​ဝေဒနာ ခံစား​​​နေရရာမှ ''ဘာကို​​အောင်လို့​​ ဘာ​​အောင်ပွဲကျင်း​​ပရမှာလဲ''
ဟု သံ​​ကြောင်ကို ​​မေး​​သည်။ သံ​​ကြောင်က ''အခု ဒို့​​​ခြေ​​လေး​​​ချောင်း​​ကွင်း​​က
ရန်သူ​​တွေ ​​ပြေး​​ကြရပြီ မဟုတ်လား​​ဟ ဂျိုကား​​ရ။ တာဟာ ဒို့​​​အောင်တာ​​ပေါ့​​''
ဟု ​​ပြောသည်။

ထိုအခါ ဂျိုကား​​က ''​​အောင်တာ​​တော့​​ ဟုတ်ပါရဲ့​​ဟာ။ ဒါ​​ပေမယ့်​​
ဒို့​​မီး​​စက်ကြီး​​မှ မရှိ​​တော့​​ဘဲနဲ့​​'' ဟု ထပ်၍ ​​ပြောသည်။

သံ​​ကြောင်က ''တာက အ​​ရေး​​မကြီး​​ပါဘူး​​ဟာ။ ဓါတ်မီး​​စက်
ပျက်တဲ့​​အတွက်က​​တော့​​ ​​နောက်ထပ် တခုမကပါဘူး​​။ ​​ခြောက်ခု​​လောက်
ထပ်တည်ချင်လဲ တယ်နိုင်တာပါဘဲ။ အ​​ရေး​​ကြီး​​တာက ဒို့​​​ခြေ​​လေး​​​ချောင်း​​ကွင်း​​
ရန်သူ့​​လက်တွင်း​​က လွတ်သွား​​တာက အ​​ရေး​​ကြီး​​ပါတယ်။ တာဟာ
ရဲ​​ဘော်ဗန္ဓုလရဲ့​​​ခေါင်း​​​ဆောင်မှု​​ကောင်း​​လို့​​​ပေါ့​​ဟ'' ဟု​​ပြောသည်။

ဂျိုကား​​ကတဖန် ''တာဖြင့်​​ ဒို့​​ကွင်း​​ကို အခု ဒို့​​ပြန်ရပြီ​​ပေါ့​​'' ဟု ဆိုသည်။

သံ​​ကြောင်က ''တာ​​ပေါ့​​ဟ။ တာ​​ကြောင့်​​ ငါက ဒို့​​​အောင်ပြီလို့​​
​​ပြောတာ​​ပေါ့​​'' ဟု ​​ပြောသည်။

ဂျိုကား​​သည် ဓါတ်မီး​​စက်ကြီး​​ကို အုတ်မြစ်ကစ၍ တဖန် ပြန်တည်ရမည့်​​
တာဝန်ကြီး​​ကို ​​တွေး​​မိသဖြင့်​​ ရင်​​လေး​​မိသည်။ ထို့​​​နောက် သူ့​​အသက်မှာလည်း​​
၁၁နှစ် ရှိ​​နေပြီဖြစ်သဖြင့်​​ ယခင်ကကဲ့​​သို့​​ အင်အား​​မ​​ကောင်း​​​တော့​​​ကြောင်း​​ကို
​​တွေး​​မိပြီး​​ စိတ်​​လေး​​လျက်ရှိသည်။

ထို့​​​နောက် တိရစ္ဆာန်တို့​​သည် သူတို့​​၏ အစိမ်း​​​ရောင်ခံ ချိုနှင့်​​ခွါအလံကို
ထူပြီး​​လျှင် ​​အောင်ပွဲ ကျင်း​​ပကြသည်။ ထို​​အောင်ပွဲ၌ ​​သေနတ်ခုနှစ်ချက်
​​ဖေါက်ပြီး​​လျှင် ဗန္ဓုလက တိရစ္ဆာန်များ​​အား​​ ခြီး​​ကျူး​​စကား​​​ပြောသည်။ တိုက်ပွဲ၌
ကျဆုံး​​​သော တိရစ္ဆာန်များ​​ကို လှည်း​​​ပေါ်သို့​​တင်ကာ ဂျိုကား​​နှင့်​​ ခွါဖြူတို့​​က
ဆွဲပြီး​​လျှင် အခမ်း​​အနား​​ဖြင့်​​ သဂြင်္ိုဟ်ကြသည်။ မသာပို့​​ရာတွင် ဗန္ဓုလက
​​ရှေ့​​ဆုံး​​မှလိုက်သည်။ မသာကို နှစ်ရက်လုံး​​လုံး​​ထား​​သည်။ ထိုနှစ်ရက်အတွင်း​​၌
​​ဟော​​ပြောပွဲများ​​ ကျင်း​​ပ၍ သီချင်း​​များ​​ကိုလည်း​​ သီဆိုသည်။
​​သေနတ်များ​​ကိုလည်း​​ ထပ်၍ ​​ဖေါက်သည်။ အား​​လုံး​​​သောတိရစ္ဆာန်များ​​လည်း​​
ခါတိုင်း​​ထက်ပို၍ အစာရကြသည်။ ထိုတိုက်ပွဲကို ''​​အောင်လံစိမ်း​​တိုက်ပွဲ'' ဟု
​​ခေါ်ရန် ဗန္ဓုလက ​​ကြေညာသည်။ ထို​​နောက် ဗန္ဓုလသည် ''​​အောင်လံစိမ်း​​ဘွဲ့​​''
ဖန်တီး​​ပြီး​​လျှင် ထိုဘွဲ့​​ကို သူ့​​ကိုယ်သူ ပထမဆုံး​​​ပေး​​လိုက်သည်။ ​​အောင်ပွဲ
ကျင်း​​ပ၍ ​​ပျော်ရွှင်​​နေကြသဖြင့်​​ တိရစ္ဆာန်တို့​​မှာ ဦး​​​အောင်ပန်း​​က သူတို့​​အ​​ပေါ်
လိမ်သွား​​သည့်​​ ကိစ္စကို ​​မေ့​​​မေ့​​​ပျောက်​​ပျောက် ဖြစ်၍​​နေကြသည်။

ထို့​​​နောက် ရက်အနည်း​​ငယ်ကြာ​​သောအခါ ​​အေ ဝက်များ​​သည်
ဦး​​သာ​​ခေါင်အိမ် စပါး​​ပုတ်တွင်း​​မှ အရက်အိုး​​ကြီး​​တအိုး​​ ​​တွေ့​​သည်။ ထိုညတွင်
ဝက်များ​​​နေ​​သော ဦး​​သာ​​ခေါင်အိမ်မှ ဒို့​​တိရစ္ဆာန်သီချင်း​​နှင့်​​တကွ သီချင်း​​
အမျိုး​​မျိုး​​ဆိုသံကို ကြား​​ကြရသဖြင့်​​ တိရစ္ဆာန်များ​​မှာ အံ့​​အား​​သင့်​​၍ ​​နေကြသည်။
ည ၉နာရီခွဲ​​လောက်တွင် ဗန္ဓုလသည် ဦး​​သာ​​ခေါင်၏ ခ​​မောက်​​ပျော့​​ကို
​​ဆောင်း​​၍ ​​နောက်​​ဖေး​​တံခါး​​မှ ထွက်ပြီး​​လျှင် ဝင်း​​ထဲတွင် ခွါစုံ​​ပေါက်၍
​​ပြေး​​ပြီး​​​နောက် အိမ်ထဲသို့​​ ပြန်ဝင်သွား​​သည်ကို တိရစ္ဆာန်များ​​
မြင်လိုက်ကြရသည်။ မနက်မိုး​​လင်း​​​သောအခါ တအိမ်လုံး​​တိတ်၍ ​​နေပြီး​​လျှင်
ဝက်တ​​ကောင်မျှ အိပ်ရာကထသည်ကို မ​​တွေ့​​ရ။ ကိုး​​နာရီထိုး​​​လောက်တွင်မှ
သံ​​ကြောင်သည် အိပ်ရာက ထသည်။ သူ့​​ကြည့်​​ရသည်မှာ မှုန်​​တေ​​တေနှင့်​​ ဖြစ်၍
​​နေသည်။ မျက်နှာလည်း​​ မရွှင်။ အမြီး​​လည်း​​ လှုပ်​​ဖေါ်မရ။ ပြင်း​​ထန်စွာ
မမာဟန်ပင် ထင်ရသည်။ သံ​​ကြောင်သည် စိတ်မ​​ကောင်း​​ဟန်ဖြင့်​​ ဖြည်း​​ညှင်း​​စွာ
​​လျှောက်လာပြီး​​လျှင် တိရစ္ဆာန်များ​​ကို စု​​ဝေး​​​စေ၍ ရဲ​​ဘော်ဗန္ဓုလမှာ
​​သေ​​တော့​​မည်ဖြစ်​​ကြောင်း​​ ဝမ်း​​နည်း​​စွာ ​​ပြောပြသည်။

ထိုသတင်း​​ကို ကြား​​ရ​​သောအခါ တိရစ္ဆာန်များ​​မှာ များ​​စွာပူ​​ဆွေး​​
ဒုက္ခဖြစ်ကြရသည်။ ဝက်စံအိမ်အပြင်ဖက်တွင်လည်း​​ ​​ကောက်ရိုး​​များ​​ခင်း​​ကာ
​​ခြေသံမကြား​​နိုင်​​စေခြင်း​​ငှာ တိရစ္ဆာန်များ​​သည် ​​ခြေဖျား​​​ထောက်၍ သွား​​ကြသည်။
တိရစ္ဆာန်များ​​သည် မျက်ရည်စက်လက်ဖြင့်​​ ​​ခေါင်း​​​ဆောင်ကြီး​​ဗန္ဓုလ
ကွယ်လွန်ခဲ့​​သည်ရှိ​​သော် ဘယ်လိုလုပ်ကြမည်နည်း​​ဟု တ​​ကောင့်​​ တ​​ကောင်
တိုင်ပင်ကြသည်။ ထို့​​​နောက် ​​ဘော်ဖြူက ဗန္ဓုလအား​​ အစာထဲတွင်
အဆိပ်ခပ်သတ်ရန် ကြံစည်​​ကြောင်း​​ ​​ကောလဟာလသတင်း​​ ဖြစ်​​ပေါ်၍လာသည်။
၁၁ နာရီထိုး​​​သောအခါ သံ​​ကြောင်ထွက်လာပြီး​​ မည်သူမဆို အရက်​​သောက်လျှင်
​​သေဒဏ်​​ပေး​​မည်ဟု ရဲ​​ဘော်ဗန္ဓုလက မ​​သေမီ ​​နောက်ဆုံး​​အမိန့်​​
ထုတ်လိုက်​​ကြောင်း​​ တိရစ္ဆာန်များ​​အား​​ ​​ပြောပြသည်။

ည​​နေ​​စောင်း​​​သောအခါ ဗန္ဓုလမှာ သက်သာလာပုံရလာသည်။
​​နောက်​​နေ့​​မနက် ​​ရောက်​​သောအခါ ဗန္ဓုလသည် အ​​တော်ကြီး​​သက်သာလာပြီဟ
သံ​​ကြောင်က ​​ပြောပြသည်။ ထို​​နေ့​​ည​​နေတွင် ဗန္ဓုလအလုပ်ဆင်း​​၍
လုပ်နိုင်သည်။ ​​နောက်တ​​နေ့​​ နံနက်တွင် ဗန္ဓုလက ဦး​​သာရာအား​​
အရက်ချက်နည်း​​စာအုပ် အဝယ်ခိုင်း​​သည်။ ​​နောက်တနင်္ဂ​​နွေ တပတ်​​လောက်
ကြာ​​သောအခါ ယခင်က တိရစ္ဆာန်အိုများ​​အတွက် စား​​ကျက်အဖြစ်
သတ်မှတ်ထား​​​သော ​​မြေကွက်ကို ​​ကောက်ညှင်း​​စိုက်ဖို့​​အတွက် ထွန်ရမည်ဟု
ဗန္ဓုလက အမိန့်​​​ပေး​​သည်။

ထိုအချိန်​​လောက်ဆီတွင် တည၌ စပါး​​ကျီနား​​မှ ဝုန်း​​ကနဲအသံကြီး​​တစ်ခု
ကြား​​ကြရသည်။ ဘာဖြစ်သည်ဟု မည်သူမျှ မသိကြ။ ထိုအသံကြား​​ရသည့်​​
အချိန်မှာ သန်း​​​ကောင်ယံအချိန်ဖြစ်သည်။ တိရစ္ဆာန်အား​​လုံး​​လည်း​​
လန့်​​ဖြန့်​​ကုန်ကြသည်။ ထိုညမှာ လကလည်း​​ သာသည်။ သံ​​ကြောင်သည်
တရား​​ကြီး​​ ခုနှစ်ပါး​​​ရေး​​ထား​​​သော ကျီနံရံကို ​​လှေကား​​​ထောင်၍ တက်ရာ
​​လှေကား​​ ကျိုး​​ကျသဖြင့်​​ ပုံရက်သား​​ လဲလျက်ရှိသည်။ သူ့​​အနား​​တွင် မီး​​အိမ်
စုတ်တံနှင့်​​ ​​ဆေး​​ဘူး​​များ​​ရှိသည်။ ​​ခွေး​​များ​​သည် သံ​​ကြောင့်​​အား​​ ဝိုင်း​​၍
ကာထား​​ကြသည်။ သံ​​ကြောင်သည် ရုတ်တရက် သတိ​​မေ့​​သွား​​သည်။ သတိရ၍
လူး​​လဲပြီး​​ထနိုင်သည်နှင့်​​ တပြိုင်နက် ​​ခွေး​​များ​​က ဝက်များ​​​နေ​​သောအိမ်သို့​​
​​ခေါ်သွား​​ကြသည်။ သံ​​ကြောင်သည် စုတ်တံနှင့်​​ ​​ဆေး​​ခွက်ကို ယူ၍
ဘာလုပ်ရန်အကြံနှင့်​​ ကျီထရံကို တက်သည်ဟု မည်သည့်​​တိရစ္ဆာန်မှ မရိပ်မိကြ။
မ​​ဟော်တ​​ကောင်ကမူ သံ​​ကြောင်၏ အကြံကို သိသည်။ သို့​​ရာတွင် မည်သူ့​​ကိုမျှ
တစုံတရာ ဖွင့်​​ဟ၍ မ​​ပြော။

ထို​​နောက် ခုနှစ်ရက်​​လောက်ကြာ​​သောအခါ မုတ်ဆိတ်သည်
တရား​​ကြီး​​ခုနှစ်ပါး​​ကို သွား​​၍ ဖတ်ကြည့်​​သည်။ ထိုအခါ တိရစ္ဆာန်များ​​
အမှတ်မှား​​​နေ​​သောအရာ တခုကို ​​တွေ့​​ရသည်။ ယခင်က ပဥ္စမတရား​​ကြီး​​မှာ
''တိရစ္ဆာန်များ​​ အရက်မ​​သောက်ရ'' ဟူ၍ ​​ရေး​​ထား​​သည်ဟု ထင်မှတ်ခဲ့​​ရာ ယခု
သူဖတ်ကြည့်​​​သောအခါ ''တိရစ္ဆာန်များ​​ အရက်အလွန်အကျွံ မ​​သောက်ရ'' ဟု
အလွန်အကျွံ ဆို​​သော စကား​​တိုး​​​နေသည်ကို ​​တွေ့​​ရသည်။ တိရစ္ဆာန်များ​​သည်
အလွန်အကျွံဆို​​သော စကား​​ကို ဘယ်လိုများ​​ ​​မေ့​​​နေကြပါလိမ့်​​ဟု
​​အောက်​​မေ့​​မိသည်။

0 responses to “ အခန်း (၈) ”

Leave a Reply