အခန်း (၅)

​​ဆောင်း​​ ဝင်လာ​​သောအခါ မယ်သီသည် တ​​နေ့​​တခြား​​ မူမမှန်​​သော
အခြင်း​​အရာကိုပြသည်။ မနက်တိုင်း​​လည်း​​ အလုပ်​​နောက်ကျသည်။
အိပ်​​ပျော်​​နေလို့​​ပါဟု သူက ဆင်​​ခြေ​​ပေး​​သည်။ ပြီး​​​တော့​​ ဟိုကနာသလို
သည်ကနာသလိုလည်း​​ ​​ပြော​​သေး​​သည်။ သို့​​ရာတွင် မယ်သီသည်
အစား​​အ​​သောက်လုံး​​ဝမပျက်။ မယ်သီသည် အ​​ကြောင်း​​အမျိုး​​မျိုး​​ရှာ၍
အလုပ်မလုပ်ဘဲ ​​နေပြီး​​လျှင် ကန်စပ်သို့​​ သွား​​ကာ ​​ရေထဲ၌ သူ့​​အရိပ်ကို
တကြည့်​​ထဲကြည့်​​ပြီး​​ သူ့​​ကိုယ်သူ တသထဲသ​​နေသည်။ ထို့​​ပြင် မယ်သီ၏
အပြုအမူနှင့်​​ပတ်သက်၍ ထို့​​ထက် အ​​ရေး​​ကြီး​​​သော အ​​ကြောင်း​​များ​​ကိုလည်း​​
​​ကောလဟာလ ​​ပြောကြသည်။ တ​​နေ့​​တွင် မယ်သီသည် ပါး​​စပ်က
​​ပြောင်း​​ရိုး​​တ​​ချောင်း​​ကို ဝါး​​၍ အမြီး​​ကို ဟန်တများ​​များ​​နှင့်​​ ​​ဝှေ့​​​ဝှေ့​​ပြီး​​
ဝင်လာသည်။ ထိုအခါ ခွါဖြူက မယ်သီအား​​ အနား​​သို့​​ လက်တို့​​၍ ​​ခေါ်ပြီး​​လျှင်
''​​ဟေ့​​မယ်သီ​​ရေ ညီး​​ အ​​ကြောင်း​​ငါကြား​​တယ်​​နော်။ ညီး​​လုပ်ပုံကိုင်ပုံဟာ
မဟုတ်ဘူး​​။ မနက်ကလဲ စည်း​​ရိုး​​​ကျော်ပြီး​​ ညီး​​ဟာ ဦး​​​ပေါက်​​ကျော်တို့​​
ကွင်း​​ဖက်ကို တကြည့်​​ကြည့်​​နဲ့​​လုပ်​​နေတာ ငါမြင်တယ်။ ပြီး​​​တော့​​ဟိုဖက်မှာလဲ
ဦး​​​ပေါက်​​ကျော်ရဲ့​​ တပည့်​​တ​​ယောက် ရပ်​​နေတာငါ​​တွေ့​​တယ်။ ဒီတုန်း​​က ငါက
ခပ်လှမ်း​​လှမ်း​​ကမို့​​ ​​သေ​​သေချာချာ​​တော့​​ မမြင်လိုက်ရဘူး​​။ တာ​​ပေမဲ့​​
ငါထင်တယ်။ အဲဒီလူနဲ့​​ ညီး​​ စကား​​​ပြော​​နေတယ် မဟုတ်လား​​။ သူက​​တောင်မှ
ညီ့​​​ကျောကို သပ်​​ပေး​​​နေ​​သေး​​တယ်​​လေ။ အဲဒါ ဘယ်လိုသ​​ဘောလဲ​​အေ့​​။
ငါ့​​ကို​​ပြောစမ်း​​ပါအုံး​​'' ဟု တိုး​​တိုး​​တိတ်တိတ် ​​မေး​​သည်။ ထိုအခါ မယ်သီက
စိတ်ဆိုး​​​လေဟန်ဖြင့်​​ ''အမယ်​​လေး​​ မဟုတ်ရပါဘူး​​​တော်။ ဘုရား​​​ပေး​​​ပေး​​
ကျမ်း​​​ပေး​​​ပေး​​ ငါ ဘယ်လူနဲ့​​မှ စကား​​မ​​ပြောရပါဘူး​​​တော်။ မခွါဖြူ ​​တော်ဟာ
စကား​​​ပြောယင် သတိထား​​​ပြောပါ။ သူများ​​ကို မဟုတ်မတရား​​ မ​​ပြောချင်ပါနှင့်​​''
ဟု ဆိုကာ ​​မြေကြီး​​ကို ခွါနှင့်​​​ပေါက်​​နေသည်။

သည်​​တော့​​ ခွါဖြူက''​​ဟေ့​​ မယ်သီ ငါ့​​မျက်နှာကို ကြည့်​​​ပြောစမ်း​​ပါ​​အေ့​​။
ညီး​​ ဟိုလူနဲ့​​ စကား​​မ​​ပြောရဘူး​​။ ဟိုလူကလဲ ညီ့​​​ကျောကို လက်နဲ့​​
သပ်မ​​ပေး​​ဘူး​​ဆိုတာ ညီး​​ ဘဝဆက်တိုင်း​​တိုင်း​​ တိရစ္ဆာန်မဖြစ်ရဘဲရှိ'' ဟု
အကျိန်ခိုင်း​​သည်။ မယ်သီက ''အမယ် ဟုတ်မှ မဟုတ်တာဘဲနဲ့​​ ဘာလို့​​
ကျိန်ရမှာလဲ'' ဟု ​​ပြောပြီး​​လျှင် လယ်ထဲသို့​​ ခွါစုံ​​ပေါက်၍ ထွက်သွား​​သည်။

ထိုအခါ ခွါဖြူက အကြံရသဖြင့်​​ ဘယ်သူ့​​မှ မ​​ပြောဘဲ မယ်သီ၏
​​ဇောင်း​​သို့​​ သွား​​၍ ကြည့်​​သည်။ ခွါဖြူက ​​ကောက်ရိုး​​များ​​ကို ခွါနှင့်​​ ယက်၍
ဟိုလှန်သည်လှန်လှန်​​လှောရှာ​​သောအခါ ထန်း​​လျက် ​​လေး​​ငါး​​​ခြောက်လုံး​​နှင့်​​
​​ရောင်စုံဖဲကြိုး​​ဖြင့်​​ ချည်ထား​​​သော ​​ကြေး​​ခ​​လောက်ခ​​လေး​​များ​​ နှစ်ခုသုံး​​ခု
​​တွေ့​​သည်။

​​နောက်သုံး​​ရက်​​လောက် ကြာ​​သောအခါ မယ်သီ​​ပျောက်၍သွား​​သည်။
တလ နှစ်လ သူ့​​သတင်း​​ကို ဘာမျှ မကြား​​ရ။ ထို့​​​နောက် မယ်သီကို
ရွာသစ်ကြီး​​ဖက်၌ ​​တွေ့​​ခဲ့​​​ကြောင်း​​နှင့်​​ ခိုများ​​က အစီရင်ခံကြသည်။ ခိုများ​​၏
အစီအရင်ခံစာအရ မယ်သီမှာ ချမ်း​​သာ​​သော လူသား​​တဦး​​၏
​​ဒေါက်ကတ်ရထား​​ကို ဆွဲ​​နေ​​ကြောင်း​​။ သူ့​​အ​​မွေး​​များ​​ကိုလည်း​​ မကြာခင်က
စက်ကတ်​​ကျေး​​ထိုး​​ထား​​​ကြောင်း​​။ သူ့​​လည်ပင်း​​၌လည်း​​ ဖဲကြိုး​​ဖြင့်​​
​​ကြေး​​ခ​​လောက်ခ​​လေး​​ ဆွဲထား​​​ကြောင်း​​။ မယ်သီမှာ အင်မတန်သ​​ဘောကျ​​နေပုံ
ရ​​ကြောင်း​​။ သူ့​​သခင်လူသား​​ကလည်း​​ ​​ကျောကိုသပ်၍ ထန်း​​လျက်
​​ကျွေး​​​နေ​​ကြောင်း​​ သိကြရသည်။ ထိုအခါကစ၍ မယ်သီ၏အ​​ကြောင်း​​ကို
ဘယ်တိရစ္ဆာန်ကမျှ စကား​​ထဲ ထဲ့​​၍ မ​​ပြောကြ​​တော့​​။

ထို့​​​နောက် ရာသီဥတု ပူပြင်း​​လာ​​သောအခါ ​​ရေရှား​​၍လာသည်။
​​မြေပြင်တခုလုံး​​ မီး​​အုံး​​ထား​​​သော သံပြား​​ကဲ့​​သို့​​ ပူသည်။ တိရစ္ဆာန်တို့​​သည်
မိမိတို့​​ ​​ရှေ့​​​ရေး​​ပြဿနာကို ​​ဖြေဖြတ်ရန် အကြိမ်ကြိမ် စည်း​​​ဝေး​​ကြသည်။
အစည်း​​​ဝေး​​တိုင်း​​တွင် ဝက်များ​​က စီမံကိန်း​​များ​​တင်ပြကြသည်။ ဝက်များ​​မှာ
အခြား​​​သော တိရစ္ဆာန်တို့​​ထက်ကပို၍ ဉာဏ်ပညာ ရှိသူများ​​ ဖြစ်သဖြင့်​​
စီမံကိန်း​​ဝါဒ​​ရေး​​ဆွဲဖို့​​ အလုပ်တွင် သူတို့​​ကိုသာ တာဝန်လွှဲ၍ ​​ခေါင်း​​​ဆောင်
ခန့်​​ကြရသည်။

တိရစ္ဆာန်တို့​​မှာ အစည်း​​အ​​ဝေး​​ကြီး​​၌ မကြိုက်တာကို ပယ်ချနိုင်ခွင့်​​
ကြိုက်တာကို အတည်ပြုနိုင်ခွင့်​​ ရှိ​​သော်လည်း​​ အစစ အရာရာတွင် ဝက်များ​​
စီမံသည်ကိုသာ လိုက်နာကြရသည်။ ဤသို့​​လျှင် ဝက်များ​​က စီမံ၍ တိရစ္ဆာန်
အစည်း​​အ​​ဝေး​​ကြီး​​က ပယ်ချခြင်း​​ အတည်ပြုခြင်း​​ ပြုနိုင်​​သောစနစ်မှာ
အ​​တော်ဟန်​​နေ​​သော်လည်း​​ ဗန္ဓုလနှင့်​​ ​​ဘော်ဖြူတို့​​ တ​​ကောင်နှင့်​​ တ​​ကောင်
အမြဲသ​​ဘောကွဲ​​နေကြသဖြင့်​​ ထိုစံနစ်ကို ဆက်လက် အသုံး​​မပြုနိုင်ဘဲရှိသည်။
ဗန္ဓုလနှင့်​​ ​​ဘော်ဖြူမှာ တ​​ကောင်နှင့်​​တ​​ကောင် တချက်မျှ
သ​​ဘောတိုက်ဆိုင်ခြင်း​​မရှိ။ တ​​ကောင်က သည်နှစ် စပါး​​များ​​များ​​ စိုက်ဖို့​​
​​ပြောလျှင် တ​​ကောင်က နှမ်း​​များ​​များ​​ကြဲဖို့​​ ​​ပြောသည်။ တ​​ကောင်က သည်​​မြေမှာ
​​ပြောင်း​​ကြဲဖို့​​ ​​ကောင်း​​သည်ဆိုလျှင် တ​​ကောင်က ​​မြေပဲစိုက်မှ ​​ကောင်း​​မည်
​​ပြောသည်။ တ​​ကောင်နှင့်​​တ​​ကောင် သူ့​​​နောက်လိုက်များ​​နှင့်​​ သူ​​နေကြသည်။
အစည်း​​အ​​ဝေး​​များ​​၌လည်း​​ တ​​ကောင်နှင့်​​ တ​​ကောင် အပြင်း​​အထန်
အတိုက်အခံလုပ်ကြသည်။ ​​ဘော်ဖြူမှာ စကား​​​ပြော​​ကောင်း​​သဖြင့်​​
အစည်း​​အ​​ဝေး​​များ​​၌ မဲခွဲရာတွင် သူ့​​ဘက်ကချည်း​​ အနိုင်ရသည်။ ဗန္ဓုလမှာ
စကား​​​ပြောမ​​ကောင်း​​​သော်လည်း​​ တ​​ကောင်ချင်း​​ တ​​ကောင်ချင်း​​ကြိတ်၍
သူ့​​ဘက်သို့​​ပါ​​အောင် အဆွယ်​​ကောင်း​​သည်။ အထူး​​သဖြင့်​​ အစဉ်း​​စား​​ဉာဏ်
နည်း​​​သော သိုး​​များ​​မှာ ဗန္ဓုလကို သ​​ဘောကျကြသည်။

သိုး​​များ​​မှာ အ​​ကြောင်း​​သင့်​​သည် မသင့်​​သည် မ​​ရွေး​​ဘဲ ''​​ခြေ​​လေး​​​ချောင်း​​
​​ကောင်း​​တယ်။ ​​ခြေနှစ်​​ချောင်း​​ မ​​ကောင်း​​ဘူး​​'' ဆို​​သော ​​ဆောင်ပုဒ်ကို တ​​အော်ထဲ
​​အော်၍ ​​နေကြသည်။ အစည်း​​အ​​ဝေး​​လုပ်​​နေစဉ်လည်း​​ ထို​​ဆောင်ပုဒ်ကို ​​အော်၍
​​နှောင့်​​ယှက်တတ်သည်။ ​​ဘော်ဖြူက အစည်း​​အ​​ဝေး​​၌ အ​​ရေး​​ကြီး​​​သော စကား​​ကို
​​ပြောသည့်​​အခါတိုင်း​​ သိုး​​များ​​က ''​​ခြေ​​လေး​​​ချောင်း​​ ​​ကောင်း​​တယ်။ ​​ခြေနှစ်​​ချောင်း​​
မ​​ကောင်း​​ဘူး​​'' ဟု ​​အော်ကြသည်။ ​​ဘော်ဖြူသည် လယ်ယာစိုက်ပျိုး​​​ရေး​​
မဂ္ဂဇင်း​​အ​​ဟောင်း​​များ​​ကို ရှာဖတ်ပြီး​​လျှင် ​​ကောက်ပဲသီး​​နှံ ပို၍ ထွက်​​အောင်
အမြဲကြံစည် စိတ်ကူး​​လျက်ရှိသည်။ ​​မြေဩဇာဓါတ်များ​​ အ​​ကြောင်း​​နှင့်​​
ပတ်သက်၍လည်း​​ ​​ဘော်ဖြူ အများ​​ကြီး​​ ​​လေ့​​လာထား​​သည်။ အား​​လုံး​​​သော
တိရစ္ဆာန်များ​​ကိုလည်း​​ ကျင်ကြီး​​စွန့်​​သည့်​​အခါ ​​တွေ့​​ကရာ​​နေရာတွင်
အရမ်း​​မစွန့်​​ကြဘဲနှင့်​​ လယ်ထဲယာထဲသို့​​ သွား​​၍ တ​​နေ့​​ တ​​နေရာကျ ​​ပြောင်း​​၍
​​ပြောင်း​​၍ စည်း​​ကမ်း​​တကျ စွန့်​​ကြရန် ​​ပြောသည်။ ထိုသို့​​ စီစဉ်ခြင်း​​အား​​ဖြင့်​​
​​နောက်​​ချေး​​သယ်ရသည့်​​ အလုပ် သက်သာနိုင်​​ကြောင်း​​ကို ​​ပြောပြသည်။
ဗန္ဓုလမှာ သူကိုယ်တိုင်လည်း​​ ဘာစီမံကိန်း​​မှ မထုတ်။ ​​ဘော်ဖြူ၏
စီမံကိန်း​​များ​​သည်လည်း​​ ပျက်ကုန်မှာချည်း​​ဘဲဟု ​​ပြောသည်။ သို့​​ရာတွင်
သူ့​​ကိုကြည့်​​ရသည်မှာ အကြံတခုခုနှင့်​​ အခွင့်​​အခါကိုသာ ​​စောင့်​​​နေပုံရသည်။
တ​​နေ့​​တွင် ​​ဘော်ဖြူက တကွင်း​​လုံး​​ထိန်​​နေ​​အောင် မီး​​ထွန်း​​နိုင်ရန်
ဓါတ်မီး​​စက်တည်ဖို့​​ အကြံ​​ပေး​​သည်။ ထိုအခါ ဗန္ဓုလက အပြင်း​​အထန်
ကန့်​​ကွက်သည်။

​​ဘော်ဖြူသည် ကုန်း​​ခတ်ကျကျ ​​နေရာတခုကို ​​ရွေး​​၍ ထို​​နေရာ၌
ဓါတ်မီး​​စက်တခုတည်လျှင် သင့်​​မည်ဟု​​ပြောသည်။ ထို​​နေရာကို အ​​သေအချာ
တိုင်း​​ထွာ ကြည့်​​ရှုပြီး​​​နောက် ထို​​နေရာ၌သာ ဓါတ်မီး​​စက်တည်လိုက်ရလျှင်
တကွင်း​​လုံး​​ ဓါတ်မီး​​ထိန်ထိန်နှင့်​​​နေနိုင်ပြီး​​လျှင် ​​ပြောင်း​​ရိုး​​စဉ်း​​စက် စပါး​​​လှေ့​​စက်
နို့​​ညှစ်စက်များ​​ပါ ဆင်၍ရမည်ဟု ​​ပြောသည်။ တိရစ္ဓာန်များ​​မှာ
စက်အ​​ကြောင်း​​ကို ဘာမျှ နား​​မလည်ကြ။ ​​ဘော်ဖြူက ဓါတ်မီး​​စက်ပြီး​​သည်နှင့်​​
တပြိုင်နက် အလုပ်လုပ်ဖို့​​ စက်အမျိုး​​မျိုး​​ တပ်ဆင်ထား​​နိုင်မည် ဖြစ်၍
တိရစ္ဆာန်များ​​မှာ အား​​လပ်ချိန်ပို၍ ရကြပြီး​​လျှင် ပညာသင်ချိန် အပျင်း​​​ပြေ
စကား​​စမြီ​​ပြောချိန် ​​ဆွေး​​​နွေး​​ချိန် ပို၍ ရကြမည်ဟု လွမ်း​​​လောက်​​အောင်
​​ပြောပြသည်။

​​နောက်တလ ကြာ​​သောအခါ ဓါတ်မီး​​စက်တည်ရန်အတွက် စီမံကိန်း​​များ​​
အပြည့်​​အစုံ ​​ရေး​​ဆွဲပြီး​​သည်။ ​​ဘော်ဖြူသည် ဦး​​သာ​​ခေါင်ဆီမှ ကျန်ရစ်ခဲ့​​​သော
အိမ်ကိစ္စအဝဝလုပ်နည်း​​ စာအုပ် ပန်း​​ရန်လုပ်နည်း​​ စာအုပ် လျှပ်စစ်ဓါတ်ပညာ
အ​​ခြေခံစာအုပ်များ​​ကို အမြဲ​​လေ့​​လာပြီး​​လျှင် ယခင်က ကြက်ခြံလုပ်ထား​​​သော
တင်း​​ကုပ်ကို အလုပ်ရုံအဖြစ် အသုံး​​ပြုသည်။ အဆိုပါ တင်း​​ကုပ်ထဲတွင်
သစ်သား​​ စား​​ပွဲခုံ​​ဟောင်း​​ကြီး​​တခု​​တွေ့​​သဖြင့်​​ စီမံကိန်း​​ စံနစ်ပုံစံများ​​ ဆွဲဖို့​​
အတွက်လည်း​​ နတ်တို့​​ဖန် ​​ရေကန်အသင့်​​ကြာအသင့်​​ ဖြစ်လျက်ရှိသည်။
​​ဘော်ဖြူသည် စာအုပ်များ​​ကိုဖွင့်​​၍ ​​ကျောက်ခဲနှင့်​​ ဖိထား​​ပြီး​​လျှင်
လက်နှစ်ဖက်ကြား​​တွင် ​​မြေဖြူ​​တောင့်​​ကို ကိုင်၍ ဟိုဖက်သည်ဖက်​​ရွှေ့​​ကာ
မျဉ်း​​​ကြောင်း​​များ​​​ရေး​​ဆွဲကာ ပုံစံထုတ်ပြီး​​လျှင် ပါး​​စပ်ကလည်း​​
အလွန်​​ကြေနပ်​​နေ​​လေဟန်ဖြင့်​​ တတွတ်တွတ် စကား​​​ပြောလျက်ရှိသည်။
တဖြည်း​​ဖြည်း​​ခြင်း​​နှင့်​​ တင်း​​ကုပ်အတွင်း​​က ​​မြေပြင်မှာ ​​ဘော်ဖြူဆွဲထား​​​သော
ဝန်ရိုး​​များ​​ ​​ခွေး​​သွား​​စိတ်ဘီး​​ပုံများ​​ဖြင့်​​ ပြည့်​​၍ ​​နေသည်။
အခြား​​တိရစ္ဆာန်များ​​လည်း​​ ဝိုင်း​​၍ ကြည့်​​ပြီး​​လျှင် နား​​မလည်​​သော်လည်း​​
သိပ်​​နေရာကျတာပဲဟု ထင်ကြသည်။

တိရစ္ဆာန်အား​​လုံး​​တို့​​သည် အနည်း​​ဆုံး​​ တ​​နေ့​​လျှင် တကြိမ်ကျ
​​ဘော်ဖြူ၏ စက်ပုံစံကို လာ၍ ကြည့်​​ကြသည်။ အမှုမဲ့​​ အမှတ်မဲ့​​ ​​နေ​​လေ့​​ရှိ​​သော
ကြက်များ​​ ဘဲများ​​ပင်လျှင် လာ၍ မကြည့်​​ဘဲ မ​​နေနိုင်ကြ။
လာကြည့်​​ကြ​​သောအခါ၌ မ​​တော်တဆ တက်မနင်း​​မိ​​စေရန်လည်း​​
အထူး​​သတိထား​​ကြသည်။ ဗန္ဓုလမှာ အစကနဦး​​ကပင် ဓါတ်မီး​​စက်
တည်ဖို့​​အကြံကို သ​​ဘောမကျသဖြင့်​​ ​​ဘော်ဖြူ၏ စက်ပုံစံကို တခါမျှ လာ၍
မကြည့်​​ဘဲ ​​ရှောင်၍ ​​နေသည်။ တ​​နေ့​​တွင် ​​ဘော်ဖြူ၏ စက်ပုံစံကို ဗန္ဓုလက
ရုတ်တရက် လာ၍ ကြည့်​​သည်။ ဗန္ဓုလသည် တင်း​​ကုပ်​​ဘေး​​ပတ်ချာ လှည့်​​၍
ကြည့်​​ပြီး​​လျှင် စက်ပုံစံကိုလည်း​​ ​​သေ​​သေချာချာ စုံ​​စေ့​​​အောင်ကြည့်​​သည်
ထို့​​​နောက်တခါနှစ်ခါ​​လောက် အနံခံကြည့်​​ပြီး​​​သော် အ​​တော်ကြာကြာ
မျက်​​စောင်း​​ထိုး​​၍ ​​နေပြီး​​လျှင် ဘာမ​​ပြောညာမ​​ပြော ​​ခြေတ​​ချောင်း​​ကို ​​မြှောက်ကာ
​​သေး​​နှင့်​​ပန်း​​ပစ်သည်။ ထို့​​​နောက် ဘာမှမ​​ပြောဘဲ ထွက်သွား​​သည်။

ဓါတ်မီး​​စက်တည်ဖို့​​ကိစ္စနှင့်​​ ပတ်သက်၍ တိရစ္ဆာန်များ​​ အကြီး​​အကျယ်
သ​​ဘောကွဲလျက်ရှိကြသည်။ ထိုကိစ္စမှာ လွယ်​​သောကိစ္စ မဟုတ်သည့်​​
အ​​ကြောင်း​​ကိုလည်း​​ ​​ဘော်ဖြူက ဝန်ခံသည်။ အုတ်တို့​​ အင်္ဂ​​တေတို့​​ ရဖို့​​လည်း​​
မလွယ်။ ဒိုင်နမိုစက်တို့​​ ​​ကြေး​​နန်း​​ကြိုး​​တို့​​ ရဖို့​​လည်း​​ မလွယ်။ လိုအပ်​​သော
ပစ္စည်း​​များ​​ကို ဘယ်နည်း​​နှင့်​​ ရနိုင်မည်ဟုလည်း​​ ​​ဘော်ဖြူက ဖွင့်​​၍ မ​​ပြော။
တနှစ်အတွင်း​​ လိုသမျှ ပြည့်​​စုံနိုင်လိမ့်​​မည်ဟုသာ ​​ပြောသည်။
​​ဘော်ဖြူအဆိုအား​​ဖြင့်​​ ဓါတ်မီး​​စက်တည်ဖို့​​ အလုပ်မှာ ခက်​​သောအလုပ်
မှန်​​သော်လည်း​​ တည်ပြီး​​​သောအခါ တိရစ္ဆာန်များ​​မှာ အား​​လပ်ခွင့်​​
အများ​​ကြီး​​ရနိုင်ကြမည် ဖြစ်သဖြင့်​​ တနင်္ဂ​​နွေ တပတ်လျှင် သုံး​​ရက်ထက်ပို၍
အလုပ်လုပ်ဖို့​​ လိုမည်မဟုတ်ဖြစ်သည်။

ဗန္ဓုလ၏ သ​​ဘောအရမှာ ​​လော​​လောဆယ်အဖို့​​တွင် ဓါတ်မီး​​စက်
တည်ဖို့​​ထက် ​​ကောက်ပဲသီး​​နှံ ပို၍ ထွက်​​အောင် လုပ်ဖို့​​က အ​​ရေး​​ကြီး​​သည်။
ဓါတ်မီး​​စက်တည်​​နေရ၍ ​​ကောက်ပဲသီး​​နှံ ပိုထွက်​​အောင် လုပ်ချိန်မရလျှင်
အား​​လုံး​​ ငတ်၍ ​​သေကုန်မည်။ ဤနည်း​​ဖြင့်​​ တိရစ္ဆာန်များ​​မှာ ​​ဘော်ဖြူ၏
အကြံကို ကြိုက်​​သော တိရစ္ဆာန်များ​​က တဖက် ဗန္ဓုလ၏ အကြံကို ကြိုက်​​သော
တိရစ္ဆာန်များ​​က တဖက် နှစ်ဂိုဏ်း​​ကွဲ​​နေကြသည်။ ​​ဘော်ဖြူအကြံကို ကြိုက်​​သော
တိရစ္ဆာန်များ​​က ''ဓါတ်မီး​​စက်တည်၍ တပတ်သုံး​​ရက်သာ အလုပ်လုပ်ချင်လျှင်
​​ဘော်ဖြူကို မဲ​​ပေး​​ပါ'' ဟု ​​အော်ကြသည်။ ဗန္ဓုလဘက်သား​​များ​​ကလည်း​​
''စား​​ခွက်ထဲ အစာအပြည့်​​ ရှိ​​စေလိုလျှင် ဗန္ဓုလကို မဲ​​ပေး​​ပါ'' ဟု ​​အော်ကြသည်။
မ​​ဟော်တ​​ကောင်မှာ ​​ဘော်ဖြူဘက်လည်း​​ မပါ။ ဗန္ဓုလဘက်လည်း​​မပါ။
သူ့​​သ​​ဘောအရမှာ ဓါတ်မီး​​စက် တည်ပြီး​​လျှင် အလုပ်သက်သာမည်
ဆိုသည်ကိုလည်း​​ မယုံ။ အစား​​အ​​သောက် ပိုလျှံလာလိမ့်​​မည် ဆိုသည်ကိုလည်း​​
မယုံ။ ဓါတ်မီး​​စက်ရှိသည်ဖြစ်​​စေ မရှိသည်ဖြစ်​​စေ ​​လောကကြီး​​သည်
ဘယ်တုန်း​​ကမှ မ​​ကောင်း​​ခဲ့​​သည့်​​အတိုင်း​​ ​​နောက်ကိုလည်း​​ ဘယ်​​တော့​​မှ
​​ကောင်း​​မည်မဟုတ်။ ဤကား​​ မ​​ဟော်၏ ယုံကြည်ချက်တည်း​​။

ဓါတ်မီး​​စက်တည်ဖို့​​ကိစ္စနှင့်​​ ပတ်သက်၍ ဓန္ဓုလနှင့်​​ ​​ဘော်ဖြူတို့​​
အချင်း​​များ​​ကြခြင်း​​ ကိစ္စမှတပါး​​ ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​ကို ကာကွယ်ဖို့​​
ပြဿနာလည်း​​ ရှိ​​သေး​​သည်။ လူသား​​တို့​​မှာ နွား​​တင်း​​ကုပ်တိုက်ပွဲတွင်
အ​​ရေး​​နိမ့်​​သွား​​​သော်လည်း​​ ​​နောက်တဖန် ထပ်၍ ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​ကို
ရ​​အောင်တိုက်ပြီး​​လျှင်ဦး​​သာ​​ခေါင်ကို ပြန်၍ ထား​​ကြလိမ့်​​မည့်​​ အဖြစ်ကိုလည်း​​
အား​​လုံး​​​သော တိရစ္ဆာန်တို့​​ သ​​ဘော​​ပေါက်ကြသည်။ လူသား​​များ​​
အ​​ရေး​​နိမ့်​​သွား​​သည့်​​ သတင်း​​မှာ တ​​ယောက်စကား​​ တ​​ယောက်နား​​နှင့်​​
ပတ်ဝန်း​​ကျင်တဝိုက်က အကုန်လုံး​​သိသွား​​သဖြင့်​​ အနီး​​အနား​​က တိရစ္ဆာန်များ​​မှာ
တလှုပ်လှုပ်တရွရွဖြစ်၍ ​​နေကြသည်။ လူသား​​များ​​က ​​နောက်တကြိမ်လာ၍
တိုက်ကြဦး​​မည်မှာ ​​သေချာသည်။

ဤကိစ္စနှင့်​​ပတ်သက်၍လည်း​​ ဗန္ဓုလနှင့်​​ ​​ဘော်ဖြူတို့​​မှာ သ​​ဘောချင်း​​
မတိုက်ဆိုင်ကြ။ ဗန္ဓုလ၏ သ​​ဘောအရဆိုလျှင် အား​​လုံး​​​သော တိရစ္ဆာန်တို့​​သည်
လက်နက်များ​​စု​​ဆောင်း​​၍ လက်နက်များ​​ကို ကိုင်တတ်​​အောင် သင်ကြား​​ကြရမည်။
​​ဘော်ဖြူ၏ သ​​ဘောအရဆိုလျှင် ခိုများ​​ကို ​​စေလွှတ်၍ အခြား​​ကွင်း​​များ​​က
တိရစ္ဆာန်များ​​ကို ​​တော်လှန်ကြ​​အောင် လှံု​​ဆော်၍ ​​ပေး​​ရမည်။ ဗန္ဓုလက
ကိုယ့်​​ဟာကိုယ်မှ မကာကွယ်နိုင်လျှင် လူသား​​များ​​က အ​​ရေး​​သာလိမ့်​​မည်ဟု
​​ပြောသည်။ ​​ဘော်ဖြူကမူ ​​နေရာတကာတိုင်း​​၌ ​​တော်လှန်​​ရေး​​​တွေဖြစ်​​ပေါ်လာလျှင်
ကိုယ့်​​ဟာကိုယ် ကာကွယ်ဖို့​​ မလို​​တော့​​ဟု ​​ပြောသည်။ တိရစ္ဆာန်တို့​​သည်
ဗန္ဓုလ​​ပြောသည်ကို ပထမကြား​​ရပြီး​​​နောက် ​​ဘော်ဖြူ​​ပြောသည်ကို ဒုတိယ
ကြား​​ကြရသည်။ ဘယ်သူ​​ပြောတာမှန်သည်ဟု မဆုံး​​ဖြတ်နိုင်ကြ။
ဗန္ဓုလ​​ပြောသည်ကို ကြား​​​နေတုန်း​​တွင် ဗန္ဓုလ​​ပြောတာမှန်သည်ဟု ထင်၍
​​ဘော်ဖြူ​​ပြောသည်ကို ကြား​​ရ​​သောအခါ ​​ဘော်ဖြူ​​ပြောတာ မှန်သည်ဟု
ထင်ကြသည်။

​​နောက်ဆုံး​​တွင် ဓါတ်မီး​​စက် တည်သင့်​​မတည်သင့်​​ကို ဆုံး​​ဖြတ်ဖို့​​
အစည်း​​အ​​ဝေး​​ ကျင်း​​ပကြသည်။ ​​ဘော်ဖြူသည် စီမံကိန်း​​များ​​ကို အပြည့်​​အစုံ
​​ရေး​​ဆွဲပြီး​​သဖြင့်​​ အစည်း​​အ​​ဝေး​​ ပရိသတ်အား​​ ဓါတ်မီး​​စက်တည်ခြင်း​​၏
အကျိုး​​ရှိပုံများ​​ကို အကျယ်တဝင့်​​ ​​ပြောပြသည်။ ​​ဘော်ဖြူ​​ပြော​​နေစဉ်တွင်
သိုး​​များ​​က ''​​ခြေ​​လေး​​​ချောင်း​​​ကောင်း​​တယ်။ ​​ခြေနှစ်​​ချောင်း​​မ​​ကောင်း​​ဘူး​​''ဟု
ရံဖန်ရံခါ​​အော်ခြင်း​​မှတပါး​​ အခြား​​ တစုံတစ်ရာ အ​​နှောင့်​​အယှက် မရှိ။
​​ဘော်ဖြူ​​ပြောပြီး​​​သောအခါ ဗန္ဓုလက ထ၍ကန့်​​ကွက်သည်။ ဗန္ဓုလက
ဓါတ်မီး​​စက်တည်ဖို့​​အတွက် ဘယ်သူမှ မဲမ​​ပေး​​ကြရန် တခွန်း​​ နှစ်ခွန်း​​
​​ပြောပြီး​​လျှင် ထိုင်လိုက်သည်။ ထိုအခါ ​​ဘော်ဖြူက ထထဲ့​​၍ ​​ခြေ​​လေး​​​ချောင်း​​
​​ကောင်း​​တယ်။ ​​ခြေနှစ်​​ချောင်း​​ မ​​ကောင်း​​ဘူး​​ဟု ​​အော်မည်လုပ်ကြသည့်​​
သိုး​​များ​​ကို ​​ငေါက်၍ပစ်ပြီး​​လျှင် ဓါတ်မီး​​စက်တည်ခြင်း​​၏ အကျိုး​​​ကျေး​​ဇူး​​များ​​ကို
စိတ်အား​​ထက်သန်စွာနှင့်​​ ​​ပြောပြသည်။ ​​ဘော်ဖြူ​​နောက်ထပ်မ​​ပြောခင်
ဓါတ်မီး​​စက်တည်ဖို့​​ မတည်ဖို့​​ ကိစ္စနှင့်​​ ပတ်သက်၍ မဲညီလျက် ရှိသည်။
သို့​​ရာတွင် ​​ဘော်ဖြူက အ​​ပြော​​ကောင်း​​သဖြင့်​​ ​​ဘော်ဖြူဖက်က မဲနိုင်ဖို့​​
​​သေချာသွား​​သည်။

​​ဘော်ဖြူက ဓါတ်မီး​​စက်တည်ပြီး​​လျှင် ​​ပြောင်း​​ရိုး​​စဉ်း​​စက်
စပါး​​​လှေ့​​စက်နှင့်​​ ဓါတ်မီး​​များ​​သာ တပ်ဆင်နိုင်မည် မဟုတ်။ လယ်ထွန်စက်
ပျိုး​​ကြဲစက် ​​ကောက်ရိတ်စက်မှစ၍ ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​တွင် တိရစ္ဆာန်များ​​မှာ
ဓါတ်မီး​​ကိုယ်စီနှင့်​​ ​​နေကြရရုံတွင်မက ​​ရေပူ​​ရေ​​အေး​​​ပေး​​ဖို့​​စက် မီး​​လှံုဖို့​​စက်
စသည်တို့​​ပါ ရကြမည်ဖြစ်၍ တိရစ္ဆာန်တို့​​မှာ အလုပ်လုပ်ဖို့​​ မလို​​တော့​​ဘဲ
စည်း​​စိမ်ခံကြဖို့​​သာ ရှိ​​တော့​​သည့်​​အ​​ကြောင်း​​ကို စီကာပတ်ကုံး​​ကွင်း​​ကွင်း​​ကွက်ကွက်
မြင်​​လောက်​​အောင် ​​ပြောပြသည်။ ​​ဘော်ဖြူ​​ပြောပြီး​​​သောအခါ ​​ဘော်ဖြူဖက်က
မဲနိုင်​​တော့​​မည်ကို တိရစ္ဆာန်တိုင်း​​သိကြသည်။ ထိုအခိုက်တွင် ဗန္ဓုလက
မတ်တတ်ထ၍ ​​ဘော်ဖြူကို မျက်​​စောင်း​​ထိုး​​ကြည့်​​ပြီး​​လျှင် အသံဆိုး​​ကြီး​​နှင့်​​
အီသံ​​ပေး​​လိုက်သည်။ ယခင်ကဗန္ဓုလ သည်ကဲ့​​သို့​​ အီသည်ကို ဘယ်တိရစ္ဆာန်မှ
မကြား​​ဘူး​​ကြ။

ဗန္ဓုလ၏ အီသံကို ကြား​​သည်နှင့်​​တပြိုင်နက် လည်ပင်း​​တွင် ​​ကြေး​​မှိုတပ်
လည်ပတ် ပတ်ထား​​သည့်​​ ​​ကြောက်မက်ဖွယ်​​ကောင်း​​သည့်​​ ​​ခွေး​​ကြီး​​ကိုး​​​ကောင်
သည် ကိုက်မည့်​​ခဲမည့်​​ ​​ဟောင်သံကို​​ပေး​​ပြီး​​လျှင် ဒလကြမ်း​​ ​​ပြေး​​ဝင်လာကြသည်။
ထို​​ခွေး​​ကြီး​​ကိုး​​​ကောင်မှာ ​​ဘော်ဖြူရှိရာသို့​​ ထိုး​​၍ လိုက်ကြသဖြင့်​​ ​​ဘော်ဖြူမှာ
အ​​ရှောင်​​ကောင်း​​​ပေ၍သာ အသက်ချမ်း​​သာရာရသည်။ ​​ဘော်ဖြူမှာ တခါတည်း​​
ထွက်၍ ​​ပြေး​​ရသည်။ ​​ခွေး​​ကြီး​​များ​​လည်း​​ ​​ဘော်ဖြူ​​နောက်က ထက်ကြပ်
လိုက်ကြသည်။ တိရစ္ဆာန်များ​​လည်း​​ အံ့​​အား​​သင့်​​၍ ​​နေကြပြီး​​လျှင် ​​ဘော်ဖြူက
​​ရှေ့​​က​​ပြေး​​၍ ​​ခွေး​​ကြီး​​များ​​က ​​နောက်ကလိုက်ကြသည်ကို ဝိုင်း​​၍ကြည့်​​
​​နေကြသည်။ ​​ဘော်ဖြူလည်း​​ လယ်ကွင်း​​ထဲမှဖြတ်၍ လမ်း​​​ပေါ်သို့​​​ပြေး​​သည်။
​​ဘော်ဖြူမှာ ဝက်ဖြစ်ပြီး​​ အ​​ပြေး​​မြန်​​ပေ၍သာ ​​တော်​​တော့​​သည်။
​​ခွေး​​ကြီး​​များ​​ကလည်း​​ ​​နောက်မှလိုက်မြဲလိုက်လျက် ရှိ​​သေး​​သည်။

ဖြုန်း​​ဆို ​​ဘော်ဖြူ​​ချော်၍လဲသည်။ ကံ​​ကောင်း​​၍ ​​ခွေး​​ကြီး​​​တွေမမှီခင်
ကပြာကရာထ၍ ​​ပြေး​​ပြန်သည်။ ​​ခွေး​​ကြီး​​​တွေကလည်း​​ ​​နောက်ကလိုက်ပြန်သည်။
​​ခွေး​​ကြီး​​တ​​ကောင်က အမြီး​​ကို လှမ်း​​၍ ကိုက်လိုက်သည်။ ​​ဘော်ဖြူက
အမြီး​​ကိုရမ်း​​၍ ဖယ်လိုက်နိုင်ခင်လို့​​သာ လွတ်သည်။ ထို့​​​နောက် ​​ဘော်ဖြူသည်
တအား​​ကုန်ကြံုး​​၍ ​​ပြေး​​ပြီး​​လျှင် စည်း​​ရိုး​​​ပေါက်တခုထဲသို့​​ ဖြုတ်ကနဲ
ဝင်​​ပြေး​​သည်။ ထိုအခါမှစ၍ ​​ဘော်ဖြူကို မမြင်ရ​​တော့​​။

တိရစ္ဆာန်များ​​သည် အ​​ကြောက်ကြီး​​​ကြောက်ကာ အစည်း​​အ​​ဝေး​​​နေရာ၌
ပြန်၍ဝင်ပြီး​​ အ​​ခြေမပျက် ထိုင်​​နေကြပြီး​​​နောက် နှုတ်ပိတ်၍ ​​နေကြသည်။
မကြာမီတွင် ​​ခွေး​​ကြီး​​များ​​ ပြန်​​ရောက်လာသည်။ လက်ဦး​​တွင် ထို​​ခွေး​​ကြီး​​များ​​
ဘယ်လိုဘယ်နည်း​​နှင့်​​ ဘယ်က​​ရောက်လာသည်ဟု ဘယ်သူမှမသိကြ။
​​နောက်မှအ​​ကြောင်း​​ကို သိကြသည်။ ထို​​ခွေး​​ကြီး​​များ​​မှာ ငယ်ငယ်က​​လေး​​ထဲက
ဗန္ဓုလ ဝှက်၍ ​​မွေး​​ထား​​​သော ​​ခွေး​​က​​လေး​​ကိုး​​​ကောင်ဖြစ်သည်။
အသက်မကြီး​​​သေး​​​သော်လည်း​​ ထွား​​ကျိုင်း​​သဖြင့်​​ ထို​​ခွေး​​ ကိုး​​​ကောင်မှာ
ကျား​​ကဲ့​​သို့​​ ​​ကြောက်စရာ​​ကောင်း​​သည်။ ​​ခွေး​​ကိုး​​​ကောင်သည် ဗန္ဓုလအနား​​က
မခွာကြ။ ယခင်က ​​ခွေး​​များ​​သည် ဦး​​သာ​​ခေါင်ကိုမြင်လျှင် အမြီး​​နှံကြသကဲ့​​သို့​​
ထို​​ခွေး​​ကိုး​​​ကောင်လည်း​​ ဗန္ဓုလကိုမြင်လျှင် အမြီး​​နှံကြ​​လေသည်။

ဗန္ဓုလသည် ​​ခွေး​​များ​​ခြံရံလျက် ယခင် ဗိုလ်ကြီး​​ ထိုင်​​သော ကမူ​​ပေါ်သို့​​
တက်ပြီး​​လျှင် မိန့်​​ခွန်ွး​​မြက်သည်။ ''ဒီ​​နေ့​​ကစပြီး​​ တနင်္ဂ​​နွေ​​နေ့​​ မနက်
ကျင်း​​ပမြဲဖြစ်​​သော အစည်း​​အ​​ဝေး​​များ​​ကို ရုပ်သိမ်း​​လိုက်သည်။
ထိုအစည်း​​အ​​ဝေး​​များ​​မှာ အပိုသက်သက်ဖြစ်ပြီး​​ အလကား​​အချိန်ကုန်သည်။
​​နောင်အဖို့​​ ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​ စီမံခန့်​​ခွဲမှု အရပ်ရပ်ကို ဝက်​​ကော်မတီအဖွဲ့​​က
အကုန်​​ဆောင်ရွက်မည်။ ထို​​ကော်မတီအဖွဲ့​​တွင် ငါက သဘာပတိလုပ်မည်။
ဝက်​​ကော်မတီအဖွဲ့​​သို့​​ တိရစ္ဆာန်အများ​​ တက်​​ရောက်ခွင့်​​မရှိ။ အဖွဲ့​​က
ဆုံး​​ဖြတ်လိုက်​​သော အ​​ကြောင်း​​များ​​ကို ​​နောက်မှ တိရစ္ဆာန်များ​​ထံသို့​​
အ​​ကြောင်း​​ကြား​​မည်။ တိရစ္ဆာန်များ​​မှာ တနင်္ဂ​​နွေ​​နေ့​​ မနက်တိုင်း​​တွင်
စု​​ဝေး​​မြဲစု​​ဝေး​​၍ အလံကို အ​​လေး​​ပြုပြီး​​လျှင် ဒို့​​တိရစ္ဆာန်သီချင်း​​ကို ဆိုကြရမည်။
ထို့​​​နောက် ရက်သတ္တတပတ်အတွက် အလုပ်တာဝန်များ​​ကို ခံယူကြရမည်။
ယ​​နေ့​​ကစ၍ အ​​ခြေအတင်ငြင်း​​ခုံ ​​ပြောဆိုခွင့်​​ကို ပိတ်လိုက်သည်'' ဟု ဗန္ဓုလက
​​ပြောသည်။

​​ဘော်ဖြူကို ​​မောင်း​​ထုတ်လိုက်သည့်​​အတွက် တိရစ္ဆာန်များ​​မှာ
များ​​စွာတုန်လှုပ်​​ချောက်ချား​​၍ ငြိမ်​​နေကြ​​သော်လည်း​​ ဗန္ဓုလ၏ မိန့်​​ခွန်း​​ကို
သ​​ဘောမကျကြ။ များ​​စွာ​​သောတိရစ္ဆာန်တို့​​အနက် အချို့​​က ဗန္ဓုလ၏မိန့်​​ခွန်း​​ကို
ကန့်​​ကွက်လိုကြ​​သော်လည်း​​ လယ်လယ်ဝယ်ဝယ် အကျိုး​​သင့်​​ အ​​ကြောင်း​​သင့်​​
မ​​ပြောတတ်ကြသဖြင့်​​ ငြိမ်၍ ​​နေကြသည်။ ဗန္ဓုလ၏မိန့်​​ခွန်း​​ကို ကြား​​ရ​​သောအခါ
ဂျိုကား​​​တောင်မှပင် စိတ်မချမ်း​​သာ သလိုလိုဖြစ်သည်။ ဂျိုကား​​သည်
နား​​ရွက်နှစ်ဖက်ကို ​​ပေ၍ ​​ခေါင်း​​ကို အကြိမ်ကြိမ်ခါပြီး​​လျှင် အကြံ
ထုတ်ကြည့်​​သည်။ သို့​​ရာတွင် အထမ​​မြောက်သဖြင့်​​ ဘာမျှထ၍မ​​ပြောဖြစ်။
​​ရှေ့​​ဆုံး​​ကထိုင်​​နေကြ​​သော ဝက်​​လေး​​​ကောင်က တပြိုင်နက်တည်း​​ ထပြီး​​လျှင်
ကျယ်​​လောင်စွာ ကန့်​​ကွက်ကြသည်။

ထိုအခါ ဗန္ဓုလ၏ ကိုယ်ရံ​​တော်​​ခွေး​​များ​​က ​​ကြောက်မက်ဖွယ်
ဟိန်း​​လိုက်ကြသဖြင့်​​ ဝက်​​လေး​​​ကောင်မှာ ​​နောက်ထပ်ဘာမျှဆက်၍ မ​​ပြောဝံ့​​ဘဲ
ပြန်ထိုင်ပြီး​​ ငြိမ်သွား​​ကြသည်။ ထို့​​​နောက်သိုး​​များ​​က ''​​ခြေ​​လေး​​​ချောင်း​​
​​ကောင်း​​တယ်။ ​​ခြေနှစ်​​ချောင်း​​ မ​​ကောင်း​​ဘူး​​'' ဟု တဆယ့်​​ငါး​​မိနစ်ခန့်​​ ဆက်၍
​​အော်ကြသဖြင့်​​ ​​နောက်ထပ် ဘာမျှ​​ပြောဆို၍ မဖြစ်​​တော့​​။

ထို့​​​နောက် သံ​​ကြောင်က ဗန္ဓုလ၏ စီမံကိန်း​​အသစ်ကို တိရစ္ဆာန်များ​​အား​​
လိုက်၍ရှင်း​​ပြသည်။ ''ရဲ​​ဘော်တို့​​ ယခု ဗန္ဓုလသည် ကိုယ်ကျိုး​​ကိုစွန့်​​လွှတ်၍
ကြီး​​​လေး​​​သော​​ခေါင်း​​​ဆောင်မှုတာဝန်ကို ထမ်း​​​ဆောင်လျက်ရှိသည်ကို ရဲ​​ဘော်တို့​​
နား​​လည်မှုရှိကြမည်ထင်ပါသည်။ ​​ခေါင်း​​​ဆောင်လုပ်ရသည်မှာ စည်း​​စိမ်ရှိသည်ဟု
မထင်ကြပါနှင့်​​။ စည်း​​စိမ် အလျှင်း​​မရှိရုံမျှမကပါ။ အင်မတိ အင်မတန်
တာဝန်ကြီး​​ပါသည်။ အား​​လုံး​​​သော တိရစ္ဆာန်တို့​​သည် တတန်း​​တစား​​တည်း​​
ဖြစ်သည်ဆိုခြင်း​​ကို ဗန္ဓုလထက် ပို၍ ယုံသူမရှိပါ။ ဆုံး​​ဖြတ်စရာရှိသည်တို့​​ကို
ရဲ​​ဘော်တို့​​ ကိုယ်တိုင် ဆုံး​​ဖြတ်ကြမည်ဆိုလျှင်လည်း​​ ရဲ​​ဘော်ဗန္ဓုလသည်
အလွန်ဝမ်း​​​မြောက်ပါလိမ့်​​မည်။ သို့​​​သော်ရဲ​​ဘော်တို့​​ ဆုံး​​ဖြတ်ချက်မှာ
အမြဲမှန်လိမ့်​​မည်ဟု မဆိုနိုင်ပါ။ အကယ်၍ ရဲ​​ဘော်တို့​​က အမှား​​ကို
ဆုံး​​ဖြတ်မိခဲ့​​ပါ​​သော် ငါတို့​​ ဘယ်အ​​ခြေအ​​နေသို့​​ ​​ရောက်သွား​​ကြမည်နည်း​​။ ဥပမာ
ရဲ​​ဘော်တို့​​ကို ​​ဘော်ဖြူက မဖြစ်နိုင်တဲ့​​ ဓါတ်မီး​​စက်တည်ဖို့​​တို့​​ ဘာတို့​​ဆိုတဲ့​​
မက်လုံး​​​တွေနဲ့​​ ဆွယ်လို့​​ ရဲ​​ဘော်တို့​​က နား​​​ယောင်ပြီး​​ ​​ဘော်ဖြူ​​နောက်ကို
လိုက်ကြမည်ဆိုလျှင် အား​​လုံး​​ ကိုယ်ကျိုး​​နဲကုန်မည် မဟုတ်ပါ​​လော။
​​ဘော်ဖြူဆိုတာလဲ ရဲ​​ဘော်တို့​​သိတဲ့​​အတိုင်း​​ဘဲ သူခိုး​​ ဓား​​ပြနဲ့​​ ဘာမှ မထူး​​ပါဘူး​​''
ဟု သံ​​ကြောင်က ​​ပြောသည်။

ထိုအခါ တိရစ္ဆာန်တ​​ကောင်က ''နွား​​တင်း​​ကုပ်တိုက်ပွဲတုန်း​​က ​​ဘော်ဖြူက
ရွပ်ရွပ်ချွံချွံ တိုက်ခဲ့​​တယ် မဟုတ်လား​​'' ဟု ​​မေး​​သည်။ သည်​​တော့​​ သံ​​ကြောင်က
''ရွပ်ရွပ်ချွံချွံရှိဖို့​​ထက် သစ္စာ​​စောင့်​​သိဖို့​​နဲ့​​ အမိန့်​​ကိုနာခံဖို့​​က ပိုအ​​ရေး​​ကြီး​​ပါတယ်။
ပြီး​​​တော့​​ နွား​​တင်း​​ကုပ်တိုက်ပွဲမှာ ​​ဘော်ဖြူဟာ အင်မတန် ရွပ်ရွပ်ချွံချွံ
တိုက်ခဲ့​​တယ်ဆိုဒါ ဟာလဲ ကဲပြီး​​​ပြောကြတာဆိုတာ ​​နောက်​​တော့​​ထင်ရှား​​
လာပါလိမ့်​​မယ်လို့​​ ငါယုံပါတယ်။ ရဲ​​ဘော်တို့​​ ​​လောကမှာ စည်း​​ကမ်း​​ရှိဖို့​​
သံတုံး​​သံခဲကဲ့​​သို့​​ခိုင်မြဲ​​သော စည်း​​ကမ်း​​ရှိဖို့​​ရာ အ​​ရေး​​ကြီး​​ပါတယ်။ ဒီအချိန်
ဒီအခါမှာ အဲဒါကိုဘဲ ငါတို့​​အမြဲနှလုံး​​သွင်း​​ ကြရမယ်။ အခုအခါမှာ ငါတို့​​
​​ခြေလှမ်း​​တလှမ်း​​မှား​​သွား​​လျှင် ငါတို့​​ အကုန်လုံး​​ ရန်သူ့​​လက်ထဲကို
​​ရောက်သွား​​ကြပြီး​​ဘဲ။ ဘယ်နှယ့်​​လဲ ဦး​​သာ​​ခေါင်ပြန်လာတာကို ရဲ​​ဘော်တို့​​
ကြည့်​​ချင်ကြသလား​​'' ဟု ​​ပြောသည်။

သံ​​ကြောင်၏ အ​​ကြောင်း​​ပြချက်ကို ဘယ်တိရစ္ဆာန်မှ ပြန်၍ မ​​ဖြေနိုင်။
ဦး​​သာ​​ခေါင်ပြန်လာတာကို ဘယ်တိရစ္ဆာန်မှ သ​​ဘောမကျ။ တနင်္ဂ​​နွေ​​နေ့​​
မနက်တွင် အ​​ခြေအတင်ငြင်း​​ခုံ​​ပြောဆိုဖို့​​ အစည်း​​အ​​ဝေး​​လုပ်ခြင်း​​သည်
ဦး​​သာ​​ခေါင်ပြန်လာဖို့​​ အ​​ကြောင်း​​ဖြစ်လျှင် အ​​ခြေအတင် အငြင်း​​အခုံ
အစည်း​​အ​​ဝေး​​များ​​ကို ပိတ်ထား​​ရမည်။ ထိုအခိုက်တွင် ဂျိုကား​​က
အ​​ကြောင်း​​မျိုး​​စုံကို စဉ်း​​စား​​ပြီး​​​နောက် ''ရဲ​​ဘော်ဗန္ဓုလ​​ပြောလျှင် မှန်ရမှ​​ပေါ့​​'' ဟု
ဆိုသည်။ ဂျိုကား​​​ပြောသည်ကို တိရစ္ဆာန်အများ​​က သ​​ဘောကျကြသည်။
ဂျိုကား​​သည် ထိုအချိန်မှစ၍ ''ဗန္ဓုလသည် အမြဲမှန်သည်'' ဆို​​သော
​​ဆောင်ပုဒ်ကို နှလုံး​​သွင်း​​ပြီး​​လျှင် ''ငါအလုပ်ပိုလုပ်မည်'' ဟု အဓိဋ္ဌာန်ပြုသည်။

ထို့​​​နောက် ထွန်ကြယက်ကြဖို့​​ အချိန်​​ရောက်ပြန်သည်။ ​​ဘော်ဖြူ
ဓါတ်မီး​​စက် ပုံစံဆွဲ​​သော တင်း​​ကုပ်မှာ ပိတ်ထား​​သဖြင့်​​ သူ၏
ဓါတ်မီး​​စက်ပုံစံများ​​လည်း​​ ပျက်ကုန်ပြီဟု ထင်ကြသည်။ တနင်္ဂ​​နွေ​​နေ့​​တိုင်း​​
မနက် ၁ဝနာရီ အချိန်တွင် တိရစ္ဆာန်များ​​သည် ​​ညောင်ပင်ကြီး​​​အောက်၌စုပြီး​​
လာမည့်​​ ရက်သတ္တတပတ်အတွက် လုပ်ငန်း​​ အစီအစဉ်များ​​ကို ခံယူကြရသည်။
ထိုအခိုက်တွင် အလံတိုင်နား​​က တိုင်ငုတ်​​ပေါ်တွင် အ​​ရေး​​ကြီး​​​သောအရာတခု
​​ရောက်​​နေသည်။ ဗန္ဓုလ၏ စီစဉ်ချက်အရ ဗိုလ်ကြီး​​​ခေါင်း​​ရိုး​​ကို တူး​​​ဖေါ်ပြီး​​လျှင်
အလံတိုင်နား​​က တိုင်ငုတ်တခု​​ပေါ်တင်ထား​​သည်။ ဗိုလ်ကြီး​​၏ ​​ခေါင်း​​ရိုး​​မှာ
အ​​ရေအသား​​များ​​ မရှိ​​တော့​​။ တိရစ္ဆာန်များ​​သည် အလံတိုင်ကို အ​​လေး​​ပြုပြီး​​လျှင်
တ​​ကောင်​​နောက်တ​​ကောင်စီတန်း​​၍ ဗိုလ်ကြီး​​၏ ​​ခေါင်း​​ရိုး​​ကို လက်ဝဲရစ်လှည့်​​၍
က​​တော့​​ကြရသည်။ ထို​​နောက် စု​​ဝေး​​ကြ​​သောအခါ၌လည်း​​ ယခင်က
အစည်း​​အ​​ဝေး​​များ​​မှာကဲ့​​သို့​​ အတူတကွ မထိုင်ကြရ​​တော့​​။ ဗန္ဓုလသည်
သံ​​ကြောင်နှင့်​​အတူ သီချင်း​​နှင့်​​ကဗျာအစပ်​​ကောင်း​​​သော ​​သေး​​သွယ်မြည်​​သော
ဝက်စာဆို​​တော်ကို တဖက်တချက်ရံ၍ ကမူ​​ပေါ်၌ ထိုင်ပြီး​​လျှင် ​​နောက်မှ
​​ခွေး​​ကိုး​​​ကောင်က လခြမ်း​​ပမာ ဝိုင်း​​၍ထား​​သည်။ သူတို့​​​နောက်ကမှ
အခြား​​ဝက်များ​​ ထိုင်ကြသည်။ အခြား​​တိရစ္ဆာန်များ​​မှာ ဝက်များ​​ကိုမျက်နှာမူ၍
တဖက်က ထိုင်ကြရသည်။ ဗန္ဓုလက လာမည့်​​ ရက်သတ္တတပတ်အတွက်
လုပ်ငန်း​​ အစီအစဉ်များ​​ကို စစ်ဗိုလ်​​လေသံဖြင့်​​ အသံမာမာနှင့်​​ ဖတ်​​ပြောပြီး​​​နောက်
တိရစ္ဆာန်များ​​ အစုအ​​ဝေး​​ ခွဲကြရသည်။

​​ဘော်ဖြူကို ​​မောင်း​​ထုတ်လိုက်ပြီး​​​နောက် တနင်္ဂ​​နွေသုံး​​ပတ်ကြာ​​သောအခါ
ဗန္ဓုလက ဓါတ်မီး​​စက် တည်​​တော့​​မည်ဟု ​​ကျေညာသည်။ ထိုအခါ
တိရစ္ဆာန်များ​​မှာ အံ့​​အား​​သင့်​​သွား​​ကြသည်။ ယခင်က ဓါတ်မီး​​စက်
မတည်ဖို့​​​ပြောပြီး​​မှ ယခုမှတဖန် ဘာ​​ကြောင့်​​ ဓါတ်မီး​​စက်တည်ချင်ရသည့်​​
အ​​ကြောင်း​​ကို တိရစ္ဆာန်များ​​အား​​ ဗန္ဓုလက ရှင်း​​၍မပြဘဲ ဓါတ်မီး​​စက်တည်လျှင်
အလုပ်တိုး​​လာသဖြင့်​​ အလုပ်ကို ပို၍ ကြိုး​​စား​​လုပ်ကြရလိမ့်​​မည့်​​ အ​​ကြောင်း​​နှင့်​​
အစာကိုပင် ​​လျှော့​​၍ စား​​ချင်စား​​ရလိမ့်​​မည့်​​အ​​ကြောင်း​​ကို ​​ပြောသည်။
ဓါတ်မီး​​စက်တည်ဖို့​​ စီမံကိန်း​​အပြည့်​​အစုံ ပြီး​​စီး​​ပြီဖြစ်​​ကြောင်း​​။ ထိုကိစ္စအတွက်
အထူး​​ဝက်​​ကော်မတီ အဖွဲ့​​တခုကို ခန့်​​ထား​​သဖြင့်​​ ထိုဝက်​​ကော်မတီအဖွဲ့​​
အလုပ်လုပ်​​နေသည်မှာ တနင်္ဂ​​နွေသုံး​​ပတ်ရှိပြီဖြစ်​​ကြောင်း​​။ ဓါတ်မီး​​စက်မှာ
နှစ်နှစ်ကြာမှ ပြီး​​မည်ဖြစ်​​ကြောင်း​​တို့​​ကိုလည်း​​ ဗန္ဓုလက ​​ပြောပြသည်။

ထို​​နေ့​​ည​​နေဖက်တွင် သံ​​ကြောင်က ''တကယ်ဆို​​တော့​​ ဓါတ်မီး​​စက်တည်ဖို့​​
ကိစ္စကို ဗန္ဓုလက ဘယ်တုန်း​​ကမှ မကန့်​​ကွက်ခဲ့​​ရုံမျှမက ဓါတ်မီး​​စက်
တည်ဖို့​​အကြံကိုစ၍ ​​ပေး​​သူဟာလည်း​​ အခြား​​သူမဟုတ်ပါဘူး​​။ ဗန္ဓုလပါဘဲ။
​​ဘောဖြူ​​ရေး​​ထား​​တဲ့​​ ဓါတ်မီး​​စက်ပုံစံဟာလည်း​​ ​​ဘော်ဖြူကိုယ်တိုင်​​ရေး​​တာ
မဟုတ်ပါဘူး​​။ ဗန္ဓုလ​​ရေး​​တာကို ​​ဘော်ဖြူက ခိုး​​ထား​​တာပါ။ ဓါတ်မီး​​စက်အစ
ဗန္ဓုလကပါ'' ဟု တိရစ္ဆာန်များ​​အား​​ ​​ပြောပြသည်။ သည်​​တော့​​
တိရစ္ဆာန်တ​​ကောင်က ''တာဖြင့်​​ ဘာလို့​​ဟိုတုန်း​​က ဗန္ဓုလကအပြင်း​​အထန်
ကန့်​​ကွက်ရသလဲ'' ဟု ​​မေး​​သည်။ သံ​​ကြောင်က ပြံုး​​၍ကြည့်​​ပြီး​​လျှင်
''တာကဗန္ဓုလရဲ့​​ ပရိယာယ်ပါ။ ဗန္ဓုလက ဓါတ်မီး​​စက်တည်တာကို
မကြိုက်ချင်​​ယောင်​​ဆောင်တာက ​​ဘော်ဖြူကို ဖယ်ရှား​​ပစ်ချင်လို့​​လုပ်ခဲ့​​တဲ့​​
ပရိယာယ်ပါ။ ​​ဘော်ဖြူဟာ ​​ကောင်း​​တဲ့​​အ​​ကောင် မဟုတ်ဘူး​​။ သူရှိလျှင်
အား​​လုံး​​ပျက်ကုန်မှာ။ အခု​​တော့​​ ​​ဘော်ဖြူမရှိ​​တော့​​တဲ့​​အတွက် ဓါတ်မီး​​စက်
တည်ဖို့​​ လုပ်နိုင်ပါပြီ။ တာကိုတိုက်ပွဲ ပရိယာယ်လို့​​​ခေါ်တယ်။ မှတ်ထား​​ကြပါ။
တိုက်ပွဲ ပရိယာယ်လို့​​ ​​ခေါ်တယ်'' ဟု ​​ပြောပြီး​​လျှင် ရယ်၍ ပတ်ချာလှည့်​​ကာ
အမြီး​​ကို ​​မြှောက်ကာ ​​ဝှေ့​​ကာ လုပ်ပြသည်။ တိရစ္ဆာန်များ​​သည်
သံ​​ကြောင်ဘာ​​ပြောသည်ဟု နား​​မလည်ကြ။ သို့​​​သော် သူ​​ပြောတာမှာ
နား​​​ထောင်​​ကောင်း​​သည် တ​​ကြောင်း​​။ သူနှင့်​​ ပါလာ​​သော​​ခွေး​​သုံး​​​ကောင်ကလည်း​​
သွား​​များ​​ဖြဲ၍ ဟိန်း​​​နေကြသည်တ​​ကြောင်း​​ တို့​​​ကြောင့်​​ သူ​​ပြောသမျှကို
​​နောက်ထပ်​​မေး​​ခွန်း​​မထုတ်ကြဘဲ နား​​​ထောင်၍သာ​​နေကြသည်။

0 responses to “ အခန်း (၅) ”

Leave a Reply