အခန်း (၉)

ဂျိုကား​​၏ ဒဏ်ရာမှာ ရုတ်တရက် မ​​ပျောက်။ တိရစ္ဆာန်တို့​​သည်
​​အောင်ပွဲ ကျင်း​​ပပြီး​​ ​​နောက်တ​​နေ့​​တွင်ပင် ဓါတ်မီး​​စက်ကို စ၍ တည်ကသြည်။
ဂျိုကား​​သည် အနား​​တရက်မှ မယူ။ သူ၏ ဒဏ်ရာများ​​​ကြောင့်​​ နာသည်
ကျဉ်သည်ကိုပင် အများ​​မသိ​​အောင် ကြိတ်၍ ခံသည်။ အခြား​​တိရစ္ဆာန်များ​​
ကွယ်ရာကျမှသာ ဂျိုကား​​က ခွါဖြူအား​​ သူ၏ ဒဏ်ရာများ​​က နာကျဉ်​​ကြောင်း​​
​​ပြောပသြည်။ ခွါဖြူသည် သစ်ရွက်များ​​ကို ဝါး​​၍ ဂျိုကား​​၏ ဒဏ်ရာများ​​ကို
အုံ​​ပေး​​သည်။ ခွါဖြူနှင့်​​ မ​​ဟော်တို့​​က ဂျိုကား​​အား​​ အလုပ်အနည်း​​ငယ်​​လျှော့​​၍
လုပ်ဖို့​​ ​​ပြောကသြည်။ ခွါဖြူကလည်း​​ ''နွား​​ဆိုသည်မှာလည်း​​ ​​သွေး​​နှင့်​​ကိုယ်
သား​​နှင့်​​ကိုယ် ဖစြ်သဖငြ့်​​ အလုပ်ကို နည်း​​နည်း​​ ​​ရှော့​​ပါအုံး​​ ဂျိုကား​​ရယ်'' ဟု
နား​​ချသည်။ ဂျိုကား​​သည် မည်သူ့​​စကား​​ကိုမျှ နား​​မ​​ထောင်။
''ငါအသက်ကြီး​​သွား​​လို့​​ အနား​​မယူခင် ဓါတ်မီး​​စက်ကြီး​​ ​​တော်​​တော်
ပြီး​​သွား​​တာကိုဘဲ ငါမငြ်ချင်တယ်'' ဟု ဂျိုကား​​က ​​ပြောသည်။

ပထမ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​၏ အ​​ခြခေံစည်း​​မျဉ်း​​ ဥပ​​ဒမျေား​​ကို ​​ရေး​​ဆွဲစဉ်
အခါက နွား​​များ​​မှာအသက် ၁၂ နှစ် မငြ်း​​များ​​မှာ ၁၄ နှစ်။ ​​ခွေး​​များ​​မှာ ၉
နှစ်။ သိုး​​များ​​ဆိတ်များ​​မှာ ရ နှစ်။ ကကြ်များ​​ ဘဲများ​​မှာ ၅ နှစ်ရှိလျှင် ပင်စင်
ယူနိုင်​​ကြောင်း​​ ပဋ္ဌြာန်း​​ကသြည်။ ပင်စင်လစာကိုလည်း​​ လုံ​​လောက်စွာ​​ပေး​​ဖို့​​
သ​​ဘောတူကသြည်။ ထိုအချိန်အထိ ပင်စင်ရ​​သော တိရစ္ဆာန်များ​​ကား​​ မရှိ​​သေး​​။
သို့​​ရာတွင် ပင်စင်အ​​ကြောင်း​​နှင့်​​ ပတ်သက်၍ တ​​နေ့​​တခြား​​ ပို၍
​​ဆွေး​​​နွေး​​လာကသြည်။ မူလက ပင်စင်ရ​​သော တိရစ္ဆာန်များ​​အတွက်
သတ်မှတ်ထား​​​သော ​​မြကွေက်ကို အရက်ချက်ဖို့​​ ​​ကောက်ညှင်း​​စိုက်ရန်
ဆုံး​​ဖတြ်လိုက်သဖငြ့်​​ စား​​ကျက်ထဲမှ တ​​နရောကိုပင်
ပင်စင်ရ​​သောတိရစ္ဆာန်များ​​အတွက် ဝင်း​​ခတ်ကာ သတ်မှတ်​​ပေး​​လိမ့်​​မည်ဟု
သတင်း​​ထွက်၍လာသည်။ ပင်စင်ရ​​သောအခါ မငြ်း​​များ​​ နွား​​များ​​ကို တ​​နေ့​​လျှင်
စပါး​​နှစ်ပညြ် ​​ပြောင်း​​ရိုး​​ တထုံး​​နှင့်​​ ​​ကောက်ရိုး​​အလုံအ​​လောက် ​​ပေး​​လိမ့်​​မည်။
အလုပ်ပိတ်ရက်များ​​တွင် နှမ်း​​ဖတ်ပါ​​ပေး​​လိမ့်​​မည်ဟု ကြား​​ရသည်။ ​​နောက်တနှစ်
မိုး​​ကျခါနီး​​တွင် ဂျိုကား​​မှာ အသက် ၁၂ နှစ် ပညြ့်​​မည်ဖစြ်၍ ပင်စင်
သွား​​နိုင်လိမ့်​​မည်။

ထိုအ​​တောအတွင်း​​၍ တိရစ္ဆာန်များ​​မှာ အလုပ်များ​​၍ အစား​​အ​​သောက်
​​ချောင်လည်ခငြ်း​​ မရှိကြ။ ​​နေ့​​စဉ် အစာ​​ဝရော၌လည်း​​ ဝက်များ​​ ​​ခွေး​​များ​​မှတပါး​​
ကျန်တိရစ္ဆာန်များ​​ကို ​​လျှော့​​၍ ​​ဝသေည်။ အား​​လုံး​​​သော တိရစ္ဆာန်များ​​ကို
ညီတူညီမျှ အစာ​​ဝမေည်ဆိုလျှင် တိရစ္ဆာန်ဝါဒနှင့်​​ ဆန့်​​ကျင်လိမ့်​​မည်
ဖစြ်​​ကြောင်း​​နှင့်​​လည်း​​ သံ​​ကြောင်က ​​ပြောသည်။ တိရစ္ဆာန်များ​​ကို အစာ​​လျှော့​​၍
​​ဝခေငြ်း​​မှာ စင်စစ်အား​​ဖငြ့်​​ အစာရှား​​ပါး​​၍ မဟုတ်​​ကြောင်း​​ကိုလည်း​​ သံ​​ကြောင်က
အ​​ကြောင်း​​ခိုင်လုံစွာပြ၍ ​​ပြောသည်။ အခိုက်အတန့်​​အဖို့​​တွင် အစာကို ပငြ်၍
​​ဝရေခငြ်း​​သာဖစြ်သည်။ သံ​​ကြောင်က ''ပငြ်၍​​ဝရေခငြ်း​​'' ဆို​​သောစကား​​ကိုသာ
သုံး​​သည်။ ''​​လျှော့​​၍ ​​ဝရေခငြ်း​​'' ဆို​​သောစကား​​ကို မသုံး​​။
သံ​​ကြောင့်​​အလိုအား​​ဖငြ့်​​ ဦး​​သာ​​ခေါင်၏ လက်ထက်ကနှင့်​​ စာလျှင်
​​ခြေ​​လေး​​​ချောင်း​​ကွင်း​​၏ အ​​ခြအေ​​နမှော များ​​စွာတိုး​​တက်၍လာသည်။

ထို့​​​နောက် သံ​​ကြောင်က ''ရဲ​​ဘော်တို့​​ အခု ငါတို့​​ဟာ ဦး​​သာ​​ခေါင်၏
လက်ထက်ကနှင့်​​ မတူ။ စပါး​​လည်း​​ ပို၍ ထွက်သည်။ ​​ပြောင်း​​လည်း​​ပို၍
ထွက်သည်။ နှမ်း​​တို့​​​မြပေဲတို့​​လည်း​​ ပို၍ထွက်သည်။ ငါတို့​​
​​သောက်ရသည့်​​​ရလေည်း​​ ပို၍ ​​ကောင်း​​လာသည်။ ငါတို့​​သက်တမ်း​​လည်း​​
ယခင်ကထက် ပို၍ ရှည်လာသည်။ နို့​​စို့​​ တိရစ္ဆာန်အ​​သအေ​​ပျောက်လည်း​​
အများ​​ကြီး​​ ​​လျော့​​၍ သွား​​သည်။ ခင်း​​၍ အိပ်ဖို့​​ ​​ကောက်ရိုး​​များ​​လည်း​​
ပို၍ရသည်။ မှက်ခငြ်ယင် အကိုက်လည်း​​ သက်သာသွား​​သည်။
ဦး​​သာ​​ခေါင်သာရှိလျှင် ယခုလို ဘဝမျိုး​​ကို ငါတို့​​ရကမြှာ မဟုတ်ဘူး​​'' ဟု
စာရင်း​​အင်း​​များ​​ကို ဖတ်ပကြာ စာစာ စာစာနှင့်​​ ​​ပြောပသြည်။
တိရစ္ဆာန်များ​​လည်း​​ သံ​​ကြောင်​​ပြောသမျှကို တလုံး​​မကျန် ယုံကသြည်။
တိရစ္ဆာန်များ​​၏ စိတ်ထဲတွင် ဦး​​သာ​​ခေါင်နှင့်​​ ပတ်သက်သမျှ​​သော
အ​​ကြောင်း​​တို့​​ကို ​​မေ့​​၍ကုန်ကပြြီ။ ဦး​​သာ​​ခေါင်မရှိသည့်​​​နောက်တွင် အလုပ်လည်း​​
ပင်ပန်း​​။ အစား​​အ​​သောက်လည်း​​ ​​လောက်​​လောက်ငင မရှိ။ မျက်စိနှစ်လုံး​​
မှိတ်သည့်​​အခါမှတပါး​​ အလုပ်နှင့်​​ ကိုယ်နှင့်​​မပတြ်​​အောင် လုပ်​​နကေရြသဖငြ့်​​
အ​​နရေ ကပြ်တည်း​​ ကသြည်မှာ မှန်သည်။ သို့​​ရာတွင်
ဦး​​သာ​​ခေါင်လက်ထက်က ထို့​​ထက်ပင် ဆိုး​​​သေး​​သည်ဟု ယုံကသြည်။
ထိုသို့​​ယုံကသြဖငြ့်​​ စိတ်ချမ်း​​သာမှုရကသြည်။ တိရစ္ဆာန်များ​​မှာ ဦး​​သာ​​ခေါင်
ရှိစဉ်က ကျွန်အဖစြ်နှင့်​​သာ ​​နကေရြ၍ ယခုမူ လွတ်လပ်စွာ​​နကေရြသည်။
လွတ်လပ်ခငြ်း​​သည် ကျွန်အဖစြ်နှင့်​​ ​​နရေခငြ်း​​ထက်​​ကောင်း​​သည်။ ဤသို့​​
သံ​​ကြောင်က တိရစ္ဆာန်များ​​အား​​ တရား​​ပသြည်။

လွတ်လပ်ခငြ်း​​ ရပြီး​​​နောက် တိရစ္ဆာန်များ​​မှာ စား​​မည့်​​သူ
ပိုများ​​လာသည်။ ဝက်မ​​လေး​​​ကောင်ကလည်း​​ စုစု​​ပေါင်း​​ ဝက်က​​လေး​​
သုံး​​ဆယ့်​​တ​​ကောင် ​​မွေး​​သည်။ အား​​လုံး​​​သော ဝက်က​​လေး​​များ​​မှာ ဗန္ဓုလကဲ့​​သို့​​
ဝက်ကျား​​က​​လေး​​များ​​ချည်း​​ ဖစြ်သည်။ ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​တွင် ဗန္ဓုလ
တ​​ကောင်သာ ဝက်သိုး​​ရှိသဖငြ့်​​ ထိုဝက်က​​လေး​​များ​​၏ ဖခင်မှာ
မည်သူဖစြ်သည်ကိုလည်း​​ အလွယ်နှင့်​​ သိနိုင်သည်။ အုတ်နှင့်​​
ပျဉ်များ​​ရ​​သောအခါ ဝက်က​​လေး​​များ​​အတွက် ​​ကျောင်း​​​ဆောက်​​ပေး​​မည်ဟု
ဗန္ဓုလက ​​ကျညောသည်။ ​​ကျောင်း​​မ​​ဆောက်ရမီ အ​​တောအတွင်း​​၌
ဝက်က​​လေး​​များ​​အား​​ မီး​​ဖို​​ဆောင်ထဲ၌ ဗန္ဓုလကိုယ်တိုင်က စာသင်​​ပေး​​​နသေည်။
ဝက်က​​လေး​​များ​​ကို ပန်း​​ခြံထဲ၌သာကစား​​​စပြေီး​​လျှင် အခြား​​တိရစ္ဆာန်ငယ်များ​​နှင့်​​
​​ရော​​နှောခွင့်​​မပြု။ ထိုအချိန်အခါ​​လောက်တွင် လမ်း​​၌ ဝက်နှင့်​​
အခြား​​တိရစ္ဆာန်များ​​ ​​တွေ့​​ကလြျှင် အခြား​​တိရစ္ဆာန်များ​​က လမ်း​​ဖယ်​​ပေး​​ကရြမည်
ဟု အမိန့်​​ထုတ်လိုက်သည်။ ထို့​​ပငြ်တင်္နဂ​​နွေ​​နေ့​​များ​​တွင် ဝက်မှန်သမျှ အကြီး​​
အငယ် အရွယ်အလတ်မ​​ရွေး​​ အမြီး​​တွင် ဖဲကြိုး​​အစိမ်း​​ တပ်ဆင်နိုင်​​သော
အထူး​​အခွင့်​​အ​​ရေး​​ ရရှိ​​စရေမည်ဟုလည်း​​ အမိန့်​​ထုတ်ထား​​သည်။

ထိုနှစ်တွင် ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​မှာ ​​ငွစေအလုံအ​​လောက် မရှိ​​သော်လည်း​​
အ​​ခြအေ​​နမှော မဆိုး​​လှ။ ​​ကျောင်း​​​ဆောက်ဖို့​​ အုတ် င်္အဂ​​တေ ဝယ်ရန်နှင့်​​
ဓါတ်မီး​​စက်အတွက် စက်ကရိယာဝယ်ရန် စရိတ်​​ငွရေဖို့​​အတွက် ​​ချွတောနိုင်သမျှ
​​ချွတောရလိမ့်​​မည်။ ထိုမှတပါး​​ မီး​​ထွန်း​​ဖို့​​ ​​ရနေံဆီ ဖ​​ယောင်း​​တိုင် စသည်တို့​​
အတွက်လည်း​​ ​​ငွစေလိုလိမ့်​​မည်။ ဗန္ဓုလအတွက် သကြား​​လည်း​​ ဝယ်ရလိမ့်​​မည်။
(အခြား​​ဝက်များ​​မှာ သကြား​​စား​​လျှင် ဝတတ်သည် ဆို​​သော
အ​​ကြောင်း​​ပခြျက်ဖငြ့်​​ သကြား​​စား​​ခွင့်​​ မရကြ) ထို့​​ပငြ် လက်နက်ကရိယာများ​​
ထင်း​​များ​​ ကြိုး​​များ​​ သံ​​ချောင်း​​များ​​ သံတိုမယ်န စသည်များ​​ ​​နောက်ထပ်
ဝယ်ဖို့​​အတွက်လည်း​​ ​​ငွစေလိုလိမ့်​​ဦး​​မည်။ ထို့​​​ကြောင့်​​ ​​ကောက်ရိုး​​ပုံကြီး​​
တပုံကိုလည်း​​ ​​ရောင်း​​လိုက်ရသည်။ ​​နောက်ထပ် နှမ်း​​များ​​ကိုလည်း​​
​​ရောင်း​​လိုက်ရသည်။ ကကြ်ဥများ​​ကိုလည်း​​ တင်္နဂ​​နွတေပတ်လျှင် လုံး​​​ရေ
​​ခြောက်ရာအထိ တိုး​​၍ ​​ရောင်း​​ရသဖငြ့်​​ ကကြ်မများ​​မှာ ကကြ်က​​လေး​​
မ​​ဖေါက်ရ​​သော​​ကြောင့်​​ ကကြ်က​​လေး​​ အ​​ရအေတွက် ​​လျှော့​​မသွား​​ဖို့​​ပင်
ခဲယဉ်း​​လျက်ရှိသည်။ အစာ​​ဝရော၌လည်း​​ ပထမ​​လျှော့​​၍ ​​ဝပြေီး​​သား​​ကိုပင်
​​နောက်ထပ်​​လျှော့​​၍ ​​ဝပေနြ်သည်။ နွား​​ခြံ ဆိတ်ခြံ သိုး​​ခြံများ​​၌ ထွန်း​​​နကြေ
မီး​​ခွက်များ​​ကိုလည်း​​ ​​ရနေံဆီအကုန်သက်သာ​​စခေငြ်း​​ငှာ မထွန်း​​ရဟု
အမိန့်​​ထုတ်ထား​​သည်။ သို့​​ရာတွင် ဝက်များ​​မှာ စည်း​​စိမ်မပျက်ကြ။ အမှန်မှာ
ဝက်များ​​သည် ယခင်ကထက်ပင် ပို၍ ဆူဖြိုး​​​နကေသြည်။

တည​​နတွေင် တိရစ္ဆာန်များ​​သည် အလွန်သွား​​ရည်ယိုချင်စရာ​​ကောင်း​​​သော
အနံ့​​တခုကို ရကသြည်။ထိုအနံ့​​မှာ အရက်ချက်ရန် ​​ကောက်ညှင်း​​​ပေါင်း​​​သောအနံ့​​
ဖစြ်သည်။ တိရစ္ဆာန်များ​​သည် သူတို့​​ကို ​​ကျွေး​​လို​​ကျွေး​​ငြား​​
​​ကောက်ညှင်း​​​ပေါင်း​​နံ့​​ကို နှာ​​ခေါင်း​​ တပွပွနှင့်​​ အနံ့​​ခံကာ​​နကေသြည်။ သို့​​ရာတွင်
​​ကောက်ညှင်း​​​ပေါင်း​​ကို မစား​​ကရြရုံမျှမက ​​နောက်တင်္နဂ​​နွေ​​နေ့​​ကျ​​သောအခါ
​​ကောက်ညှင်း​​စပါး​​ ရှိသမျှကို ဝက်များ​​အတွက် သီး​​သန့်​​ထား​​ရမည်ဟုပင်
အမိန့်​​ထုတ်ပနြ်သည်။ ယခင်က မကြ်ခြံလုပ်ဖို့​​ ​​မြကွေက်ကိုလည်း​​
​​ကောက်ညှင်း​​ကြဲလိုက်ပြီ။ ထိုအခိုက်တွင် ဝက်များ​​မှာ ​​နေ့​​စဉ် အုန်း​​မှုတ်ခွက်နှင့်​​
တခွက်ကျ အရက်​​ဝစေုရကြ​​ကြောင်း​​ ဗန္ဓုလကိုယ်တိုင်မှာ မြူအိုး​​နှင့်​
တဝက်စာခန့်​​ရ​​ကြောင်း​​ ​​သောက်သည့်​​အခါတွင် ဖန်ချိုင့်​​နှင့်​​ထည့်​​၍
​​သောက်​​ကြောင်း​​နှင့်​​ သတင်း​​ဖစြ်​​ပေါ်လာသည်။

သို့​​ရာတွင် တိရစ္ဆာန်များ​​မှာ ယခင်ကထက် အ​​ခြအေ​​နဂေုဏ်မငြ့်​​လာသဖငြ့်​​
စား​​ရ​​သောက်ရ စိတ်ဆင်း​​ရဲရ​​သော်လည်း​​ စိတ်​​ဖြနေိုင်ကသြည်။
ပွဲလမ်း​​သဘင်လည်း​​ ယခင်ကထက် များ​​လာသည်။ ​​ဟော​​ပြောပွဲများ​​လည်း​​
ယခင်ကထက် ​​ပေါလာသည်။ စီတန်း​​လှည့်​​လည်ခငြ်း​​များ​​လည်း​​ ယခင်ကထက်
တိုး​​လာသည်။ ထို့​​​နောက် တင်္နဂ​​နွတေပတ်လျှင် တကြိမ်ကျ ​​စတေနာအင်အား​​ပပြွဲ
ကျင်း​​ပရမည်ဟု ဗန္ဓုလက အမိန့်​​ထုတ်ပနြ်သည်။ ထိုအင်အား​​ပပြွဲ ကျင်း​​ပခငြ်း​​၏
ရည်ရွယ်ချက်မှာ ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​ ဖစြ်​​ပေါ်လာ​​စရေန် ကြိုး​​ပမ်း​​ခဲ့​​မှုများ​​
​​ခြေ​​လေး​​​ချောင်း​​ကွင်း​​၏ ​​အောင်မငြ်မှုများ​​ကို ​​ပေါ်လွင်ထင်ရှား​​​စရေန်ဖစြ်သည်။
​​စတေနာအင်အား​​ပပြွဲကျုင်း​​ပသည့်​​ အခါတွင် တိရစ္ဆာန်တို့​​သည် ချိန်း​​ဆိုထား​​​သော
အချိန်တွင် မိမိတို့​​​နရောခြံမှ စစ်ချီသကဲ့​​သို့​​ စီတန်း​​ထွက်လာကရြသည်။
ဝက်များ​​က ​​ရှေ့​​ဆုံး​​က​​နကေသြည်။ သူတို့​​​နောက်မှ မငြ်း​​များ​​ မငြ်း​​များ​​​နောက်မှ
နွား​​များ​​ နွား​​များ​​​နောက်မှ သိုး​​များ​​ ဆိတ်များ​​ သိုး​​များ​​ဆိတ်များ​​​နောက်မှ
ကကြ်များ​​ဘဲများ​​က အစဉ်အတိုင်း​​ လိုက်ကရြသည်။ ဂျိုကား​​နှင့်​​ ခွါဖြူတို့​​က
''ရဲ​​ဘော်ဗန္ဓုလ သက်​​တော်ရာ​​ကျော် ရှည်ပါ​​စေ​​သော်'' ဟူ​​သော
ကဗျည်း​​ထိုး​​ထား​​သည့်​​ ဂျိုနှင့်​​ခွါအလံကြီး​​ကို တဘက်တချက်ကိုင်၍
လိုက်ကသြည်။ အင်အား​​ပပြွဲပြီး​​​သောအခါ ဗန္ဓုလ၏ ဘုန်း​​​တော်ဘွဲ့​​ကို
သီဆိုကသြည်။ ထို့​​​နောက် သံ​​ကြောင်က ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​တွင်
​​ကောက်ပဲသီး​​နှံ ယခင်ကထက် ပို၍ထွက်သည့်​​ အ​​ကြောင်း​​ကို စာရင်း​​အင်း​​များ​​
ပကြာ တရား​​​ဟောသည်။ ရံဖန်ရံခါလည်း​​ ​သနေတ်​​ဖေါက်သည်။
​​စတေနာအင်အား​​ပပြွဲကို သိုး​​များ​​က သ​​ဘောအကျဆုံး​​ဖစြ်သည်။

ဝက်များ​​ ​​ခွေး​​များ​​ မမငြ်ကွယ်ရာကျလျှင် အချို့​​​သောတိရစ္ဆာန်တို့​​က
အင်အား​​ပပြွဲလုပ်ခငြ်း​​မှာ ​​နပေူကြဲကြဲကြီး​​ထဲ၌ အလကား​​ မတ်တပ်ရပ်၍
​​နရေခငြ်း​​နှင့်​​ အချိန်ဖြုန်း​​ခငြ်း​​သာဖစြ်သည်ဟု ​​ပြောကသြည့်​​အခါတွင် သိုး​​များ​​က
''​​ခြေ​​လေး​​​ချောင်း​​​ကောင်း​​တယ် ​​ခြနှေစ်​​ချောင်း​​မ​​ကောင်း​​ဘူး​​'' ဟု ဆူညံစွာ
​​အော်၍ပစ်ကသြည်။ သို့​​ရာတွင် မည်သူက မည်ကဲ့​​သို့​​ ​​ပြောကသြည်
ဖစြ်​​စကောမူ တိရစ္ဆာန်တို့​​သည် အင်အား​​ပပြွဲကျင်း​​ပရခငြ်း​​ကို သ​​ဘောအကျကြီး​​
ကျကသြည်။ အဘယ်​​ကြောင့်​​ဆို​​သော် ထိုသို့​​ အင်အား​​ပပြွဲကျင်း​​ပရခငြ်း​​ဖငြ့်​​
မိမိတို့​​သည် သခင်မရှိသူများ​​ဖစြ်ပြီး​​လျှင် မိမိတို့​​ အလုပ်လုပ်ကရြသည်မှာ
သူတပါး​​အကျိုး​​အတွက် မဟုတ်ဘဲ မိမိတို့​​အကျိုး​​အတွက် လုပ်ရခငြ်း​​သာ
ဖစြ်သည်ကို ထင်ရှား​​​စေ​​သော​​ကြောင့်​​ဖစြ်သည်။ ဤနည်း​​ဖငြ့်​​ တိရစ္ဆာန်တို့​​မှာ
ပွဲလမ်း​​သဘင်ကညြ့်​​ရှု့​​ရခငြ်း​​ စီတန်း​​လှည့်​​လည်ရခငြ်း​​ သံ​​ကြောင်၏
စာရင်း​​အင်း​​များ​​ကို ကြား​​နာရခငြ်း​​ ​​သနေတ်​​ဖေါက်သံကြား​​ရခငြ်း​​ ဗန္ဓုလ၏
​​ရှေ့​​​တော်​​ပြေး​​ ကကြ်ဖနက်က​​လေး​​ တွန်သံကြား​​ရခငြ်း​​ အလံဝင့်​​ရခငြ်း​​
​ကြွေး​​​ကြော်သံ​​အော်ရခငြ်း​​တို့​​ဖငြ့်​​ အချိန်မအား​​ လပ်နိုင်ကြ​​သော​​ကြောင့်​​ မိမိတို့​​မှာ
ဝမ်း​​​ဟောင်း​​​လောင်း​​ဖစြ်​​နကေသြည့်​​အဖစြ်ကို သတိမရကြ။

တန်ခူး​​လတွင် ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​ကို လွတ်လပ်​​သော
သမတနိုင်ငံအဖစြ်​​ကျညောကသြည်။ ထိုအခါ သမတတင်​​မြှောက်ဖို့​​လိုလာသည်။
သမတအ​​ရွေး​​ခံမည့်​​ ​​ခြေ​​လေး​​​ချောင်း​​မှာ ဗန္ဓုလတ​​ကောင်တည်း​​ရှိသည်။
တိရစ္ဆာန်တို့​​သည် ဗန္ဓုလကို တညီတညွတ်တည်း​​ သမတတင်​​မြှောက်ကသြည်။
ဗန္ဓုလ သမတဖစြ်သည့်​​​နေ့​​တွင် ​​ဘော်ဖြူသည် ဦး​​သာ​​ခေါင်နှင့်​​​ပေါင်း​​၍
​​ခြေ​​လေး​​​ချောင်း​​ကွင်း​​ကို ကြံ​​နသေည့်​​အ​​ကြောင်း​​ အကျယ်တဝင့်​​ ​​ဖေါ်ပြ​​သော
စာတမ်း​​တခုကို ​​တွေ့​​ရပနြ်သည်။ ထိုစာတမ်း​​အရဆိုလျှင် ​​ဘော်ဖြူသည်
နွား​​တင်း​​ကုပ်တိုက်ပွဲ၌ တိရစ္ဆာန်များ​​ အ​​ရေး​​ရှံုး​​နိမ့်​​​စရေန် ပရိယာယ်ဖငြ့်​​
ကြံရုံသာမဟုတ်။ ဦး​​သာ​​ခေါင်ဖက်မှ အထင်အရှား​​ ဝင်၍ပါ​​နသေည်။
စင်စစ်ဆို​​သော် ​​ဘော်ဖြူသည် လူသား​​လက်နက်ကိုင်တပ်တို့​​၏
ဗိုလ်ချုပ်ကြီး​​ပင်ဖစြ်ပြီး​​လျှင် သူ့​​ပါး​​စပ်က ''​​ခြေ​​လေး​​​ချောင်း​​မှန်လျှင် အကုန်သတ်။
လူသား​​တို့​​က ​​အောင်ရမည်''ဟု ​ကြွေး​​​ကြော်ကာ ​​ရှေ့​​မှ​​နေ၍ တိုက်ခဲ့​​သည်။
​​ဘော်ဖြူ၏ ​​ကျောတွင် ဒဏ်ရာရသည်မှာလည်း​​ ဦး​​သာ​​ခေါင်၏
​​သနေတ်ကျည်ဆံ ထိ၍ မဟုတ်။ ဗန္ဓုလက ကိုက်လိုက်၍သာဖစြ်သည်။

​​တောကျီး​​ကန်း​​ င​​အောသည် သုံး​​​လေး​​နှစ်​​လောက် ​​ပျောက်​​နပြေီး​​မှ
​​နွေ​​ခေါင်​​ခေါင်ကြီး​​တွင် ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​သို့​​ ပနြ်၍​​ပေါ်လာသည်။
င​​အောသည် ယခင်ကကဲ့​​သို့​​ပင် ပုံပန်း​​မပျက်။ အလုပ်လည်း​​ မလုပ်။
သကာ​​တောင်အ​​ကြောင်း​​ကိုလည်း​​ ​​ပြောမြဲဆက်​​ပြောသည်။ င​​အောသည်
တိုင်ငုတ်​​ပေါ်တွင် နား​​၍ အ​​တောင်နှစ်ဖက်ကို ခတ်ပြီး​​လျှင် နှုတ်သီး​​ကို
​​ကောင်း​​ကင်သို့​​ချိန်၍ သူ့​​စကား​​ကို နား​​​ထောင်လို​​သော တိရစ္ဆာန်များ​​အား​​
နှစ်နာရီသုံး​​နာရီ မရပ်မနား​​ တရား​​​ဟောသည်မှာ ''ရဲ​​ဘော်တို့​​ ကညြ့်​​ကြ​​လော့​​။
ဟိုတိမ်ပုပ် အထက်နား​​တွင် သကာ​​တောင် ရှိသည်။ သကာ​​တောင်သည်ကား​​
ငါတို့​​ တိရစ္ဆာန်များ​​၏ ​​ဘေး​​ဒုက္ခအ​​ပေါင်း​​တို့​​ ထာဝရငြိမ်း​​ရာ ကုန်ရာ
​​အေး​​မြ​​သော ​​သောင်ကမ်း​​ပင်တည်း​​'' ဟူ၍ ဖစြ်သည်။င​​အောက သကာ​​တောင်သို့​​
သူကိုယ်တိုင်ပင် တ​​ခေါက်​​ရောက်ဖူး​​​ကြောင်း​​။ သကာ​​တောင်တွင် နှမ်း​​ဖတ် ပဲ
​​ပြောင်း​​ စသည်တို့​​ အလွန်​​ပေါ​​ကြောင်း​​။ သစ်ပင် ချံုနွယ်တို့​​တွင် နှမ်း​​ဖတ် ပဲ
​​ပြောင်း​​စသည်တို့​​သည် မစိုက်ပျိုး​​ရဘဲ ဆယ့်​​နှစ်ရာသီ အ​​လေ့​​​ပေါက်သီး​​လျက်
ရှိ​​ကြောင်း​​ကို စီကာပတ်ကုံး​​ ​​ပြောပရြာ အချို့​​​သောတိရစ္ဆာန်တို့​​က
ယုံကညြ်ကသြည်။

ဤ​​လောကကြီး​​၌ ​​နရေသည်မှာ အလုပ်လည်း​​ မအား​​​အောင်လုပ်ရ။
အစာလည်း​​ ဝ​​အောင်မစား​​ရ။ ဒုက္ခအင်မတန်ကြီး​​ဘိရကား​​ ဆင်း​​ရဲရှိလျှင်
ချမ်း​​သာရှိရမည် ဖစြ်သည့်​​အတိုင်း​​ သကာ​​တောင်ကဲ့​​သို့​​ ချမ်း​​သာ​​သော
​​နရောတခုရှိရမည်မှာ မုချဖစြ်သည်ဟုလည်း​​ င​​အောက ​​ဟောသည်။ င​​အောသည်
ထိုကဲ့​​သို့​​ ​​ဖေါက်ပနြ်​​ရေး​​တရား​​ကို အမြဲ​​ဟော​​နပေါလျှက်နှင့်​​ ဝက်တို့​​သည်
​​ခြေ​​လေး​​​ချောင်း​​ကွင်း​​၌ င​​အောကို မည်သည့်​​အတွက် လက်ခံထား​​သည်ဟု
မ​​ပြောတတ်နိုင်​​အောင်ရှိသည်။ င​​အောသည် ​​ဖေါက်ပနြ်​​ရေး​​တရား​​များ​​ကိုသာ
တွင်တွင်​​ဟော​​နသေည် မဟုတ်။ အလုပ်လည်း​​ ဘာမျှ မလုပ်။ တ​​နေ့​​ကို
အရက်တမှုတ်​​လောက်လည်း​​ မှန်မှန်​​သောက်လျှက်​​နသေည်။

ဂျိုကား​​သည် သူ့​​ဒဏ်ရာ​​ပျောက်သည်နှင့်​​ တပြိုင်နက် ယခင်ကထက်
ဆထက်တပိုး​​တိုး​​၍ အလုပ်လုပ်သည်။ စင်စစ်အား​​ဖငြ့်​​ ထိုနှစ်တွင်
အား​​လုံး​​​သောတိရစ္ဆာန်တို့​​သည် မခိုမကပ် အလုပ်ကြိုး​​စား​​၍ လုပ်ကသြည်။
တိရစ္ဆာန်တို့​​မှ မိမိတို့​​ လုပ်မြဲအလုပ်များ​​အပငြ် ဓါတ်မီး​​စက်ကိုလည်း​​
ပနြ်၍တည်ရသည်။ ဝက်က​​လေး​​များ​​အတွက် ​​ကျောင်း​​ကိုလည်း​​
​​ဆောက်ကရြသည်။ အစာကို ဝ​​အောင် မစား​​ရသည့်​​အ​​ပေါ်တွင် အလုပ်ကို
အချိန်ပို၍ လုပ်ကရြပနြ်​​သောအခါ တိရစ္ဆာန်များ​​မှာ မခံမရပ်နိုင်​​လောက်​​အောင်
ရှိကသြည်။ သို့​​ရာတွင် ဂျိုကား​​သည် ညည်း​​ညူခိုကပ်ခငြ်း​​ မရှိ။
သူ​​ပြောသံကြား​​ရခငြ်း​​ သူလုပ်ထာမငြ်ရခငြ်း​​အား​​ဖငြ့်​​ ဂျိုကား​​၌
အင်အား​​ဆုတ်ယုတ်သည့်​​ လက္ခဏာကို မ​​တွေ့​​ရ။ သို့​​ရာတွင် သူ့​​ရုပ်မှာ
အိုရုပ်အနည်း​​ငယ် ​​ပေါ်၍ လာပြီ။ သူ့​​အသား​​အ​​ရမျေား​​မှာ ယခင်က​​လောက်
ပညြ့်​​ဖြိုး​​​ပြောင်လက်ခငြ်း​​မရှိ။ တင်ပါး​​ရိုး​​များ​​လည်း​​ ​​ပေါ်စပြုလာပြီ။ ''မိုး​​ဦး​​ကျ
မကြ်နု​​တွေ ထလာလျှင် ဂျိုကား​​ကြီး​​ ဝလာမှာဘဲ'' ဟု အချို့​​တိရစ္ဆာန်များ​​က
​​ပြောကသြည်။ သို့​​ရာတွင် မိုး​​ဦး​​ကျပြီး​​လည်း​​ ဂျိုကား​​မှာ ဝဖြိုး​​လာခငြ်း​​မရှိ။
ကမ်း​​ပါး​​ယံမှ ​​ကျောက်တုံး​​ကြီး​​များ​​ကို ​​အောက်သို့​​ လိမ့်​​ကျမသွား​​​စခေငြ်း​​ငှါ
ဂျိုကား​​က နံပါး​​ဖငြ့်​​​ဖေး​​၍ ထား​​ပနြ်ပါလျှင်လည်း​​ ဂျိုကား​​မှာ စိတ်သာပါ၍
ကိုယ်မပါ​​တော့​​​ကြောင်း​​ကိုသိသာသည်။ ပင်ပင်ပန်း​​ပန်း​​ လုပ်ရသည့်​​
အခါတွင်လည်း​​ ဂျိုကား​​မှာ ''ငါပိုပြီး​​ ကြိုး​​စား​​မယ်'' ဟု အသံထွက်​​အောင်
မ​​ပြောနိုင်​​တော့​​ဘဲ နှုတ်ခမ်း​​လှုပ်ရုံသာ လှုပ်နိုင်​​တော့​​သည်။ ခွါဖြူနှင့်​​
မ​​ဟော်တို့​​က ဂျိုကား​​အား​​ ကျန်း​​မာ​​အောင် သတိထား​​ဖို့​​ ​​ပြောကပြနြ်​​သော်လည်း​​
ဂျိုကား​​သည် သူတို့​​နှစ်​​ကောင်၏ စကား​​ကို မနာယူ။ ဂျိုကား​​စိတ်ထဲ၌
သူအသက်ကြီး​​၍ ပင်စင်မယူခင် ​​ကျောက်တုံး​​များ​​ကို စုပုံ​​ပေး​​ခဲ့​​ရလျှင်​​တော်ပြီ။
သည့်​​ပငြ် ဘာဖစြ်ဖစြ်ဟု သ​​ဘောထား​​သည်။

​​နွရောသီတ​​နေ့​​​သော ည​​နခေင်း​​တွင် ဂျိုကား​​အတွက် စိုး​​ရိမ်စရာသတင်း​​
ထွက်​​ပေါ်လာသည်။ ထိုသတင်း​​မှာ သတင်း​​မှန်ဖစြ်၍​​နသေည်။ ဂျိုကား​​သည်
ဓါတ်မီး​​စက်အတွက် ​​ကျောက်တုံး​​များ​​သွား​​၍ သယ်​​နစေဉ် အား​​ပတြ်၍
လဲသွား​​သည်။ ထိုအ​​ကြောင်း​​ကို ခိုနှစ်​​ကောင်က အမနြ်ပျံလာပြီး​​ တိရစ္ဆာန်များ​​ကို
​​ပြောပသြည်။ ဂျိုကား​​မှာ လဲသည့်​​ ​​နရောတွင် တုံး​​လုံး​​ကြီး​​ဖစြ်၍ ​​နသေည်။

ထိုသတင်း​​ကို ကြား​​ရ​​သောအခါ တိရစ္ဆာန် ထက်ဝက်​​ကျော်​​ကျော်​​လောက်
ဂျိုကား​​ရှိရာသို့​​ ​​ပြေး​​၍ ကညြ့်​​ကသြည်။ ဂျိုကား​​မှာ ထမ်း​​ပိုး​​ရုန်း​​ယင်း​​
စင်း​​စင်း​​ကြီး​​လဲ၍ ​​နသေည်။ ​​ခေါင်း​​လည်း​​ မ​​ထောင်နိုင်။ မျက်စိများ​​လည်း​​
ပြာ​​နသေည်။ ​​ချွေး​​​တွလေည်း​​ ရွှဲ၍ ​​နသေည်။ ပါး​​စပ်ထဲမှလည်း​​
​​သွေး​​များ​​ထွက်​​နသေည်။ ထိုအခါ ခွါဖြူသည် ဂျိုကား​​နား​​သို့​​ဝပ်ပြီး​​လျှင်
''ဂျိုကား​​​ရေ ဘာဖစြ်သလဲ။ ဘယ်လို​​နသေလဲ'' ဟု​​မေး​​သည်။ ဂျိုကား​​က
''ကိစ္စမရှိပါဘူး​​။ ငါအ​​မောလွန်သွား​​လို့​​ဖစြ်တာပါ။ အခု​​တော့​​ ဓါတ်မီး​​စက်အတွက်
​​ကျောက်တုံး​​​တွေ ​​တော်​​တော်များ​​များ​​ စုမိပြီး​​လို့​​ ငါမရှိလဲ ကိစ္စမရှိ​​တော့​​ဘူး​​
ထင်ပါရဲ့​​။ ခွါဖြူ​​ရေ အမှန်​​ပြောရမယ်ဆိုယင် ငါလဲ​​နောက်တလ​​လောက်ကြာရင်
ပင်စင်ယူ​​တော့​​မှာဘဲ။ မ​​ဟော်တ​​ကောင်လဲ ငါ့​​လိုဘဲ အသက်ကြီး​​ပြီ။ သူလဲ ငါနဲ့​
အတူတူဘဲ ပင်စင်ယူလိမ့်​​မယ် ထင်တယ်။ ငါနဲ့​​​တော့​​ အ​​ဖေါ်ရမှာဘဲ''
ဟု​​ပြောသည်။ ခွါဖြူက ''ဟဲ့​​ လာကစြမ်း​​ပါဟဲ့​​။ သံ​​ကြောင်ကို အကျိုး​​အ​​ကြောင်း​​
သွား​​​ပြောကစြမ်း​​ပါ'' ဟု ဆိုသည်။

ခွါဖြူ၏ စကား​​ကို ကြား​​​သောအခါ တိရစ္ဆာန်များ​​သည် အကုန်လုံး​​​ပြေး​​၍
သံ​​ကြောင်ကို သွား​​​ပြောကသြည်။ ဂျိုကား​​အနား​​၌ ခွါဖြူနှင့်​​ မ​​ဟော်
နှစ်​​ကောင်သာ ကျန်ရစ်သည်။ မ​​ဟော်က ဘာစကား​​မျှမ​​ပြောဘဲ ဂျိုကား​​၏
အပါး​​တွင် ဝပ်၍ ဂျိုကား​​အား​​ သူ့​​အမြီး​​နှင့်​​ ယင်များ​​ကို ​​ချောက်​​ပေး​​သည်။
တဆယ့်​​ငါး​​မိနစ်ခန့်​​ကြာ​​သောအခါ သံ​​ကြောင်သည် စိုး​​ရိမ်ပူပန်​​သောမျက်နှာနှင့်​​
​​ပေါက်၍ လာသည်။ သံ​​ကြောင်က ရဲ​​ဘော်ဗန္ဓုလဟာ ဂျိုကား​​ခုလိုဖစြ်သည့်​​
သတင်း​​ကိုကြား​​ရလို့​​ အင်မတန် စိတ်မချမ်း​​သာ ဖစြ်ပါတယ်။ ဂျိုကား​​လို
အလုပ်ကို ကြိုး​​စား​​ပြီး​​ လုပ်တဲ့​​ တိရစ္ဆာန်အလုပ်သမား​​ဟာလဲ ရှာမှရှား​​တယ်
လို့​​လဲ ​​ပြောပါတယ်။ တာ​​ကြောင့်​​ ဂျိုကား​​ကို ရွာသစ်ကြီး​​​ဆေး​​ရုံကို ပို့​​ဖို့​​လဲ
စီမံပြီး​​ပါပြီ'' ဟု​​ပြောသည်။ ဂျိုကား​​အား​​ လူသား​​တို့​​၏ ​​ဆေး​​ရုံသို့​​
ပို့​​မည့်​​အ​​ကြောင်း​​ကို ကြား​​ကရြ​​သောအခါ တိရစ္ဆာန်များ​​ စိတ်မ​​ကောင်း​​ကြ။
မယ်သီနှင့်​​ ​​ဘော်ဖြူနှစ်​​ကောင်ကလွဲ၍ ဘယ်တိရစ္ဆာန်မျှ ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​က
ခွါမသွား​​ဘူး​​ကသြဖငြ့်​​ ယခု ဂျိုကား​​အား​​ ​​ဆေး​​ကုရန် အလို့​​ငှာ လူသား​​တို့​​
​​ဆေး​​ရုံပို့​​မည် ဆိုခငြ်း​​ကို ဘယ်တိရစ္ဆာန်မျှ သ​​ဘောမကျကြ။ ထိုအ​​ကြောင်း​​ကို
သံ​​ကြောင်က သိသဖငြ့်​​ တိရစ္ဆာန်များ​​အား​​ စိတ်မပူဖို့​​ ​​ပြောပြီး​​လျှင် ဂျိုကား​​ကို
ကိုယ့်​​ဟာကိုယ် ကုခငြ်း​​ထက် ရွာသစ်ကြီး​​​ဆေး​​ရုံသို့​​ ပို့​​ခငြ်း​​က ​​ကောင်း​​​ကြောင်း​​
​​ပြောပသြဖငြ့်​​ တိရစ္ဆာန်တို့​​ ​​ကျနေပ်ကသြည်။ နာရီဝက်​​လောက်ကြာ​​သောအခါ
ဂျိုကား​​မှာ အနည်း​​ငယ် သက်သာလာသဖငြ့်​​ ကြိုး​​စား​​ကာ သူ့​​​နရောသို့​​သူ
ယိုင်တိုင်ယိုင်တိုင်နှင့်​​ သွား​​သည်။ ခွါဖြူနှင့်​​ မ​​ဟော်တို့​​က ဂျိုကား​​အိပ်ရန်
​​ကောက်ရိုး​​များ​​ ခင်း​​​ပေး​​ကသြည်။

ဂျိုကား​​သည် ​​နောက်နှစ်ရက်တွင် သူ့​​ခြံထဲမှာပင်​​နသေည်။ ဝက်များ​​က
ဦး​​သာ​​ခေါင်၏ အိမ်ခန်း​​တွင်း​​မှ​​တွေ့​​​သော ​​ဆေး​​နီမှုန့်​​ပုလင်း​​တလုံး​​ကိုယူ၍
ဂျိုကား​​ထံသို့​​ ပို့​​လိုက်သည်။ ခွါဖြူက ထို​​ဆေး​​ကို ဂျိုကား​​အား​​
အစာစား​​အပြီး​​တွင် တ​​နေ့​​နှစ်ကြိမ်တိုက်သည်။ ည​​နညေ​​နတွေင် ခွါဖြူက
ဂျိုကား​​အနား​​သို့​​ လာ၍ စကား​​စမြီ​​ပြောကာ ​​နသေည်။ မ​​ဟော်က သူ့​​အမြီး​​နှင့်​​
ယင်​​ကောင်များ​​ကို ​​ချောက်၍ ​​ပေး​​သည်။ ဂျိုကား​​က သူ အား​​ပတြ်၍
မကျန်း​​မမာ ဖစြ်ရခငြ်း​​အတွက် ဝမ်း​​မနည်း​​​ကြောင်း​​ ​​ပြောပပြြီး​​လျှင် အကယ်၍
သူပနြ်ပြီး​​ ကျန်း​​မာလာမည်ဆိုလျှင် ​​နောက်သုံး​​နှစ်​​လောက် ​​နရေလိမ့်​​ဦး​​မည်ဖစြ်၍
ပင်စင်ယူကာ သီး​​သန့်​​ထား​​​သော မကြ်ခင်း​​၌ ​​အေး​​ချမ်း​​စွာ​​နဖေို့​​
အာသီသရှိ​​ကြောင်း​​ကိုလည်း​​ ​​ပြောပသြည်။ အကယ်၍ ဂျိုကား​​သည် ကျန်း​​မာ၍
ပင်စင်ယူကာ ​​အေး​​​အေး​​သာသာ ​​နရေပါမည်ဆိုလျှင် သူ့​​တသက်တွင် ပထမဆုံး​​
အနား​​ယူရခငြ်း​​ ဖစြ်သဖငြ့်​​ စာ​​ပကေို ​​ကောင်း​​စွာ​​လေ့​​လာလို​​သော ဆန္ဒရှိသည်။
''ငါမ​​သခေင် အတွင်း​​သင်ပုန်း​​ကြီး​​ ကုန်​​အောင် သင်သွား​​ချင်​​သေး​​တယ်''
ဟုလည်း​​ ဂျိုကား​​က ​​ပြောသည်။

ခွါဖြူနှင့်​​ မ​​ဟော်တို့​​မှာ ​​နေ့​​ခင်း​​ ​​နေ့​​ခင်း​​တွင် အလုပ်လုပ်​​နကေရြသဖငြ့်​​
ည​​နညေ​​နမှောသာ ဂျိုကား​​အနား​​၌ ​​နနေိုင်ကသြည်။ တ​​နေ့​​ မွန်း​​တည့်​​အချိန်တွင်
တိရစ္ဆာန်များ​​သည် ဝက်များ​​၏ အစီအမံကိုခံ၍ အလုပ်လုပ်​​နကေစြဉ် ဂျိုကား​​ကို
ရွာသစ်ကြီး​​ ​​ဆေး​​ရုံသို့​​ တင်သွား​​ရန် ​​ဘေး​​က အလုံကာထား​​​သော
​​မော်​​တော်ကား​​ကြီး​​တစီး​​ ​​ရောက်လာသည်။ ထိုအခိုက်တွင် မ​​ဟော်သည်
သံကုန်ဟစ်၍ ​​အော်ပြီး​​လျှင် ခွါစုံ​​ပေါက်၍ တိရစ္ဆာန်များ​​ အလုပ်လုပ်​​နရောသို့​​
​​ပြေး​​လာသည်။ မ​​ဟော်သည် ဘယ်​​တော့​​မျှ ကျယ်​​လောင်စွာလည်း​​ မ​​အော်ဘူး​​။
ခွါစုံ ​​ပေါက်၍လည်း​​ မ​​ပြေး​​ဘူး​​သဖငြ့်​​ တိရစ္ဆာန်များ​​မှာ အံ့​​အား​​သင့်​​၍
​​နကေသြည်။ မ​​ဟော်က ''ရဲ​​ဘော်တို့​​ မနြ်မနြ်လာကြ။ မနြ်မနြ်လာကြ။ ဂျိုကား​​ကို
​​ခေါ်သွား​​​တော့​​မလို့​​။ မနြ်မနြ်လာကြ'' ဟု ​​ပြောသည်။ တိရစ္ဆာန်များ​​လည်း​​
မ​​ဟော်​​ခေါ်သံကြား​​သည်နှင့်​​ တပြိုင်နက် ဝက်တို့​​ထံမှ အခွင့်​​မ​​တောင်း​​ဘဲ
အလုပ်ခွင်ကထွက်၍ ဝက်တို့​​​နေ​​သောအိမ်ဖက်ဆီသို့​​ အတင်း​​​ပြေး​​၍
သွား​​ကသြည်။ ​​ရောက်​​သောအခါ မ​​ဟော်​​ပြောသည့်​​အတိုင်း​​ ဂျိုကား​​ကို
တင်၍​​ခေါ်သွား​​ဖို့​​ ​​ဘေး​​က အလုံပိတ်ထား​​​သော ​​မော်​​တော်ကား​​ကြီး​​ကို
​​တွေ့​​ကသြည်။ ဂျိုကား​​လည်း​​ သူ့​​ခြံထဲမှာ မရှိ​​တော့​​။

တိရစ္ဆာန်တို့​​သည် ​​မော်​​တော်ကား​​ကြီး​​ ​​ဘေး​​က ဝိုင်း​​၍ ''ဂျိုကား​​​ရေ
သွား​​​ပေ​​တော့​​။ ဂျိုကား​​​ရေ သွား​​​ပေ​​တော့​​'' ဟု နှုတ်ဆက်ကသြည်။
ထိုအခိုက်တွင် မ​​ဟော်သည် ​​မော်​​တော်ကား​​ကြီး​​ကို အ​​သအေချာကညြ့်​​၍
​​မြကြေီး​​ကို ခွါနှင့်​​​ပေါက်ပြီး​​လျှင် ''​​မော်​​တော်ကား​​​ဘေး​​က စာကို ​​သေ​​သချောချာ
ဖတ်ကစြမ်း​​ပါဦး​​ဟ'' ဟု​​ပြောသည်။ ထိုအခါ တိရစ္ဆာန်တို့​​သည် ငြိမ်၍
သွား​​ပြီး​​လျှင် စာကို ဖတ်ကသြည်။ မုတ်ဆိတ်က စာလုံး​​များ​​ကို
တလုံး​​ချင်း​​​ပေါင်း​​၍ ဖတ်​​နေ​​သောအခါ မ​​ဟော်က တွန်း​​၍ ပစ်ပြီး​​လျှင်
''ရွာသစ်ကြီး​​ သား​​သတ်ကုမ္ပဏီ သား​​​ရနှေင့်​​ အမဲရိုး​​​ရောင်း​​သူများ​​'' ဟု
​​ရေး​​ထား​​​သောစာကို တိရစ္ဆာန်များ​​ အား​​ဖတ်ပသြည်။ တိရစ္ဆာန်များ​​လည်း​​ ''ဟာ
တခါဖငြ့်​​ အကျိုး​​နဲကုန်ပြီ'' ဟု ​​အော်ကသြည်။ ထိုအခိုက်တွင်
​​မော်​​တော်ကား​​ကြီး​​လည်း​​ စက်နှိုး​​၍ ထွက်သွား​​သည်။ တိရစ္ဆာန်တို့​​သည်
​​မော်​​တော်ကား​​ကြီး​​​နောက် ဝိုင်း​​၍ လိုက်ကသြည်။ ခွါဖြူက ​​ရှေ့​​ဆုံး​​က ​​ပြေး​​၍
လိုက်ပြီး​​လျှင် ''ဂျိုကား​​​ရေ ​​ဟေ့​​ ဂျိုကား​​ ဂျိုကား​​​ရေ ခုန်ချ ခုန်ချ'' ဟု
အသံကုန်ဟစ်၍ ​​ပြောသည်။ ဂျိုကား​​လည်း​​ ခွါဖြူ၏ ​​အော်သံကို
ကြား​​သည့်​​ဟန်ဖငြ့်​​ ​​နောက်ဖက် ပြူတင်း​​​ပေါက်က​​လေး​​မှ ​​ခေါင်း​​ပြူ၍
ကညြ့်​​သည်။

တိရစ္ဆာန်တို့​​ကလည်း​​ ''ဂျိုကား​​​ရေ ခုန်ချ ခုန်ချ'' ဟု သံပြိုင် ဝိုင်း​​၍
​​အော်ကသြည်။ ​​မော်​​တော်ကား​​လည်း​​ အရှိန်ပငြ်း​​၍ လာပြီ။ ဂျိုကား​​သည်
တိရစ္ဆာန်များ​​ ​​အော်​​ပြောသည်ကို သဲကွဲစွာ ကြား​​မှ ကြား​​ပါ​​လစေ။ ထို​​နောက်
ခဏကြာ​​သောအခါ ပြူတင်း​​​ပေါက်က​​လေး​​မှ ဂျိုကား​​​ခေါင်း​​ ကွယ်သွား​​သည်။
ထို​​နောက် ​​မော်​​တော်ကား​​အတွင်း​​မှ ဗျုန်း​​ဗျုန်း​​ ဒိုင်း​​ဒိုင်း​​ အသံကြား​​ရသည်။
ဂျိုကား​​သည် ​​မော်​​တော်ကား​​နံရံကို ခွါနှင့်​​​ပေါက် ချိုနှင့်​​​ဝှေ့​​၍ ​​နသေည်။
ဂျိုကား​​သည် ယခင်ကကဲ့​​သို့​​သာ ကျန်း​​မာပျိုရွယ်သည် ဖစြ်ပါမူ
​​မော်​​တော်ကား​​နံရံများ​​မှာ ​​ကြမွေ၍ သွား​​ရာသည်။ သို့​​ရာတွင် ဂျိုကား​​မှာ
အသက်ကလည်း​​ကြီး​​ မာကလည်း​​ မမာသဖငြ့်​​ လွတ်ရန် ကြိုး​​စား​​​သော်လည်း​​
အချည်း​​နှီး​​သာ ဖစြ်သည်။ ​​နောက်ဆုံး​​တွင် ဂျိုကား​​မှာ အား​​ပတြ်၍
​​မော်​​တော်ကား​​ထဲ၌ လဲကျသွား​​သည်။ တိရစ္ဆာန်တို့​​သည် အား​​မ​​လျှော့​​ကြ​​သေး​​ဘဲ
​​မော်​​တော်ကား​​​နောက်က ​​ပြေး​​၍ လိုက်ကသြည်။ သို့​​ရာတွင် ​​မော်​​တော်ကား​​
အရှိန်ပငြ်း​​လာ​​သောအခါ ကျန်ရစ်ခဲ့​​ကသြည်။ ထိုအခါသည် တိရစ္ဆာန်တို့​​က
ဂျိုကား​​ကို ​​နောက်ဆုံး​​ မငြ်ကရြ​​သော အခါတည်း​​။

​​နောက်သုံး​​ရက်ကြာ​​သောအခါ သံ​​ကြောင်က တိရစ္ဆာန်များ​​အား​​
''ဂျိုကား​​ကို ဆရာ​​ကောင်း​​ သမား​​​ကောင်း​​များ​​နှင့်​​ ကုပါတယ်။ တာ​​ပမေဲ့​​
ဘယ်လိုမှ ကု၍ မရဘဲ ယခု ဂျိုကား​​ဟာ ရွာသစ်ကြီး​​​ဆေး​​ရုံမှာ အနိစ္စ
​​ရောက်ရှာပါပြီ။ ဂျိုကား​​​သသေည့်​​ အချိန်တွင် ငါကိုယ်တိုင် သူ့​​အနား​​မှာ
ရှိပါတယ်'' ဟု​​ပြောပသြည်။ ထို​​နောက်သံ​​ကြောင်က ဆက်၍ ''ဂျိုကား​​
​​သခေါနီး​​မှာသွား​​တဲ့​​စကား​​များ​​ဟာ အင်မတန်​​ကြကွေဲစရာ​​ကောင်း​​ပါတယ်။ ငါလဲ
သူအသက်ထွက်တဲ့​​ အချိန်အထိ သူ့​​အနား​​မှာ ရှိပါတယ်။ ဂျိုကား​​က
ဓါတ်မီး​​စက် မပြီး​​ခင် သူ​​သရေတဲ့​​အတွက်ဘဲ ဝမ်း​​နည်း​​ပါတယ်တဲ့​​။ ပြီး​​​တော့​​
ကျန်ရစ်ခဲ့​​တဲ့​​ ရဲ​​ဘော်များ​​ကိုလဲ ​​ခြေ​​လေး​​​ချောင်း​​ ​​တော်လှန်​​ရေး​​ကြီး​​ရဲ့​​ မျက်နှာကို
​​ထောက်ပြီး​​ အစစကို ကြိုး​​စား​​လုပ်ကဖြို့​​ ​​ပြောလိုက်ပါတဲ့​​။ ပြီး​​​တော့​​ သူ့​​ပါး​​စပ်က
မ​​ပြောနိုင် ​​ပြောနိုင်နဲ့​​ ​​ပြောသွား​​ပါ​​သေး​​တယ်။ ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​ဟာလဲ ကမ္ဘာ
အဓွန့်​​ရှည်ပါ​​စတေဲ့​​။ ရဲ​​ဘော်ဗန္ဓုလလဲ သက်​​တော်ရာ​​ကျော် ရှည်ပါ​​စတေဲ့​​။
ပြီး​​​တော့​​ ​​နောက်ဆုံး​​ ​​ပြောသွား​​တဲ့​​စကား​​က​​တော့​​ ဗန္ဓုလဟာ မမှား​​နိုင်တဲ့​​
​​ခေါင်း​​​ဆောင်ဖစြ်တယ်ဆိုတဲ့​​ စကား​​ပါဘဲ'' ဟု​​ပြောပြီး​​လျှင် မျက်ရည်များ​​ကို
​​ရှေ့​​လက်ဖငြ့်​​ သုတ်ကာ​​နသေည်။

ထို့​​​နောက် သံ​​ကြောင်သည် မျက်နှာထား​​​ပြောင်း​​၍ ခဏ စကား​​မ​​ပြောဘဲ
​​နပြေီး​​ မယုံင်္သကာရှိသည့်​​ ဟန်ဖငြ့်​​ ဟိုဟိုဒီဒီ စူး​​စိုက်ကညြ့်​​သည်။ ပြီး​​မှ
''ဟို​​နေ့​​က ဂျိုကား​​ကို ​​ခေါ်သွား​​တုန်း​​က တချို့​​ ​​ခြေ​​လေး​​​ချောင်း​​​တွကေ ဂျိုကား​​ကို
သား​​သတ် ကုမ္ပဏီက ​​မော်​​တော်ကား​​နဲ့​​ သတ်ဖို့​​ ​​ခေါ်သွား​​တယ်​​လေး​​ ဘာ​​လေး​​နဲ့​​
​​ပြောကတြယ်။ ဒီစကား​​ဟာ သက်သက်မဲ့​​လုပ်ကြံပြီး​​ ​​ပြောတဲ့​​စကား​​ပါ။
​​ခြေ​​လေး​​​ချောင်း​​ထဲမှာ ဒီလိုယုတ်ယုတ်မာမာ ​​ပြောတတ်မဲ့​​အ​​ကောင် မရှိဘူး​​လို့​​
ထင်မိတယ်။ လက်စသတ်​​တော့​​ ဒို့​​​ခြေ​​လေး​​​ချောင်း​​ထဲမှာလဲ လူသား​​​တွလေို
ယုတ်မာတဲ့​​အ​​ကောင်​​တွေ ရှိတာကို။ တကယ်ဆိုရင် ဒီလို​​ပြောချင်အုံး​​​တော့​​
ဒို့​​​ခေါင်း​​​ဆောင်ကြီး​​ ရဲ​​ဘော်ဗန္ဓုလရဲ့​​ မျက်နှာကို ​​ထောက်ဖို့​​ ​​ကောင်း​​တယ်။
ဂျိုကား​​ကိုတင်သွား​​တဲ့​​ ​​မော်​​တော်ကား​​ကြီး​​​ဘေး​​က သား​​သတ်ကုမ္ပဏီ
ဆိုတဲ့​​စာပါတာ တခြား​​​ကြောင့်​​ မဟုတ်ပါဘူး​​။ ဒီ​​မော်​​တော်ကား​​ဟာ
အစတုန်း​​က​​တော့​​ သား​​သတ်ကုမ္ပဏီပိုင်တဲ့​​ ​​မော်​​တော်ကား​​ပါဘဲ။ ​​နောက်ကို
​​ဆေး​​ရုံကို လှူလိုက်​​တော့​​ အရင်က သား​​သတ်ကုမ္ပဏီဆိုတဲ့​​ စာကို
မဖျက်ရ​​သေး​​လို့​​ သား​​သတ်ကုမ္ပဏီက ကား​​လို့​​ ထင်စရာဖစြ်​​နတောပါ။
တကယ်ဆို​​တော့​​ ​​ဆေး​​ရုံကား​​ပါ။ ကိုင်း​​ရဲ​​ဘော်တို့​​ ရှင်း​​ပြီ မဟုတ်လား​​'' ဟု
​​ဒေါနှင့်​​ ​​မောနှင့်​​​ပြောပသြည်။ တိရစ္ဆာန်တို့​​လည်း​​ သံ​​ကြောင်၏စကား​​ကို
ကြား​​ရသဖငြ့်​​ စိတ်သက်သာရာရကသြည်။ ထို​​နောက် သံ​​ကြောင်က
ဂျိုကား​​​သခေါနီး​​ ​​ဆေး​​ရုံသို့​​ သူ​​ရောက်သွား​​ပုံ ဂျိုကား​​ကို ဆရာဝန်နှင့်​​
ဆရာမများ​​က ယုယုယယ ပြုစုကုသကပြုံ စရိတ်စကကို ပမာဏ မထား​​ဘဲ
အဖိုး​​ထိုက် အဖိုး​​တန်​​ဆေး​​များ​​ဖငြ့်​​ ဂျိုကား​​ကို ကု​​စဖေို့​​ ဗန္ဓုလက စီမံပုံများ​​ကို
ကွက်ကွက်ကွင်း​​ကွင်း​​ မငြ်​​လောက်​​အောင် ထပ်၍ ​​ပြောပြ​​သောအခါ
တိရစ္ဆာန်တို့​​၏ စိတ်ထဲတွင် ''ဪ တာ​​လောက်​​တောင် ဂရုတစိုက် ကုလို့​​မှ
မရ​​တော့​​လည်း​​ ဘယ်တတ်နိုင်​​တော့​​မလဲ။ သူကံ​​ပေါ့​​'' ဟု ​​အောက်​​မေ့​​ကာ
အပူသိမ်း​​ကရြသည်။

​​နောက်တင်္နဂ​​နွမေနက် အစည်း​​အ​​ဝေး​​တွင် ဗန္ဓုလကိုယ်တိုင် လာပြီး​​လျှင်
ဂျိုကား​​ကို ခြီး​​ကျူး​​စကား​​ ​​ပြောသည်မှာ ''ရဲ​​ဘော်တို့​​ သွား​​​လသေူ သင်တို့​​၏
ရဲ​​ဘော်ဂျိုကား​​၏ ရုပ်အ​​လောင်း​​ကို ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​သို့​​ ယူ၍
မသဂငြ်္ိုလ်နိုင်သဖငြ့်​​ ငါ အင်မတန်ဝမ်း​​နည်း​​ပါတယ်။ သို့​​​သော် သူ​​သတေဲ့​​
​​နရောမှာဘဲ သိုက်သိုက်မြိုက်မြိုက် သဂငြ်္ိုလ်နိုင်​​အောင်လို့​​ ဒို့​​ကွင်း​​က ထွက်တဲ့​​
ပန်း​​များ​​ဖငြ့်​​ မွမ်း​​မံအပ်တဲ့​​ လွမ်း​​သူ့​​ပန်း​​​ခွကေိုလဲ ငါကိုယ်တိုင်ကပြ်မပြီး​​
အပို့​​လွှတ်လိုက်ပါတယ်။ ပြီး​​​တော့​​ ​​နောက်နှစ်ရက် သုံး​​ရက်​​နရေင် ဂျိုကား​​ကို
ဂုဏ်ပြုရန်အတွက် ဝက်များ​​က ထမင်း​​စား​​ပွဲကြီး​​ ကျင်း​​ပပါလိမ့်​​မယ်။
​​နောက်ဆုံး​​ပိတ် ရဲ​​ဘော်တို့​​ကို မှာချင်တာက​​တော့​​ ဂျိုကား​​ရဲ့​​
လက်သုံး​​ကြွေး​​​ကြော်သံ နှစ်ခုကို မ​​မေ့​​ကဖြို့​​ပါဘဲ။ ဂျိုကား​​ရဲ့​​ ​ကြွေး​​​ကြော်သံ
နှစ်ခုဟာ ''ငါအလုပ်ပို ကြိုး​​စား​​မယ်'' ဆိုတာနဲ့​​ ''ရဲ​​ဘော်ဗန္ဓုလက ဘယ်​​တော့​​မှ
မမှား​​ဘူး​​'' ဆိုတာပါဘဲ။ အဲတာကို ရဲ​​ဘော်တို့​​ မ​​မေ့​​ကပြါနှင့်​​'' ဟု ​​ပြောသည်။

ဝက်များ​​သည် ထမင်း​​စား​​ပွဲကြီး​​ ကျင်း​​ပမည့်​​​နေ့​​တွင် ရွာသစ်ကြီး​​
ကုန်စုံဆိုင်မှ အထဲတွင် ပုလင်း​​များ​​ပါ​​သော ထင်း​​ရူး​​​သတ္တောကြီး​​တစ်လုံး​​
​​ရောက်လာသည်။ ထိုညတွင် ဝက်များ​​​နေ​​သောအိမ်​​ပေါ်မှ ဖန်ခွက်သံ တချွင်ချွင်
ကြား​​ရပြီး​​လျှင် ​​အော်ကြ ဟစ်ကသြည့်​​အသံ သီချင်း​​ဆိုကသြည့်​​အသံများ​​ကို
ကြား​​ရသည်။ သန်​​ကောင်​​လောက်ထိ​​အောင် ဖန်ခွက်သံများ​​ မစဲဖစြ်သည်။
​​နောက်​​နေ့​​တွင် မွန်း​​တည့်​​ချိန်အထိ ဝက်များ​​​နေ​​သော အိမ်မှ မည်သူမျှ အိပ်ရာက
မထကြ။ ထို​​နောက် ဝက်များ​​သည် တနည်း​​နည်း​​နှင့်​​ ပိုက်ဆံရပြီး​​ အရက်များ​​
ဝယ်၍ ​​သောက်ကသြည်ဟု ​​ကောလဟာလ​​ပြောကသြည်။

0 responses to “ အခန်း (၉) ”

Leave a Reply