အခန်း (၄)

ကာလ အ​​တော်ကြာ​​သောအခါ အ​​ခြေ​​လေး​​​ချောင်း​​​တော်လှန်​​ရေး​​
သတင်း​​သည် အ​​တော်ပျံ့​​နှံ့​​၍သွား​​သည်။ ဗန္ဓုလနှင့်​​​ဘော်ဖြူ တို့​​ကလည်း​​
အနီး​​တဝိုက်ရှိ ကွင်း​​များ​​သို့​​ ခိုများ​​ကို ​​နေ့​​စဉ်​​စေလွှတ်၍ ဝါဒဖြန့်​​ကြသည်။
ခိုများ​​၏ တာဝန်မှာ ဦး​​သာ​​ခေါင်အား​​ တိရစ္ဆာန်များ​​က ​​တော်လှန်လိုက်ပုံကို
အခြား​​တိရစ္ဆာန်များ​​ဆီသို့​​ သွား​​၍ ​​ပြောပြီး​​လျှင် ဒို့​​တိရစ္ဆာန်သီချင်း​​ကို သင်​​ပေး​​ရန်
ဖြစ်သည်။

ထိုအ​​တောအတွင်း​​၌ ဦး​​သာ​​ခေါင်မှာ အမြဲလိုပင် ရွာသစ်ကြီး​​ဘုံဆိုင်၌
ထန်း​​ရည်မူး​​​အောင်​​သောက်ပြီး​​လျှင် လာသမျှလူများ​​အား​​ ဘာမဟုတ်သည့်​​
အဟိတ်တိရစ္ဆာန်များ​​က သူ့​​ကိုမတရား​​​တော်လှန်၍ ပစ္စည်း​​အကုန်လုံး​​ကို
လုယူလိုက်​​ကြောင်း​​ တ​​ပြောထဲ ​​ပြော၍​​နေသည်။ အချို့​​​သော
​​တောင်သူလယ်သမား​​များ​​က ''တရား​​ကိုယ်သ​​ဘောအတိုင်း​​ ဆို​​တော့​​
ခင်ဗျား​​​ပြောတာ ဟုတ်တာဘဲ'' ဟုသာ​​ပြောပြီး​​ ဦး​​သာ​​ခေါင်အား​​ ဘာမျှ
အကူအညီမ​​ပေး​​ကြ။ အမှန်မှာ ဦး​​သာ​​ခေါင် ထိုကဲ့​​သို့​​ဖြစ်သည်ကို
​​တောင်သူလယ်သမား​​တိုင်း​​ကပင် ဝမ်း​​ထဲက ကြိတ်၍ သ​​ဘောကျကြသည်။
ဦး​​သာ​​ခေါင် ပျက်စီး​​ခြင်း​​ကို အ​​ကြောင်း​​ပြု၍ သူတို့​​ဘယ်လို
စီး​​ပွါး​​လုပ်ရပါ့​​မည်နည်း​​ဟု အကြံထုတ်ကာ​​နေကြသည်။

ဦး​​သာ​​ခေါင်၏ ကွင်း​​နား​​တွင်​​နေကြ​​သော ဦး​​​ပေါက်​​ကျော်နှင့်​​
ဦး​​​အောင်ပန်း​​ တို့​​မှာ တ​​ယောက်နှင့်​​တ​​ယောက် မတဲ့​​ကြ။ ဦး​​​ပေါက်​​ကျော်မှာ
အလုပ်​​ပေါ့​​သူဖြစ်၍ သူပိုင်​​သော တင်း​​ကုတ်ကွင်း​​မှာ ပျက်စီး​​ယိုယွင်း​​လျက်ရှိသည်။
စည်း​​ရိုး​​ပင်မလုံ။ ဦး​​​ပေါက်​​ကျော်သည် လယ်ယာကို ဂရုမစိုက်ဘဲ ငါး​​ဖမ်း​​ဖို့​​
အမဲလိုက်ဖို့​​​လောက်သာ စိတ်ဝင်စား​​သည်။ ဦး​​​အောင်ပန်း​​ပိုင်​​သော
မကျီး​​ပနီကွင်း​​မှာ ဦး​​​ပေါက်​​ကျော်ကွင်း​​​လောက် မကျယ်​​သော်လည်း​​
ဦး​​​အောင်ပန်း​​၏ ဝိရိယအကျိုး​​​ကြောင့်​​ စည်စည်ကား​​ကား​​ရှိသည်။
ဦး​​​အောင်ပန်း​​သည် လူပါး​​လူနပ်တ​​ယောက်ဖြစ်၍ ရုံး​​တက်၍ တရား​​​တွေ့​​ဖို့​​လည်း​​
ဝါသနာပါသည်။ ​​နေရာတကာတွင်လည်း​​ စီး​​ပိုး​​သူဖြစ်သည်။ ဦး​​​ပေါက်​​ကျော်နှင့်​​
ဦး​​​အောင်ပန်း​​တို့​​မှာ တ​​ယောက်နှင့်​​တ​​ယောက် အလွန်မတဲ့​​ကြသဖြင့်​​
နှစ်ဦး​​စလုံး​​တွင်ဆိုက်​​ရောက်မည့်​​ အ​​ခြေ​​လေး​​​ချောင်း​​​တော်လှန်​​ရေး​​​ဘေး​​ကို
​​ကျောချင်း​​ကပ်၍ ခုခံရန်အတွက် ​​စေ့​​စပ်၍ မရ။ သို့​​ရာတွင် ဦး​​သာ​​ခေါင်၏
ယင်း​​မာပင်ကွင်း​​တွင် ​​တော်လှန်​​ရေး​​ဖြစ်​​ပေါ်သည့်​​ အ​​ကြောင်း​​ကို သိရ​​သောအခါ
သူတို့​​ကွင်း​​များ​​မှ တိရစ္ဆာန်များ​​ကိုလည်း​​ အတုမြင်အတတ်သင်ပြီး​​
​​တော်လှန်ကုန်ကြမည်ကို များ​​စွာစိုး​​ရိမ်ပူပန်ကြသည်။ ယင်း​​မာပင်ကွင်း​​က
​​တော်လှန်​​ရေး​​သတင်း​​များ​​ကို သူတို့​​ကွင်း​​က တိရစ္ဆာန်များ​​ မကြား​​မသိရ​​လေ​​အောင်
ဖုံး​​ဖိနိုင်သမျှ ဖုံး​​ဖိ၍ ထား​​ကြသည်။ တိရစ္ဆာန်များ​​က ဦး​​သာ​​ခေါင်ကို ​​တော်လှန်၍
လယ်ယာလုပ်ကိုင်မှုကို သူတို့​​ကိုယ်တိုင် လုပ်ကိုင်​​နေကြသည် ဆိုခြင်း​​ကိုပင်
လက်ဦး​​တွင် ရယ်စရာဟု ​​အောက်​​မေ့​​​နေကြပြီး​​လျှင် ''​​ခွေး​​ရူး​​​ကောင်စား​​
တမွန်း​​တည့်​​​ပေါ့​​ကွာ'' ဟု ​​ပေါ့​​ဆဆ​​ပြောကြသည်။

​​ခြေ​​လေး​​​ချောင်း​​ကွင်း​​ကိုပင် ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​ဟု မ​​ခေါ်ပဲ
ယင်း​​မာပင်ကွင်း​​ဟုသာ ဆက်၍ ​​ခေါ်ကြပြီး​​လျှင် ယင်း​​မာပင်ကွင်း​​က
တိရစ္ဆာန်များ​​မှာ တ​​ကောင်နှင့်​​တ​​ကောင်လည်း​​ မတဲ့​​ကြဘဲ ငတ်ပြတ်၍
​​နေကြသလိုလိုလည်း​​ ​​ပြောကြသည်။ ရက်ရှည်လများ​​၍ ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​က
တိရစ္ဆာန်များ​​ ငတ်မ​​သေကြသည်ကို ​​တွေ့​​ရ​​သောအခါ ဦး​​​ပေါက်​​ကျော်နှင့်​​
ဦး​​​အောင်ပန်း​​တို့​​သည်​​လေသံ တမျိုး​​​ပြောင်း​​၍လာပြီး​​လျှင် ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​က
တိရစ္ဆာန်များ​​မှာ တ​​ကောင်ကို တ​​ကောင် နှိပ်စက်၍ အချင်း​​ချင်း​​
သတ်ဖြတ်စား​​​သောက်ကြ​​ကြောင်း​​ တိရစ္ဆာန်မများ​​ကိုလည်း​​ ဗုံပစ္စည်း​​ လုပ်၍
ထား​​ကြ​​ကြောင်း​​ စသည်ဖြင့်​​ အမနာပ ​​ပြောကြသည်။ သဘာဝဓမ္မနဲ့​​
ဆန့်​​ကျင်ပြီး​​လုပ်ရင် ဒီလိုဘဲ ဖြစ်ရမှာ​​ပေါ့​​ကွာဟုလည်း​​ ဦး​​​ပေါက်​​ကျော်နှင့်​​
ဦး​​​အောင်ပန်း​​တို့​​က ​​ပြောကြသည်။

ဦး​​​ပေါက်​​ကျော်နှင့်​​ ဦး​​​အောင်ပန်း​​တို့​​ ​​ပြောကြသည့်​​ စကား​​မျိုး​​ကို
ယုံကြည်ကြသူနည်း​​သည်။ အရပ်ထဲတွင် အ​​ခြေ​​လေး​​​ချောင်း​​​တော်လှန်​​ရေး​​နှင့်​​
ပတ်သက်၍ သတင်း​​အမျိုး​​မျိုး​​ ဖြစ်လျက်ရှိသည်။ အချို့​​ကလည်း​​
တိရစ္ဆာန်များ​​သည် လယ်ယာအလုပ်ကို အုပ်ချုပ်စီမံရာတွင် လူများ​​ထက်ပင်
သာ​​သေး​​သည်။ ယခု အ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​မှာ ဦး​​သာ​​ခေါင်လက်ထက်ကထက်
တိုး​​၍ စည်ကား​​လျက်ရှိသည်ဟု ​​ပြောကြသဖြင့်​​ ထိုသတင်း​​ကို
ကြား​​ကြား​​သမျှ​​သော တိရစ္ဆာန်တို့​​သည် ​​တော်လှန်ချင်စိတ်​​ပေါက်၍ ​​နေကြသည်။
ခါတိုင်း​​ ခိုင်း​​သမျှ ​​စေသမျှလုပ်​​သော နွား​​များ​​လည်း​​ အမူထူး​​ခြား​​ကာ
ကလန်ကဆန်လုပ်ကြသည်။ သိုး​​များ​​ ဆိတ်များ​​ကလည်း​​ ခြံကိုခုန်၍
ထွက်ကြသည်။ မြင်း​​များ​​ကလည်း​​ စီး​​သူများ​​ကို ခါ၍ ချကြသည်။

ဒို့​​တိရစ္ဆာန်သီချင်း​​ကိုလည်း​​ တိရစ္ဆာန်များ​​ အကုန်ဆိုတတ် ​​နေကြသည်။
ဒို့​​တိရစ္ဆာန်သီချင်း​​ ဆိုသံကြား​​​သော အခါ လူသား​​များ​​က များ​​စွာစိတ်ဆိုး​​သည်။
သို့​​ရာတွင် အ​​ရေး​​မစိုက်​​လောက်ဟန် ပြုကာ ရယ်၍ ​​နေကြသည်။
တိရစ္ဆာန်ဖြစ်ပြီး​​ ဒီလိုမဟုတ်တရုတ်သီချင်း​​ဆိုကြတာများ​​ အံ့​​ပါရဲ့​​ဟုလည်း​​
​​ပြောကြသည်။ ထိုသီချင်း​​ဆို​​နေ​​သော တိရစ္ဆာန်များ​​ကို ​​တွေ့​​လျှင် လူသား​​များ​​က
​​တွေ့​​ရာ​​နေရာတွင် ဒလကြမ်း​​နင်း​​၍ ရိုက်ကြသည်။ လူသား​​တို့​​ကဘယ်လိုပင်
နှိပ်စက်​​သော်လည်း​​ တိရစ္ဆာန်များ​​အား​​ ထိုသီချင်း​​ကို မဆို​​အောင်တား​​၍ မရ။
ဆက်ရက် ချိုး​​ ခါမှ စ၍ ထိုသီချင်း​​ကို ဆိုကြသည်။ ​​ခေါင်း​​​လောင်း​​သံ
​​ကြေး​​စည်သံများ​​ပင် ဒို့​​တိရစ္ဆာန်သီချင်း​​သံ ​​ပေါက်၍ ​​နေ​​တော့​​သည်။
ထိုသီချင်း​​သံကို ကြား​​ရ​​သောအခါ လူသား​​များ​​သည် ငါတို့​​ ဧကန်
ပျက်စီး​​ရ​​တော့​​မည့်​​ နိမိတ်ပင်ဖြစ်သည်ဟု ယူဆကာ ဒူး​​တတုန်တုန် ရင်တခုန်ခုန်
ဖြစ်၍​​နေကြသည်။

တ​​နေ့​​ စပါး​​များ​​ကို ကျီထဲ၌ သိမ်း​​ပြီး​​သည့်​​အချိန်တွင်
ခိုအုပ်ကြီး​​တစုသည် ကမန်း​​ကတန်း​​ ပျံ၍ လာပြီး​​လျှင် ​​ခြေ​​လေး​​​ချောင်း​​ ကွင်း​​ရှိ
တိရစ္ဆာန်များ​​ကို တပ်လှန့်​​၍ နှိုး​​သည်။ ထိုအခိုက်တွင် ဦး​​သာ​​ခေါင်နှင့်​​
တပည့်​​များ​​သည် လက်နက်များ​ စွဲကိုင်၍ ဦး​​​ပေါက်​​ကျော် ဦး​​​အောင်ပန်း​​တို့​​ကို
စစ်ကူ​​ခေါ်လာပြီး​​လျှင် ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​ကို ဝင်၍ စီး​​ကြသည်။
ဦး​​သာ​​ခေါင်လက်ထဲတွင် နှစ်လုံး​​ပြူး​​​သေနတ်ပါလာသည်။ ကျန်​​သောသူများ​​မှာ
တုတ်များ​​ ဓား​​များ​​ကိုင်၍လာကြသည်။

တ​​နေ့​​​နေ့​​တွင် ဦး​​သာ​​ခေါင်သည် ထိုကဲ့​​သို့​​ လုပ်ကြံလိမ်မည်ဟု
တိရစ္ဆာန်တို့​​က တွက်ထား​​ပြီး​​ဖြစ်သည်။ ​​ဘော်ဖြူမှာ တင်ကြို၍
​​သေနင်္ဂဗျူဟာကျမ်း​​ကို ​​လေ့​​လာထား​​ပြီး​​လျှင် ကာကွယ်​​ရေး​​တာဝန်ကို လုံး​​ဝယူ၍
တိရစ္ဆာန်များ​​အား​​ သူ့​​​နေရာနှင့်​​သူ ချထား​​၍ ကာကွယ်​​စေသည်။
တိရစ္ဆာန်များ​​သည် ​​ဘော်ဖြူ၏ အမိန့်​​အတိုင်း​​ အကာအကွယ်ယူ၍
ဦး​​သာ​​ခေါင်တို့​​ လူစုအလာကို အသီး​​သီး​​ ​​စောင့်​​ဆိုင်း​​၍ ​​နေကြသည်။
ဦး​​သာ​​ခေါင်တို့​​ လူစု စည်း​​ရိုး​​တွင်း​​သို ဝင်လာသည်နှင့်​​ တပြိုင်နက် ​​ဘော်ဖြူက
စ၍ ထိုး​​စစ် ဆင်သည်။ ခိုများ​​က ​​ဘော်ဖြူ၏ အမိန့်​​အရ ဦး​​သာ​​ခေါင်တို့​​
​​ခေါင်း​​​ပေါ်မှ ပျံဝဲ၍ တဖြွတ်ဖြွတ်နှင့်​​ ​​ချေး​​ပါ၍ ချကြသည်။

ထိုသို့​​ ​​ကောင်း​​ကင်မှ ခိုများ​​က ​​ချေး​​နှင့်​​ ဗုန်း​​ကြဲ​​နေခိုက်တွင်
စည်း​​ရိုး​​တွင်း​​၌ အကွယ်အကာ ယူ၍​​နေ​​သောငန်း​​နှင့်​​ ဘဲများ​​က
ဒလကြမ်း​​ထွက်လာပြီး​​ ဦး​​သာ​​ခေါင်တို့​​ လူစု၏ ဒူး​​​ခေါက်​​ကွေး​​ကို တအား​​ကျံုး​​၍
ဆိတ်ကြသည်။ ငန်း​​ ဘဲ တပ်နှင့်​​လွှတ်၍ တိုက်ခြင်း​​မှာ စစ်​​ရေး​​ငင်ရန်
တိုက်ပွဲပရိယာယ်အငယ်စား​​သာဖြစ်သဖြင့်​​ ဦး​​သာ​​ခေါင်တို့​​ လူစုမှာ ငန်း​​
ဘဲများ​​ရန်ကိုတုတ်ဖြင့်​​ ဆီး​​၍ ကာကွယ်နိုင်ကြသည်။ ထို့​​​နောက် ​​ဘော်ဖြူက
ဒုတိယအကြိမ် ထိုး​​စစ်ဆင်ပြန်သည်။ ဤအကြိမ်တွင် သူကိုယ်တိုင်ဦး​​စီး​​၍
မုတ်ဆိတ်တို့​​ မ​​ဟော်တို့​​နှင့်​​ တကွ သိုး​​များ​​ ဆိတ်များ​​ပါ ဝိုင်း​​၍ ဦး​​သာ​​ခေါင်တို့​​
လူစုအား​​ ​​ဝှေ့​​ကြ ခတ်ကြ ကန်ကြ ​​ကျောက်ကြသည်။ ဦး​​သာ​​ခေါင်တို့​​ လူစုက ဘန
တုတ်များ​​ ဓား​​များ​​နှင့်​​ ခုခံသဖြင့်​​ တိရစ္ဆာန်များ​ တပ်လန်၍သွား​​သည်။
ထိုအခိုက်တွင် ​​ဘော်ဖြူက တပ်ဆုတ်ရန် အမိန့်​​​ပေး​​လိုက်သဖြင့်​​ အား​​လုံး​​​သော
တိရစ္ဆာန်များ​​ အတွင်း​​ဖက်သို့​​ တပ်ဆုတ်၍ သွား​​ကြသည်။

ထိုအခါ ဦး​​သာ​​ခေါင်တို့​​ လူစုကကျန ​​အောင်ပြီ​​အောင်ပြီ ဟု ​​အော်ပြီး​​လျှင်
တိရစ္ဆာန်များ​​အား​​ ဖိ၍ လိုက်ကြသည်။ ဤသို့​​လိုက်ခြင်း​​ကား​​ ​​ဘော်ဖြူ
စီစဉ်ထား​​သည့်​​ အတိုင်း​​ ဖြစ်ခြင်း​​ပင်တည်း​​။ ဦး​​သာ​​ခေါင်တို့​​ လူစုသည်
ခြံတွင်း​​သို့​​ အကုန်​​ရောက်သည်နှင့်​​ တပြိုင်နက် တင်း​​ကုပ်ထဲတွင် ပုန်း​​၍
​​နေကြ​​သော မြင်း​​များ​​ နွား​​များ​​ ဝက်များ​​သည် ဦး​​သာ​​ခေါင်တို့​​ ​​နောက်ဆွယ်မှ
​​ပေါ်လာကြသည်။ ထိုအခိုက်တွင် ​​ဘော်ဖြူက တိုက်ဖို့​​ရာ အမိန့်​​​ပေး​​လိုက်သဖြင့်​​
ဦး​​သာ​​ခေါင်တို့​​လူစုအား​​ ​​ရှေ့​​​နောက်ညှပ်၍ တိရစ္ဆာန်တို့​​က တိုက်ကြသည်။

​​ဘော်ဖြူကိုယ်တိုင်က ဦး​​သာ​​ခေါင်ဆီကို ဝါး​​လုံး​​ထိုး​​ ​​ပြေး​​၍ ပက်သည်။
ဦး​​သာ​​ခေါင်က ​​ဘော်ဖြူ ​​ပြေး​​လာသည်ကို မြင်၍ ​​သေနတ်ကို ​​မောင်း​​တင်ပြီး​​
ဆီး​​၍ ပစ်သည်။ ​​သေနတ်ကျည်ဆံများ​​သည် ​​ဘော်ဖြူ၏ ​​ကျောကို ရှပ်၍
မှန်သွား​​သဖြင့်​​ ​​ဘော်ဖြူမှာ ​​သွေး​​ချင်း​​ချင်း​​ နီသွား​​ပြီး​​လျှင်
သိုး​​တ​​ကောင်ပွဲချင်း​​ပြီး​​​သေသွား​​သည်။ ​​ဘော်ဖြူသည် သူ့​​၏ ဒဏ်ရာကို
ပမာနမပြုဘဲ ဦး​​သာ​​ခေါင်​​ခြေ​​ထောက်ကို ​​ပြေး​​၍ ကိုယ်လုံး​​နှင့်​​
တိုက်လှဲလိုက်သည်။ ဦး​​သာ​​ခေါင်မှာ ​​နောက်​​ချေး​​ပုံထဲသို့​​ ပစ်လဲသွား​​ပြီး​​လျှင်
လက်ထဲမှ ​​သေနတ်လွတ်ကျသွား​​သည်။ ထိုအခိုက်တွင် ဂျိုကား​​က တအား​​​ပြေး​​၍
​​ဝှေ့​​လိုက်ရာ ဦး​​​ပေါက်​​ကျော်၏တပည့်​​​ခေါင်း​​ကို ​​ဝှေ့​​မိသဖြင့်​​ ​​မြေကြီး​​​ပေါ်
အလျား​​​မှောက်လဲကျသွား​​သည်။ သူတို့​​ဖက်က လူတ​​ယောက်လဲကျသွား​​သည်ကို
မြင်​​သောအခါ ဦး​​သာ​​ခေါင်တို့​​ဖက်မှ လူများ​​သည် လက်ထဲမှတုတ်များ​​ကိုချ၍
​​လေး​​ငါး​​​ခြောက်​​ယောက် ထွက်​​ပြေး​​ကြသည်။ ထိုအချိန်ကစ၍
ဦး​​သာ​​ခေါင်တို့​​လူစုမှာ စိတ်ဓာတ်ပျက်ပြား​​ပြီး​​လျှင် ကစဉ့်​​ကရဲ ထွက်​​ပြေး​​ကြသည်။

လူသား​​​တွေ ​​ပြေး​​မှန်း​​သိ​​သောအခါ တိရစ္ဆာန်များ​​က ​​နောက်မှ
ဖိလိုက်ကြသည်။ ဦး​​သာ​​ခေါင်တို့​​ လူစုမှာ အ​​ဝှေ့​​ခံရသူခံရ အကန်ခံရသူခံရ
အထိုး​​အဆိတ်ခံရသူခံရ အနင်း​​ခံရသူခံရ ဖြစ်သည်။ တိရစ္ဆာန်တိုင်း​​
တိရစ္ဆာန်တိုင်း​​က သူ့​​နည်း​​နှင့်​​သူ လူသား​​တို့​​အ​​ပေါ်တွင် ရန်တုံ့​​ပြန်ကြသည်။
ခါတိုင်း​​​ရှောင်ဖယ် ​​ရှောင်ဖယ်လုပ်​​နေကြ မိတိုး​​က​​တောင် သည်တခါမ​​နေ။
မိတိုး​​က တင်း​​ကုပ်​​ခေါင်မိုး​​​ပေါ်မှ လူတစ်​​ယောက်၏ ​ကျော​​ပေါ်သို့​​ ဖြုန်း​​ကနဲ
ခုန်ချပြီး​​လျှင် ဇတ်ပိုး​​ကို တအား​​ဖိ၍ ကုပ်လိုက်သည်။ အကုပ်ခံရသူလည်း​​
အ​​မေ​​အော်ကာ ဘ​​အော်ကာ တခါတည်း​​ ထွက်​​ပြေး​​ရသည်။ ဦး​​သာ​​ခေါင်တို့​​
လူစုသည် ​​ပြေး​​​ပေါက်ရသည်နှင့်​​ တပြိုင်နက် စည်း​​ရိုး​​​ပေါက်မှ တခါတည်း​​
ထွက်​​ပြေး​​ကြသည်။ ကွမ်း​​တစ်ရာညက်ခန့်​​အတွင်း​​၌ ဦး​​သာ​​ခေါင်တို့​​ လူစုမှာ
လာလမ်း​​အတိုင်း​​ အရှက်တကွဲ တပ်​​ခေါက်၍ ​​ပြေး​​ရသည်။ ထိုသို့​​ အ​​ပြေး​​တွင်
ငန်း​​ဘဲများ​​က ​​နောက်မှ တရှုး​​ရှုး​​တရှား​​ရှား​​​အော်ကာ သလုံး​​သား​​များ​​ကို လိုက်၍
ဆိတ်ကြ​​သေး​​သည်။

ဦး​​သာ​​ခေါင်တို့​​လူစုအနက် ဂျိုကား​​လက်ချက်ဖြင့်​​ လဲ၍ကျန်ခဲ့​​​သော
လူသား​​တစ်​​ယောက်မှ လွဲ၍ အကုန်ထွက်သွား​​ကြပြီ။ ဂျိုကား​​သည်
​​မြေကြီး​​​ပေါ်တွင် စန့်​​စန့်​​ကြီး​​ လဲကျန်ရစ်ခဲ့​​​သော လူသား​​ကို ခွါနှင့်​​
ဟိုဖက်သည်ဖက် လှိမ့်​​၍ကြည့်​​သည်။ ထိုလူသား​​မှာ လှုပ်​​ဖေါ်ရှက်​​ဖေါ်မရ။
ဂျိုကား​​သည် စိတ်မ​​ကောင်း​​။ ''ဒီလူသား​​​တော့​​ ​​သေရှာပြီ။ ငါက
တမင်​​သေ​​အောင်လုပ်လိုက်တာ​​တော့​​ မဟုတ်ပါဘူး​​။ ငါက
တအား​​စွပ်ပြီး​​​ဝှေ့​​လိုက်ယင် ဒီလိုဖြစ်သွား​​မှာဘဲလို့​​ မ​​တွေး​​မိလို့​​
ဒီလိုဖြစ်သွား​​တာဘဲ။ ငါတမင်လုပ်တာမဟုတ်ဘူး​​လို့​​ ​​ပြောရင်​​တောင် ယုံကြမှာ
မဟုတ်ဖူး​​ထင်တယ်'' ဟု ​​နောင်တဖြစ်​​သော ​​လေသံနှင့်​​ ဂျိုကား​​က​​ပြောသည်။

ထိုအခါ ​​ဘော်ဖြူက ''လွမ်း​​မ​​နေစမ်း​​ပါနဲ့​​ ရဲ​​ဘော်ရယ်။ စစ်ကို
စစ်လိုသ​​ဘောထား​​စမ်း​​ပါ။ လူသား​​မှန်ယင် အသက်မရှိသူကလွဲပြီး​​ တ​​ကောင်မှ
​​ကောင်း​​တာမဟုတ်ပါဘူး​​'' ဟု ​​ပြောသည်။ ​​ဘော်ဖြူမှာ ​​သေနတ်မှန်​​သော
ဒဏ်ရာဖြင့်​​ ​​သွေး​​​တွေရဲ​​နေသည်။ ဂျိုကား​​သည် မျက်ရည်​​တွေ လည်လာပြီး​​
''ငါဟာ ဘယ်သူ့​​ အသက်ကိုမှ သတ်ချင်စိတ် မရှိပါဘူး​​။ ကုန်ကုန်​​ပြောရမယ်
ဆိုရင် လူသား​​အသက်​​တောင် မသတ်ချင်ပါဘူး​​'' ဟု ဝမ်း​​နည်း​​စွာ​​ပြောသည်။

ထိုအခိုက်တွင် ''ဟဲ့​​ မယ်သီတ​​ကောင် မမြင်ပါလား​​'' ဟု
တိရစ္ဆာန်တ​​ကောင်က ​​ပြောသည်။ မယ်သီ​​ပျောက်၍ ​​နေသည်။ တိရစ္ဆာန်အား​​လုံး​​
မျက်လုံး​​မျက်ဆန်ပြူး​​၍ သွား​​ကြသည်။ မယ်သီမှာ ဒဏ်ရာဘဲ ရသွား​​သလား​​။
လူသား​​​တွေကဘဲ ဖမ်း​​သွား​​ကြသလား​​ဟု အမျိုး​​မျိုး​​​တွေး​​​တောပူပန်ကြသည်။
​​နောက်ဆုံး​​တွင် မယ်သီကို သူ့​​​ဇောင်း​​ထဲမှာ သွား​​၍ ​​တွေ့​​ကြသည်။ မယ်သီမှာ
​​ကောက်ရိုး​​ကြား​​ထဲတွင် ​​ခေါင်း​​ဝှက်၍ ပုန်း​​​နေသည်။ မယ်သီသည်
​​သေနတ်သံကြား​​ကတည်း​​က ထွက်​​ပြေး​​ပြီး​​ပုန်း​​​နေသည်။ မယ်သီကိုရှာ၍
ပြန်လာကြ​​သောအခါ တုံး​​လုံး​​ကြီး​​ လဲကျန်ရစ်​​သော လူသား​​သည်
အူယား​​ဖါး​​ယား​​ ထ၍ ​​ပြေး​​နှင့်​​ပြီ။ ဂျိုကား​​၏ ချိုချက်မှာ မူး​​ရုံ​​လောက်သာ
ဖြစ်သဖြင့်​​ ထိုလူသား​​ ထ၍ ​​ပြေး​​နိုင်ခြင်း​​ဖြစ်သည်။

တိရစ္ဆာန်များ​​သည် အ​​ပျော်ကြီး​​​ပျော်ကြပြီး​​လျှင် ဆူညံစွာ ပြန်၍စုကြသည်။
တိုက်ပွဲ၌ သူက ဘယ်လို တိုက်ခဲ့​​သည်။ ငါက ဘယ်လိုတိုက်ခဲ့​​သည် ဆို​​သော
ကိုယ်​​တွေ့​​အ​​ကြောင်း​​များ​​ကိုလည်း​​ သံကုန်တင်၍ အလုအယက်ပြန်​​ပြောကြသည်။
ထို့​​​နောက် ​​ရှောင်တခင် ​​အောင်ပွဲကျင်း​​ပကြသည်။ တိရစ္ဆာန်တို့​​သည် အလံတိုင်၌
''ခွါနှင့်​​ဂျို'' အလံကိုတင်ပြီး​​လျှင် ဒို့​​တိရစ္ဆာန်သီချင်း​​ကို အကြိမ်များ​​စွာဆို၍
အ​​လေး​​ပြုကြသည်။ ထို့​​​နောက်တိုက်ပွဲ၌ ကျဆုံး​​သွား​​​သော သိုး​​၏အ​​လောင်း​​ကို
စစ်အခမ်း​​အနား​​နှင့်​​ သဂြင်္ိုဟ်ကြသည်။ ကျဆုံး​​သူသိုး​​၏ သင်း​​ချိုင်း​​တွင် လွမ်း​​သူ့​​
ပန်း​​​ခွေချပြီး​​​နောက် အထိမ်း​​အမှတ်အလို့​​ငှါ ကျား​​လျား​​ပင်
တပင်စိုက်ထား​​ကြသည်။ သိုး​​၏အ​​လောင်း​​ကို မမြှုပ်ခင် ​​ဘော်ဖြူက
အသုဘမိန့်​​ခွန်း​​ ​​ပြောပြီး​​​နောက် တိရစ္ဆာန်များ​​အား​​ အ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​ကို
အ​​ရေး​​အ​​ကြောင်း​​ရှိက အသက်နှင့်​​ လဲ၍ ကာကွယ်ကြရန်
တိုက်တွန်း​​စကား​​​ပြောသည်။

ထို့​​​နောက်တိရစ္ဆာန်တို့​​သည် ​​ဘော်ဖြူနှင့်​​ ဂျိုကား​​တို့​​အား​​ ''တိရစ္ဆာန်ဇာနည်
ပထမတန်း​​'' ဘွဲ့​​တံဆိပ်ကို တညီတညွတ်တည်း​​ အပ်နှင်း​​လိုက်ကြသည်။
တံထိပ်မှာ ​​ကြေး​​ခ​​လောက်အပျက်တစ်ခုကိုလုပ်ထား​​​သော တံဆိပ်ဖြစ်၍
တနင်္ဂ​​နွေ​​နေ့​​နှင့်​​ အခြား​​ အလုပ်အား​​လပ်​​သော ​​နေ့​​တိုင်း​​တွင် တပ်ဆင်ရန်
ဖြစ်သည်။ ကျဆုံး​​​သော သိုး​​ရဲ​​ဘော်ကိုလည်း​​ 'တိရစ္ဆာန်ဇာနည် ဒုတိယတန်း​​'
ဘွဲ့​​တံဆိပ်ဖြင့်​​ ချီး​​မြှင့်​​လိုက်ကြသည်။

ထို့​​​နောက် ​​တော်လှန်​​ရေး​​သမိုင်း​​ထိုး​​သည့်​​အခါတွင် သူတို့​​ ပထမ
​​အောင်လိုက်​​သော တိုက်ပွဲကို ဘယ်လိုနာမည်​​ပေး​​ဖို့​​ ​အ​​ကြောင်း​​နှင့်​​
ပတ်သက်၍လည်း​​ အကြီး​​အကျယ် ​​ဆွေး​​​နွေး​​ကြသည်။ ​​နောက်ဆုံး​​တွင်
နွား​​တင်း​​ကုပ်မှ ​​ချောင်း​​၍ တိုက်​​သောတိုက်ပွဲ ဖြစ်သည့်​​အတွက်
နွား​​တင်ကုပ်တိုက်ပွဲဟု ​​ခေါ်ရန် အား​​လုံး​​ သ​​ဘောတူကြသည်။ တိုက်ပွဲအပြီး​​တွင်
ဦး​​သာ​​ခေါင်၏​​သေနတ်ကို ရွှံ့​​ထဲမှ ပြန်၍ရကြသည်။ ဦး​​သာ​​ခေါင်အိမ်ထဲ၌
ယမ်း​​​တောင့်​​များ​​လည်း​​​တွေ့​​ကြသည်။ ထို့​​​ကြောင့်​​ ​​သေနတ်ကို အလံတိုင်​​ရှေ့​​၌
အ​​မြောက်သဖွယ် တပ်ဆင်ပြီး​​လျှင် နှစ်တိုင်း​​နှစ်တိုင်း​​ ​​တော်လှန်​​ရေး​​​နေ့​​၌ တကြိမ်
နွား​​တင်း​​ကုပ်တိုက်ပွဲ​​နေ့​​၌တကြိမ် ပစ်​​ဖေါက်ရန် သ​​ဘောတူဆုံး​​ဖြတ်ကြသည်။

0 responses to “ အခန်း (၄) ”

Leave a Reply