အခန်း (၁)
ခြလေေးချောင်းတော်လှန်ရေး
ဦးသာခေါင်၌ လယ်လည်း ရှိသည်။ ယာလည်း ရှိသည်။
နွားတွလေည်း ရှိသည်။ ဆိတ်တွေ ဝက်တွလေည်း ပေါသည်။ ကကြ်တွေ
ဘဲတွလေည်း လှိုင်သည်။ မငြ်းတွေ သိုးတွလေည်း မနည်း။
ဦးသာခေါင်သည် သူပိုင်သော ယင်းမာပင်ကွင်းယာတော၌ တဲကြီးထိုး၍
နသေည်။ သူကဲ့သို့ ယာတောသို့ ထွက်၍ နကြေသောသူများလည်း ရှိသည်။
သူနေသောနရောကို ''ယင်းမာပင်ကွင်း'' ဟု ဆိုလျှင် ခရီးတစ်သောင်းလောက်
ပတ်ဝန်းကျင်အတွင်း၌ မသိသူမရှိ။ ဦးသာခေါင်သည် လယ်လုပ်ချိန်တွင်
လယ်လုပ်သည်။ နှမ်းကြဲချိန်တွင် နှမ်းကြဲသည်။ မိုးဦးကျတွင် ပြောင်းဖူးကို
ဖရုံ၊ သခွားနှင့် ရော၍ ကြဲသည်။ နွားကျွေးရန်ပြောင်း ကိုလည်း
သတ်သတ်စိုက်သည်။ ဦးသာခေါင်သည် လယ်ယာအလုပ်ကိုသာ
လုပ်သည်မဟုတ်။ ဆိတ်များကိုလည်း မွေး၍ နယ်လှည့်
ဆိတ်ဝယ်ကုလားများသို့ ရောင်းသည်။ ဝက်များကိုလည်း ဖောက်၍
ဝက်ထိုးတရုပ်များသို့ ရောင်းသည်။ တခါတရံ အခါကာလအလိုက်
ဝက်သားလည်း သူ့ဟာသူပေါ်သည်။ နွားအို၊ နွားပိန်များကိုလည်း အလကား
မထား၊ ငွစေ အဖစြ်သို့ ရောက်စခေငြ်းငှာ သားသတ်ရုံသို့ပို့သည်။
ဦးသာခေါင်သည် သူပိုင်သော နွား ဆိတ် ဝက် ဘဲနှင့် ကကြ်တို့ အပေါ်၌
ထူး၍ ကငြ်နာသော သဘောရှိသည်ဟု မဆိုနိုင်။ သို့ရာတွင် ထူး၍
ရက်စက်မည်ဟူသော စိတ်ထားလည်း မရှိ။ နွားများသည် သူ၏
စီးပွားဖက်များဖစြ်သည်။ ထို့ကြောင့် နွားများအပေါ်၌ အထူးကငြ်နာ
စောင့်ရှောက်အပ်သည်ဟူ၍လည်း သူ့စိတ်ထဲတွင် မဥပါဒ်မိ။ နှိပ်စက်လိုသော
သဘောသက်သက်နှင့် နှိပ်စက်ခငြ်းလည်း မရှိ။ ယင်းသို့ မှန်သော်လည်း
သူ့၏စိတ်ထဲတွင် နွား ဆိတ် ဝက် စသည်တို့ကို စာရင်းသွင်းကာ ထဲ့၍
မစဉ်းစားမိ။ သူပိုင် တိရစ္ဆာန်များကို ကျွေးရိုး ကျွေးစဉ် အတိုင်း
အစဉ်အလာမို့ ကျွေးခငြ်းမှတပါး စတေနာနှင့် ပြုစုခငြ်း မရှိ။
ထမ်းပိုးရုန်းရလွန်း၍ ပခုံးပေါက်ပြီး အသားနီလန်နေသောနွားသည်
နာရှာလိမ့်မည်ဟုလည်း ဂရုဏာမသက်မိ။ အလုပ်ထူး၍
ပင်ပန်းသောတိရစ္ဆာန်ကိုလည်း ထူး၍လုပ်ရသောအလုပ်နှင့် တန်အောင်
ထူး၍ကျွေးမွေးမည်ဟု အာရုံမထား။ အမှုမဲ့ အမှတ်မဲ့သာတည်း။
တနေ့ညနေစောင်းတွင် ဦးသာခေါင်သည် ဘုန်းကြီးပျံသို့
သွား၍အပနြ်တွင် ထန်းတောတခုသို့ ဝင်ကာ ထန်းရည်သောက်ခဲ့သည်။
ခရီးကလည်း အနည်းငယ်ပန်းပနြ် ထန်းရည်ကလည်း အနည်းငယ် ''ထို''
နပေနြ်သောကြောင့် နဝေင်ရီသရောအချိန် အိမ်သို့ ပနြ်ရောက်သောအခါ
နွားခြံ ကကြ်ခြံ ဝက်ခြံ စသည်တို့ကို လုံခြုံစွာ ပိတ်ဖို့ သတိမရဘဲ လက်က
ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုသာ တဖွားဖွား ဖွာ၍ အိမ်ထဲသို့
ဝင်သွားပြီးလျှင် တအောင့်လောက်နား၍ မီးခွက်ကိုမှုတ်ကာ တခူးခူးနှင့်
အိပ်ပျော်နပြေီဖစြ်သော သူ့မယား ဒေါ်အိုစာ ဘေးမှ ဝင်၍
အိပ်လိုက်လသေည်။
ဦးသာခေါင်၏ အိမ်ခန်းမှ မီးခွက်မှုတ်လိုက်သည်ကို
မငြ်လိုက်ကသြည်နှင့် တပြိုင်နက် ဦးသာခေါင်၏ ခြံတွင်း၌ ရှိကြသော နွား
ဆိတ် ဝက် ဘဲ ကကြ် မငြ်း ခွေး စသည်တို့သည် ရုတ်ရုတ်ရုတ်ရုတ် ဖစြ်၍
လာကသြည်။ ''နရောကျပြီ။ နရောကျပြီ၊ ဦးသာခေါင် အိပ်ပြီ။ လာကြဟေ့။
ထကြဟေ့၊ ဗိုလ်ကြီးဆီကို သွားပြီး သူ့အိမ်မက်အကြောင်း
နားထောင်ရအောင်'' ဟု တိရစ္ဆာန်များ တကောင်နှင့် တကောင် တိုးတိုး
တိုးတိုး ဖစြ်၍ နကေသြည်။ လွန်ခဲ့သောညက ဗိုလ်ကြီးဟု ခေါ်သော
ဝက်လားဥဿဖကြီးသည် အလွန်ထူးဆန်းသောအိမ်မက်တစ်ခုကို မငြ်သဖငြ့်
တခြံတည်းနေ တသခင်တည်းပိုင်ဖစြ်ကြသော တိရစ္ဆာန်အပေါင်းတို့သည်
အတိတ်ကောင်း နိမိတ်ကောင်း စကားကို ကြားရလိမ့်မည်ဟု
မြှော်လင့်နကေသြည်။ ဗိုလ်ကြီးကလည်း သူ့အိမ်မက်အကြောင်းကို
တိရစ္ဆာန်အပေါင်းအား စတေနာသက်သက်ဖငြ့် ပြောပလြိုကြောင်း
သတင်းကောင်းဖနြ့်၍ ထားသည်။ ဦးသာခေါင် အိပ်သည်နှင့် တပြိုင်နက်
တိရစ္ဆာန်အားလုံးသည် ဗိုလ်ကြီးထံ စုဝေးသွားရောက်ကရြန်
တပငြ်ပငြ်နှင့်နကေသြည်။ ဗိုလ်ကြီးဆိုလျှင် ဦးသာခေါင်ခြံတွင်း၌ တိရစ္ဆာန်
အားလုံးအနက် မကညြ်ညိုသော တိရစ္ဆာန်မရှိ။ ဗိုလ်ကြီးပြောသည်ကို
နားထောင်ရလျှင် တညတလေ အအိပ်ပျက်၍ အရေးမကြီး။
ဦးသာခေါင်အိပ်ပျော်ချိန်တွင် နွားများသည် ခြံမှထွက်၍ လာကသြည်။
ဝက်များကလည်း ဝက်ခြံမှ အလုံးအရင်းနှင့် အစုလိုက် အအုပ်လိုက်
ထွက်လာကသြည်။ မငြ်းများကလည်း မငြ်းစောင်းမှ ဟီသံပေး၍
တကောင်ချင်း ''လမ်းဒိုးနင်း'' ၍ လာကသြည်။ ကကြ်များကလည်း
အိပ်တန်းမှ ကတော်သံပေး၍ လာကသြည်။ တိရစ္ဆာန်များသည်
ဦးသာခေါင်အိမ်ဝင်း တောင်ဖက်ဖျားရှိ ညောင်ပင်ကြီးအောက်တွင်
စုဝေးဖို့ချိန်းကသြည်။ ဗိုလ်ကြီးသည် ညောင်ပင်ရင်းရှိ ကမူပေါ်တွင်
ကောက်ရိုးများခင်း၍ တင့်တယ်စွာ ထိုင်သည်။ သူ့ရှေ့ မနီးမဝေး
တိုင်ငုတ်ပေါ်တွင် မီးခွက်တစ်ခု ထွန်းထားသည်။ ဗိုလ်ကြီးမှာ အသက်
တဆယ့်နှစ်နှစ်ခန့်ရှိပြီ။ ဝက်တို့၏ သက်တမ်းအားဖငြ့် ငယ်ရွယ်သူဟု
မဆိုနိုင်။ အသက်ကြီးကာမှ ဝဖြိုး၍လည်းနသေည်။ သို့ရာတွင်
ဗိုလ်ကြီး၏ ဝခငြ်း ဖြိုးခငြ်းမှာ အရုပ်ဆိုးလောက်အောင် ဝခငြ်း ဖီးခငြ်းမဟုတ်။
ခံ့ညားတင့်တယ် ရှုချင်ဖွယ်ရှိရုံသာ ဝခငြ်း ဖီးခငြ်းဖစြ်သည်။
ခပ်သိမ်းသော ဝက်တို့အနက် ဗိုလ်ကြီးလောက် ဝက်၏ ဣန္ဒြနှေင့် ပညြ့်စုံသော
ဝက်မည်သည် မရှိ။
ညောင်ပင်ကြီးအောက် ခင်းအပ်သော ကောက်ရိုးနရောထိုင်ထက်၌
လျောက်ပတ်စွာ ဗိုလ်ကြီး ထိုင်ပြီးသောအချိန်နှင့် မရှေးမနှောင်းတွင်
အခြားတိရစ္ဆာန်များလည်း တစုပြီးတစု ရောက်လာကသြည်။ ပထမဆုံး ဝါမ
ဂုတ်ကျားနှင့် နီပါးတို့ခွေးသုံးကောင် လာသည်။ ထို့နောက်
ဝက်များလာသည်။ ဝက်များသည် ဗိုလ်ကြီးထိုင်သော ကမူရှေ့
ကောက်ရိုးပေါ်တွင် ထိုင်ကသြည်။ ကကြ်များက ခြံစည်းရိုးပေါ်၌ အစီအရီ
ဝပ်ကသြည်။ ခိုဖြူခိုပြာနက်တို့က ညောင်ကိုင်းပေါ်တွင် လည်ယှက်ကာ
နားကသြည်။ သိုးနှင့် ဆိတ်တို့က ဝက်များနောက်ဖက်တွင်
ဝင်၍ထိုင်ကပြြီးနောက် နွားများက သူတို့နောက်ဆွယ်မှ ဝပ်ပြီးလျှင်
စားမြုံ့ပနြ်ရင်း အစည်းအဝေးချိန်ကို စောင့်ကသြည်။ ထိုနွားများထဲတွင်
ဂျိုကားနှင့် ခွာဖြူအမည်ရှိသော နွားပေါက်ကြီးနှင့် နွားမကြီးတို့သည်
ဖညြ်းညှင်းစွာ ဝင်လာကသြည်။ ဂျိုကားနှင့် ခွာဖြူတို့သည်
တိရစ္ဆာန်ပရိသတ်ကြီး ထိုင်ရန်ခင်းထားသော ကောက်ရိုးများထဲတွင်
အခြားတိရစ္ဆာန်ငယ်များ မတော်တဆ ဖုံးကွယ်နကေ မနင်းမိစခေငြ်းငှာ ခွာကို
တဖက်ချင်း တဖက်ချင်း အသာနင်း၍ ဝင်လာကသြည်။ ခွာဖြူမှာ
တတိယအရွယ်ဝင် နွားမိခင်ကြီး ဖစြ်၍ ကျက်သရရှေိသော
နွားအမျိုးသမီးကြီးဖစြ်သည်။ နွားကလေး လေးကောင်မွေးပြီးကတည်းက
ခွာဖြူမှာ ယခင်ကကဲ့သို့ အသားအရေ ပညြ့်ဖြိုးလှပခငြ်း မရှိတော့ချေ။
ဂျိုကားမှာ ဗလလည်းကောင်းသည်။ အယပ်အမောင်းလည်းကောင်း၍ ရိုးရိုး
နွားနှစ်ကောင်စာလောက် အားရှိသည်။ ပါးနပ်လိမ္မာခငြ်းကား ရှိပုံမရ။
သို့ရာတွင် တည်ကညြ်ဖြောင့်မတ်ခငြ်း အားခွန်ဗလကောင်းခငြ်းတို့ကြောင့်
သူ့ကို ခပ်သိမ်းသော တိရစ္ဆာန်တို့က ကညြ်ညိုလေးစားကသြည်။ ဂျိုကားနှင့်
ခွာဖြူတို့ရောက်လာပြီးနောက် မုတ်ဆိတ်ခေါ် ဆိတ်ဖြူကြီးနှင့်
မဟော်အမည်ရှိသော လားတို့သည် ရောက်လာကသြည်။ မဟော်သည်
ဦးသာခေါင်၏ တိရစ္ဆာန်များ အနက် အသက်လည်း အကြီးဆုံး
စိတ်လည်းအတိုဆုံးဖစြ်သည်။ စကားလည်း အလွန်နည်းသည်။တခါတရံ
စကားပြောပနြ်ပါလည်း အရွဲ့တိုက်၍သာပြောသည်။ ဥပမာဆိုသော်
ဘုရားသခင်သည် သူ့အား ယင်ချောက်ရန် အမြီးကို
ဖန်ဆင်းပေးတော်မူသည်မှာ မှန်သည်။ သို့ရာတွင် သူ့သဘောအရဆိုလျှင်
ဘုရားသခင်သည် သူ့အမြီးကိုလည်း မဖန်ဆင်းစလေို။ ယင်ကိုလည်း
မဖန်ဆင်းစလေိုဟု ဆိုသည်။ တိရစ္ဆာန်များအားလုံးအနက် မဟော်သည်
တခါမျှ ရယ်ခငြ်းပြံုးခငြ်း မရှိ။ ''ဟေ့ မဟော် နင်ဘာလို့ မရယ်ဒါလဲ'' ဟု
အခြားတိရစ္ဆာန်များက မေးကြသော အခါ မဟော်က ''လောကမှာ
ဘာရယ်စရာရှိလို့ ငါကရယ်ရမှာလည်းဟ'' ဟု ပနြ်၍ဖြသေည်။ မဟော်သည်
ဂျိုကားကို အလွန်ချစ်သည်။ သူတို့နှစ်ကောင်သည် အလုပ်အားသည့်နေ့တွင်
စကားမပြောကဘြဲ မကြ်ခြံထဲတွင် ဘေးချင်းယှဉ်ကာ အစာစားလေ့ရှိသည်။
နွားကြီးနှစ်ကောင် ဝပ်ပြီးသည်နှင့်တပြိုင်နက် ဘဲကလေးတစ်စုသည်
မိခင်ပျောက်သည်နှင့် လည်ပင်းကလေးများကို မော့၍ ဟိုကညြ့်သည်ကညြ့်
ကညြ့်ကာ တကောင်နောက်တကောင်စီတန်း၍ ဝင်လာကပြြီးလျှင် သူတို့အား
တခြားတိရစ္ဆာန်များ မနင်းမဖိမိမည့်နရောကို ရှာကသြည်။ ထိုအခါ ခွာဖြူက
သူ၏ခြေထောက်များကို ဖယ်ရှားပေးသဖငြ့် ဘဲကလေးများသည် ခွာဖြူ၏
ရင်ခွင်နားသို့ ကပ်၍ တကောင်ပေါ်တကောင်ထပ်ကာ ဝပ်ကပြြီးလျှင်
ချက်ခငြ်းပင် အိပ်ပျော်သွားကသြည်။ ထို့နောက် ဦးသာခေါင်
စီးနကေဖြစြ်သော မယ်သီခေါ်သည့် မငြ်းမသည် လည်ပင်းက
ကြေးခလောက်သံကလေး တချွင်ချွင်နှင့် ပါးစပ်က ထန်းလျက်ကို မြံု့ရင်း
ဝင်လာသည်။ မယ်သီသည် ပေါတောတော မငြ်းမဖစြ်သည်။ သူ့လည်ပင်းက
ကြေးခလောက်သံကို အခြားတိရစ္ဆာန်များ ကြားနိုင်စခေငြ်း အလိုငှာ လည်ပင်း
တခါခါလှုပ်၍ ရှေ့နားဆီသို့ ဝင်သွားသည်။ နောက်ဆုံးတွင် မိတိုးမည်သော
ကြောင်မကြီးသည် တောင်မြောက်လေးပါးကို ကညြ့်၍ ဝင်လာပြီးလျှင်
ဂျိုကားနှင့် ခွာဖြူကြားသို့ ဝင်၍ တခွီးခွီနှင့် ကွေး၍ အိပ်လရော
ဗိုလ်ကြီးဟောပြောသည်ကို တလုံးမျှ မကြားလိုက်ဘဲ ရှိသည်။
ထိုအစည်းအဝေး သို့ ယင်းမာပင်ကွင်း၌ ရှိသော တိရစ္ဆာန်များအနက်
ဦးသာခေါင်မွေးထားသော ငအောခေါ် တောကျီးကန်းကြီးတကောင်မှတပါး
အားလုံး အစုံအညီတက်ရောက်ကသြည်။ တိရစ္ဆာန် ပရိသတ်ကြီးသည်
အစည်းအဝေးခွင်၌ ဘာသာဘာဝ သက်တောင့်သက်သာထိုင်မိကြသောအခါ
ဗိုလ်ကြီးက အဟမ်းအဟမ်းဟု အမ္မသဒ္ဒါပြုပြီးလျှင် မိန့်ခွန်းမကြ်ကြားသည်မှာ
ဆိုလတ္တံသည့်အတိုင်းဖစြ်သည်။
''အို ငါနှင့် တကွင်းတည်းနေ ဆင်းရဲဘော်ဆင်းရဲဘက် ရဲဘော်
အပေါင်းတို့၊ ယခုည ဤကဲ့သို့ သောင်းသောင်းဖဖြြ ငါတို့စည်းဝေးကရြခငြ်း
အကြောင်းမှာ အခြားကြောင့်မဟုတ်။ ငါမနေ့ညက မငြ်မက်သော
အိပ်မက်ထူးကို သင်တို့အားပြောကြားလိုခငြ်းကြောင့် ဖစြ်ပါသည်။ ငါသည်
ရဲဘော်တို့အား ငါ၏အိပ်မက်အကြောင်းကို မပြောခင် အခြားအရေးကြီးသော
အကြောင်းများနှင့် စကားပလင်ခံလိုပါသည်။ ငါသည်
စကားပြောဝါသနာပါ၍ စကားမရှိ စကားရှာကာ တောင်စဉ်ရမေရ
စကားတို့ဖငြ့် သင်တို့၏ အဖိုးတန်သော အချိန်ကို ဖြုန်းပစ်မည့် သဘောနှင့်
ဤအစည်းအဝေးကို ခေါ်ရခငြ်း မဟုတ်သည်ကို သင်တို့အား ရှေးဦးစွာ
သိစလေိုပါသည်။ ငါသည် အသက်ကြီးရင့်ပြီ ဖစြ်သဖငြ့် နောက်ကို
ကြာရှည်စွာ သင်တို့နှင့် နရေတော့မည် မဟုတ်ပါ။ သို့ဖစြ်ရာ
ငါမသခေင်တွင် သင်တို့အား ငါဆည်းပူးထားသမျှ ဗဟုသုတများကို
အမွေပေး၍ ပစ်ခဲ့ချင်ပါသည်။ ငါသည် အသက်ကြီးရင့်ပြီဖစြ်သည့်အတိုင်း
ငါ၏ခြံထဲ၌ တကိုယ်ယတေကာယချင်း ဆင်ခငြ်သုံးသပ်ဖို့
အချိန်များစွာရခဲ့ပါသည်။ ထိုသို့ အချိန်များစွာ ရခဲ့သည့် အကျိုးအားဖငြ့်
ဤလောကကြီးအကြောင်းကို ယခုရှိနကြေသော တိရစ္ဆာန်များအနက်
ငါထက်ပို၍ သိသူရှိမည် မထင်ပါ။ ယခု ငါပြောလိုသောအကြောင်းမှာလည်း
လောကကြီး၏ အကြောင်းပင်ဖစြ်ပါသည်။ ဂရုစိုက်ပြီး နားထောင်ကပြါ။
ရဲဘော်တို့။ ငါတို့လောကကြီးမှာ တိရစ္ဆာန်ရယ်လို့ဖစြ်လာကပြြီး
ဘယ်လိုနကေရြပါသနည်း။ ဟုတ်မှန်သည့်အတိုင်း ငါတို့ ဆင်ခငြ်ကကြုန်အံ့။
ငါတို့သည် တိရစ္ဆာန်ရယ်လို့ ဖစြ်လာကရြသည့် အချိန်ကစ၍ တချက်မျှ
အေးကွက်နှင့် မတွေ့ခဲ့ကရြ။ ငါတို့ အလုပ်လုပ်လိုက်ကရြသည်မှာလည်း
မသရေုံတမယ်သာရှိသည်။ ငါတို့သက်တမ်းမှာလည်း သက်ဆုံးနကေရြသည်ဟု
မရှိ။ ငါတို့သည် အမိဝမ်းတွင်းမှ ကျွတ်လာကသြည်နှင့် တပြိုင်နက်
မသရေုံသာ စားကရြသည်။ ငါတို့အထဲမှ အလုပ်လုပ်နိုင်သော
တိရစ္ဆာန်များလည်း အင်ကုန် အားကုန်လုပ်ကရြသည်။
အလုပ်မလုပ်နိုင်သောအချိန်သို့ ရောက်ပနြ်တော့လည်း ငါတို့ကို ရက်စက်စွာ
သတ်ဖတြ်၍ ပစ်ကသြည်။ ဤလောကမှာ ရှိတဲ့ တိရစ္ဆာန်များအနက်
အသက်တနှစ်ပညြ့်သည်နှင့် တပြိုင်နက် ဘယ်သူများ စိတ်ချမ်းသာ
လက်ချမ်းသာ နကေရြပါသနည်း။ ဘယ်သူများ အားလပ်ခွင့်
ရကပြါသနည်း။ လောကမှာ လွတ်လပ်တဲ့ တိရစ္ဆာန်ရယ်လို့
ဘယ်တကောင်များ ရှိပါသလဲ။ လောကမှာ တိရစ္ဆာန် ဖစြ်ရခငြ်းထက်
ဆင်းရဲတဲ့ဘဝ မလွတ်လပ်တဲ့ ဘဝများ ရှိပါသေးသလား။ မရှိပါဘူး။
အဲဒါဟာ ပကတိ သဘောအားဖငြ့် ထင်ရှားတဲ့ အချက်ကြီးပါဘဲ။
သည်ကဲ့သို့ ငါတို့ ဆင်းရဲကရြခငြ်းမှာ သဘာဝ ဓမ္မအလျောက်
ဆင်းရဲရခငြ်း မဟုတ်ပါ။ ဒီနိုင်ငံမှာ အားလုံး ဝဝဖြိုးဖြိုး စားလောက်အောင်
အသီးအနှံ မပေါက်ရောက်လို့ လုပ်ခင်းဆောင်တာ မရှိလို့ ဆင်းရဲကရြမည်
ဆိုလျှင်ငါတို့ စိတ်ဖြနေိုင်ပါသေးသည်။ ယခုတော့ ဖောင်စီးရင်း
ရငေတ်နရေတော့ အဘယ်မှာ ငါတို့ ကြနေပ်နိုင်ပါမည်နည်း။ ဒီနိုင်ငံဟာ
မြေဩဇာလည်း ကောင်းသည်။ ရာသီဥတုလည်းကောင်းသည်။ မျှမျှ
တတသာ ရှိကမြည်ဆိုလျှင် ယခုရှိနေသော တိရစ္ဆာန်များသာ မဟုတ်။
နောက်ထပ် တိရစ္ဆာန်ပေါင်းများစွာကိုပင် ဝဝဖြိုးဖြိုး ကျွေးထားနိုင်ပါသည်။
ဥပမာ ဒီ ဦးသာခေါင်ပိုင်တဲ့ လယ်ယာက ထွက်တာတစ်ခုထဲနှင့် ဘဲ နွားတွေ
ဆိတ်တွေ သိုးတွေ ဝက်တွေ ကကြ်တွေ အမြောက်အမြားကို ဝဝလင်လင်ကြီး
ကျွေးထားနိုင်ပါသည်။ ယခုတော့ ဝဝလင်လင် စားရဘို့
တင့်တောင့်တင့်တယ်နနေိုင်ဘို့ ဆိုသည်ကို စိတ်ကူးတောင် ထည့်လို့
မရပါဘူး။ ဒီလိုဖစြ်ရတာဟာ တခြားကြောင့် မဟုတ်ပါ။ ငါတို့
ချွေးနှီးစာတွမှေန်သမျှကို လူသားတွကေချည်း
သိမ်းကျံုးယူနကေလြို့ဖစြ်ပါသည်။ ဒီအကြောင်းကို ငါတို့ နားလည်မှု
ရလာကသြည်နှင့် တပြိုင်နက် ငါတို့ အငတ်ပြဿနာကြီးဟာ တခါတည်း
ပြေပျောက်သွားပါလိမ့်မယ်။ ဒါကြောင့် တိုတိုပြောရမယ်ဆိုလျှင် ငါတို့ရဲ့
တစ်နံပါတ်ရန်သူဟာ တခြားသူ မဟုတ်ပါ။ ''ခြနှေစ်ချောင်းနဲ့
နားရွက်တို''ခေါ်တဲ့ လူသားတွပေါဘဲ။ ဒါကြောင့် ငါတို့ရဲ့ အငတ်ပြဿနာနဲ့
အလုပ်မအားအောင် လုပ်ရတဲ့ ပြဿနာကို တခါတည်း အပြီးအပိုင်
ဖြဖေတြ်ချင်တယ် ဆိုရင် လူသားတွကေို အပြီးတိုင် သုတ်သင်၍ပစ်မှ
ဖစြ်နိုင်ပါမည်။
လောကကြီးတခုလုံးမှာ သတ္တဝါအားလုံးအနက် ပစ္စည်းထွက်အောင်
မလုပ်ဘဲနဲ့ သက်သက်ဖြုန်းတီးပစ်နတေဲ့ သတ္တဝါရယ်လို့ လူသတ္တဝါ
တမျိုးဘဲ ရှိပါတယ်။ လူဟာ နို့ကိုလဲ မပေးနိုင်ပါဘူး။ ဥကိုလဲ
မပေးနိုင်ပါဘူး။ ထွန်ကိုလည်း သူ့အားနဲ့သူ မရုန်းနိုင်ပါဘူး။ ယုန်တို့
ပဒတ်တို့ကိုတောင် သူ့ဟာသူ မှီအောင် လိုက်ဖမ်းနိုင်တဲ့သတ္တဝါ
မဟုတ်ပါဘူး။ လောကတွင် လူ့ထက် အဖျင်းနိုင်တဲ့သတ္တဝါမရှိပါ။ ဒီလိုသာ
အဖျင်းနိုင်တယ် အားလုံးသော တိရစ္ဆာန်များအပေါ်မှာတော့ သူက
ဗိုလ်လုပ်နပေါတယ်။ အားလုံးသော တိရစ္ဆာန်များဟာ သူခိုင်းသမျှ အလုပ်ကို
လုပ်ရပြီး မသရေုံ သူကျွေးသမျှကိုသာ စားနကေရြဒါဟာလဲ ရဲဘော်တို့
သိတဲ့အတိုင်းပါဘဲ။ တိရစ္ဆာန်များလုပ်လို့ရတဲ့ ပစ္စည်းများအနက်
တိရစ္ဆာန်များကို ပနြ်ကျွေးဒါဟာ ဘာမှ မဖစြ်လောက်ပါဘူး။ ကျန်တာတွကေို
သူတို့ဘဲ အကုန်သိမ်းကျံုးယူပါတယ်။ မြကြေီးကို ထွန်စရာရှိရင်လည်း ငါတို့
တိရစ္ဆာန်တွဘေဲ ထွန်ရတယ်။ မြေဩဇာ ကျွေးတော့လည်း ငါတို့ချေးနဲ့ဘဲ
ကျွေးရတယ်။ ဒီလိုသာဖစြ်တယ် ငါတို့တတွမှောတော့ ငါတို့
ကိုယ်ပိုင်ဥစ္စာဆိုလို့ အရိုးနဲ့ အရဘေဲ ရှိကရြတယ်။ ကုန်ခဲ့တဲ့နှစ်ကဆိုရင်
ငါတို့အားနွားနို့ ဘယ်နှစ်ပိသာလောက်ပေးကရြတယ်ဆိုတာ နွားမတွကေ
သက်သခေံနိုင်ပါတယ်။ သဘာဝဓမ္မအတိုင်း နွားကလေးတွေ စို့ကရြမယ့်
နို့တွဟော ဘယ်ရောက်ကုန်သလဲ။ ငါတို့ ရန်သူတွဖေစြ်တဲ့ လူသားတွေ
လည်ချောင်းပေါက်ထဲကို အကုန်အစင် စီးဝင်တယ်မဟုတ်ပါလား။
ကိုင်းဒီဘက်က ကကြ်မများကလဲ ပြောကစြမ်းပါအုံး။ မနှစ်က သင်တို့
ဥပေးတဲ့ကကြ်ဥတွထေဲက ဘယ်နှစ်ဥများ ကကြ်ကလေးတွေ
ပေါက်ရတာရှိသလဲ။ သင်တို့ ဥပေးသမျှတွဟော ဦးသာခေါင်တို့
အကျိုးခံစားဖို့အတွက် ဈေးထဲချရောင်းပစ်တာချည်းဘဲ မဟုတ်လား။ ကိုင်း
ဒေါ်ခွာဖြူမွေးပေးတဲ့ နွားကလေး လေးကောင်ကော ဘယ်ရောက်သွားသလဲ
အသက်တနှစ်ပညြ့်တာနဲ့ တပြိုင်နက် ဦးသာခေါင်ကောင်းစားဘို့
ရောင်းပစ်လိုက်တယ် မဟုတ်လား။ ဒီလို ဦးသာခေါင်က ပိုင်စိုးပိုင်နင်း
လုပ်မပစ်လို့ အခုနမျေား ဒေါ်ခွာဖြူမွေးသမျှ နွားကလေး လေးကောင်လုံး
ဒေါ်ခွာဖြူနဲ့ ဥမကွဲ သိုက်မပျက်ရှိနကေမြယ်ဆိုရင် အခုလို ဒေါ်ခွာဖြူ
အသက်ကြီးလာသည့်အခါ ဆေးပေးမီးယူ အားကိုးဖို့ မရပဘေူးလား။
အခုတော့ ဦးသာခေါင် ကျေးဇူးကြောင့် ဒေါ်ခွာဖြူရဲ့
သားသမီးလေးကောင်လုံး မပနြ်လမ်းကို မနြ်းကုန်ကပြါပြီ။ ဒါဟာ အင်မတန်
ရင်ထုမနာ ဖစြ်ဖို့ ကောင်းပါတယ်။ တခုလဲ ဒေါ်ခွာဖြူ
စဉ်းစားကညြ့်စချေင်ပါတယ်။ ဒေါ်ခွာဖြူက နွားကလေး လေးကောင်လဲ
မွေးပေးရတယ်။ ကိုယ်တိုင်လဲ လယ်ထဲမှာ နပေူမရှောင် မိုးရွာမရှောင်
ပခုံးပေါက်အောင် ဆင်းထွန်ရသေးတယ်။ ပြီးတော့ ဒေါ်ခွာဖြူမှာ ဘယ်လို
အကျိုးခံစားရပါသလဲ။ မသရေုံစားပြီး မအားအောင်လုပ်ရတာဘဲ မဟုတ်လား။
အင်း တခုတော့ ပြောစရာရှိသပေါ့ခင်ဗျာ။ ဦးသာခေါင်က ဒေါ်ခွာဖြူနဘေို့
ခြံကလေးတော့ ခတ်ပေးသပေါ့။ ဒီအတွက်တော့လဲ ဦးသာခေါင်ကို
ကျေးဇူးတင်ထိုက်ပါတယ်။ ဒါပမေဲ့ လောကမှာ တိရစ္ဆာန်ရယ်လို့
ဖစြ်လာရတယ်ဆိုရင် ကိုယ့်ခြံကလေးနဲ့ ကိုယ် နပြေီး ရွှေကျောင်းပြောင်ပြောင်
ဝမ်းခေါင်ခေါင် ဖစြ်နရေမယ်ဆိုရင် ဘယ်မှာ မွန်မတြ်တဲ့ တိရစ္ဆာန်
ဖစြ်ရကျိုးနပ်တော့မှာလဲ။
ပြီးတော့ အဲဒီလို ငါတို့ တိရစ္ဆာန်တွမှော ဆင်းရဲခငြ်းနှင့် ရင်နှီးစွာ
နကေရြရုံတွင် မပြီးသေးဘူး။ ဘယ်တော့မှ သက်တမ်းပညြ့် နရေတယ်လို့လဲ
မရှိကဘြူး။ ငါကိုယ်တိုင်အဖို့ မှာတော့ ကံကောင်းထောက်မလို့
ချမ်းချမ်းသာသာ နရေပါတယ်။ ညည်းတွားစရာ မရှိပါဘူး။
အခုငါ့အသက်ဟာဆိုရင်လဲ တဆယ့်နှစ်နှစ်ရှိပြီ။ ဝက်ထဲမှာတော့ ငါဟာ
သက်တော်ရှည်ပေါ့။ ငါက ပေါက်ပွါးတဲ့သားသမီးတွလေဲ အခုဆိုရင်
လေးရာထက်နဲတော့မယ် မဟုတ်ပါဘူး။ သို့သော် တခြားတိရစ္ဆာန်တွထေဲမှာ
ငါလို အိုအောင်မင်းအောင်နရေတဲ့ တိရစ္ဆာန်ရယ်လို့
ဘယ်နှစ်ကောင်များရှိပါသလဲ။ တကောင်မှ မရှိပါဘူး။ အားလုံးသော
တိရစ္ဆာန်များဟာ အဆုံးတနေ့မှာ နာဖျားပြီးသရေတယ်မရှိဘဲ
သက်တမ်းမစေ့ခင် လူသားတို့လက်ချက်နဲ့ သကေုန်ကရြတာ ချည်းပါဘဲ။
ဟောဒီငါ့ရှေ့နားက ထိုင်နကေတြဲ့ဝက်ကလေးတွေ ဆိုယင်လဲ တနှစ်အတွင်း
ဝက်ထိုးလှံဖျားမှာ အမကေယ်ပါ ဘကယ်ပါ အော်ပြီး
အသက်ပျောက်ကရြမှာဘဲ။ အဲဒီလို သခေငြ်းဆိုးနဲ့ သရေမဲ့အဖစြ်ဟာလဲ
ဝက်များ တဦးထဲ အဖို့ မဟုတ်ပါဘူး။ နွားရော သိုးရော ဆိတ်ရော ဘဲရော
ကကြ်ရော အားလုံးနဲ့ သက်ဆိုင်တဲ့ အဖစြ်ပါ။ ဟောဒီဖက်က
ဦးဂျိုကားကြီးဆိုရင်လဲ အခုအရွယ်ကောင်းလို့ အလုပ်လုပ်နိုင်တုန်းသာ
အသက်ရှင်နရေမှာပါ။ အသက်ကြီးလာလို့ အလုပ်
မလုပ်နိုင်တော့ဘူးဆိုတဲ့တနေ့ကျရင် ဦးသာခေါင်က သားသတ်ရုံကို
ပို့လိုက်ဦးမှာပါဘဲ။ ခွေးတွေတောင်မှ အိုလာတယ်ဆိုရင် ဟဲ့ ခွေးအိုကြီး
နင့်ကို ကျွေးမထားနိုင်ဘူးဆိုပြီး မောင်းချလိုက်တယ်မဟုတ်လား။
အတိုချုပ်ပြောရမယ်ဆိုယင် ငါတို့ တိရစ္ဆာန်တွေ ခံစားနကေရြတဲ့
ဘေးဒုက္ခတွဟော တခြားကြောင့် မဟုတ်ဘူး။ လူသားတွမေတရားတဲ့
အတွက်ဘဲဆိုတာ ဆင်ပေါ်မှာ အလံစိုက်သလို အင်မတန်ထင်ရှားပါတယ်။
ဒါကြောင့် ငါတို့ဟာ လူသားတွကေို အကြွင်းမဲ့သုတ်သင်ပစ်ဖို့
အရေးကြီးပါတယ်။ ဒီတော့မှသာ ငါတို့လုပ်လို့ ရသမျှပစ္စည်းတွကေို
ငါတို့ချည်းပိုင်ကပြြီး နေ့ချင်းညချင်း ဆိုသလို လွတ်လပ်ရေးကို ရကမြယ်။
ချမ်းသွာကယြ်ဝကမြယ်။ အဲဒီတော့ ငါတို့ ဘယ်လိုလုပ်ကရြမလဲ ဆိုယင်
လူသားတွကေိုတော်လှန်ပစ်ဖို့အတွက် အသားကြေကြေ အရခေမ်းခမ်း
မနားမနေ ကြိုးစားကရြမယ်။ တိုတိုပြောရမယ်ဆိုရင် လူသားတွကေို
ပုန်ကန်ကရြမယ်။ ယခု ငါတို့လုပ်မဲ့ တော်လှန်ရေး လုပ်ငန်းကြီးဟာ
ဘယ်တော့ အောင်မငြ်မှာလဲ လို့တော့ အသအေချာ ပြောနိုင်ဖို့ ခက်တယ်။
တိရစ္ဆာန် တကောင်ကောင်းဖို့ အတွက် တနှစ်လောက်လုပ်ရရင် ကြာတယ်လို့
ဆိုနိုင်တယ်။ ဒါပမေဲ့ တိရစ္ဆာန်အားလုံးကောင်းဖို့ အတွက် လုပ်တဲ့အခါမှာ
အနှစ်တရာကို ကြာတယ်လို့ မထားကောင်းဘူး။ ငါတို့ဟာ အမြော်အမငြ်
ကြီးကြီးနဲ့ လုပ်ကရြမယ်။ ပထမ စပြီးလုပ်ဖို့ဘဲ အရေးကြီးတယ်။ ငါတို့
စိတ်ထဲက အနှစ်တရာလောက်ကြာမှ တော်လှန်ရေးကြီး
အထမြောက်လိမ့်မယ်လို့ မှန်းထားပမေဲ့ အစစအကြောင်းညီညွတ်လျှင် တနှစ်
နှစ်နှစ်အတွင်း အောင်မငြ်ချင်လဲ အောင်မငြ်မယ်။ လေးငါးဆယ်နှစ်အတွင်း
အောင်မငြ်ချင်လဲ အောင်မငြ်မယ်။ သို့သော် ဘယ်နှစ်နှစ်ပင်ကြာသည်ဖစြ်စေ
ငါတို့ ဝတ္တရားမှာ ယခုညကစပြီး အလုပ်လုပ်ကဖြို့ဘဲ ဖစြ်တယ်။ ငါတို့ဟာ
တကောင်ချင်း နှစ်ကောင်ချင်း တစုချင်း နှစ်စုချင်း အကျိုးကို မကညြ့်ဘဲနဲ့
တိရစ္ဆာန်အားလုံး၏ အကျိုးကို ရှေးရှုပြီး ညီညီညွတ်ညွတ်လုပ်ကမြယ်ဆိုရင်
မြကြေီးကို လက်နဲ့ပုတ်ယင်သာ လွဲချင်လွဲမယ်။ ငါတို့ တော်လှန်ရေးကြီး
ထမြောက် အောင်မငြ်ဖို့ဟာ မလွဲနိုင်ပါဘူး။ ဒါကြောင့် ငါတို့
အသက်ရှင်နကေရြသည့် အတောအတွင်း အချိန်ကလေးမှာ မေ့မေ့လျော့လျော့
မနကေဖြို့ ငါတိုက်တွန်းပါတယ်။ ထို့ပငြ် ငါတို့ တော်လှန်ရေးကြီး
တနေ့တွင် ထမြောက်အောင်မငြ်နိုင်ရန်အတွက် ငါတို့ သားမြေးများကို
အစဉ်အဆက် မှာကြားထားခဲ့ကဖြို့ကိုလည်း ရဲဘော်တို့ မမေ့ကပြါနဲ့။
ရဲဘော်တို့ သင်တို့၏ တော်လှန်ရေး အဓိဋ္ဌာန် ကြီးဟာ ဘယ်အခါမှ
တိမ်းပါးခငြ်း မရှိအောင်လည်း အထူးသတိပြုကပြါ။ ဘယ်သူက
ဘာပြောပြော နားမယောင်ကပြါနှင့်။ အကယ်၍ တစုံတယောက်သောသူက
လူသားများနှင့် တိရစ္ဆာန်တို့မှာ ရန်သူမဟုတ် စီးပွားဖက်သာဖစြ်ပါသည်ဟု
ပြောလာလျှင်လည်း မယုံကပြါနှင့်။ မီးနှင့် ရမှေ ဂဟစေပ်ချင် စပ်ဦးမည်။
လူသားများနှင့် တိရစ္ဆာန်တို့မှာ ဘယ်နံရောအခါမျှ သဟဇတ ဖစြ်ဖို့ မရှိပါ။
လူသားတို့ ကောင်းစားခငြ်းသည် တိရစ္ဆာန်တို့၏ နစ်မွန်းခငြ်းတည်း။
လူသားတို့ ကောင်းစားလျှင် တိရစ္ဆာန်တို့လည်း ကောင်းစားလိမ့်မည်
ဆိုခငြ်းဟာ မီးသွေးကို ဖြူတယ်ဆိုခငြ်းနှင့်သာ တူပါတယ်။ လူသားတို့သည်
သူတို့ အကျိုးတခုမှတပါး ဘယ်သတ္တဝါ၏ အကျိုးကိုမှ ဆောင်ရွက်ကမြည်
မဟုတ်ပါ။ တော်လှန်ရေးကို လုပ်ကရြာတွင် ငါတို့ တိရစ္ဆာန်များသည်
တဦးနှင့် တဦး အကြွင်းမဲ့ညီညွတ်ခငြ်း ရှိကပြါစေ။ တဦးနှင်တဦး ရပေက်၍
မဝင်သော ရဲဘော်စိတ် ထားကပြါ။ လူသားမှန်သမျှကိုလည်း ငါတို့
ရန်သူဟု သဘောထားကပြါ။ တိရစ္ဆာန်မှန်သမျှ တို့ရဲဘော်ချည်း
အောက်မေ့ပါ။
ထိုအခိုက်တွင် အစည်းအဝေးလန့်၍ ရုတ်ရုတ်ရုတ်ရုတ်
ဖစြ်၍သွားသည်။ ထိုသို့ဖစြ်ရသည့်အကြောင်းမှာ ဗိုလ်ကြီးက တော်လှန်ရေး
အမြိုက်ရေအေး တိုက်ကျွေးနစေဉ် မြကြွေက်ကြီးလေးကောင်သည်
တွင်းထဲမှထွက်လာပြီး ဆောင့်ကြောင့်ထိုင်ကာ တရားနာနကေသြည်ကို
ခွေးများကမငြ်သဖငြ့် တအားထိုး၍ လိုက်ကြသောကြောင့် ဖစြ်သည်။
မြကြွေက်ကြီးလေးကောင်းမှာလည်း တွင်းထဲသို့ ဝင်၍ အပြေးမနြ်သဖငြ့်သာ
သီသီကလေး အသက်ဘေးမှ ချမ်းသာရာ ရကသြည်။ အစည်းအဝေး
ရုတ်ရုတ်ရုတ်ရုတ်နှင့် ဖစြ်သွားသောအခါ ဗိုလ်ကြီးက ရှေ့လက်တစ်ဖက်ကို
မြှောက်၍ ကိုယ့်နရော ကိုယ်ပနြ်ထိုင်၍ ငြိမ်ငြိမ်နကေရြန်ပြောသည်။
တိရစ္ဆာန်ပရိသတ် ငြိမ်သွားသောအခါ ဗိုလ်ကြီးက ဒီအစည်းအဝေးက
ဆုံးဖတြ်ပေးဖို့ အရေးကြီးသည့် ကိစ္စကြီးတစ်ခု ပေါ်လာပါတယ်။ ဒီကိစ္စဟာ
တစ်ခြားမဟုတ်ပါဘူး။ ကြွက်လို ယုန်လို တိရစ္ဆာန်အရိုင်းများကို မိတ်ဆွလေို
သဘောထားမလား။ ရန်သူလို သဘောထားမလား ဆိုတဲ့ကိစ္စပါဘဲ။ ဒီကိစ္စကို
အများဆန္ဒအရ မဲပေးပြီး ဆုံးဖစြ်စလေိုပါတယ်။ ဒါကြောင့် ကြွက်များသည်
ငါတို့၏ ရဲဘော်များဖစြ်သည် ဆိုသော အဆိုကို မဲနှင့် ဆုံးဖတြ်နိုင်ရန်
အစည်းအဝေးသို့ တင်ပပြါတယ် ဟု ပြောသည်။
မဲခွဲသောအခါ ကြွက်များသည် ရဲဘော်များဖစြ်သည်ဆိုသောဖက်မှ
မဲအမြောက်အမြားနှင့် နိုင်သည်။ ကန့်ကွက်သူလေးဦးသာရှိသည်။ထိုလေးဦးမှာ
ခွေးသုံးကောင်နှင့် ကြောင်တကောင် ဖစြ်သည်။ ထိုခွေးသုံးကောင်နှင့်
ကြောင်တကောင်သည်ပင် မဲပေးသည့်အခါတွင် ကြွက်များသည်
ရဲဘော်များဖစြ်သည် ဆိုသော ဖက်ကလည်း ပေး၍ ကန့်ကွက်သည့်
ဖက်ကလည်း ပေးကသြည်။
ထို့နောက် ဗိုလ်ကြီးက ဆက်၍ ယခု အရေးကြီးသည့် ကိစ္စကို
ဒီမိုကရစေီနည်းအရ မဲခွဲ၍လည်း ဆုံးဖတြ်ပြီးပါပြီ။ နောက်ထပ်ပြောစရာလဲ
မရှိတော့ပါဘူး။ ဒီတော့ နောက်ဆုံးပိတ် နိဂုံးချုပ် စကားအဖစြ်နဲ့
ပြောပြီးသားစကားများကိုဘဲ အတိုချုပ် ထပ်ပြီး ပြောချင်ပါသည်။
တစ်အချက်တွင် လူသားများနှင့် လူသားများရဲ့ ထုံးစံများကို
စက်ဆုတ်ရွံရှာကဖြို့ အမြဲသတိရကပြါ။ ခြနှေစ်ချောင်းမှန်သမျှကို ရန်သူလို
သဘောထားကပြါ။ ခြေလေးချောင်းမှန်သမျှဟာ ရဲဘော်ချည်းဆိုတာကိုလဲ
မမေ့ကပြါနဲ့။ တခုလဲ သတိပေးချင်ပါသေးတယ်။ လူသားများကို
တော်လှန်သည့်အခါမှာ လူသားများလိုလဲ မလုပ်ကပြါနဲ့။ ပြီးတော့ ငါတို့ဟာ
လူသားများကို အောင်မငြ်ပြီးသည့် နောက်ကျတောင်မှဘဲ လူသားများရဲ့
အကျင့်ဆိုးများကို အတုမယူကပြါနဲ့။ ဘယ်တိရစ္ဆာန်မျှ လူသားများလို
အိမ်နှင့် မနကေဖြို့ အိပ်ရာနှင့် မအိပ်ကဖြို့ အဝတ်မဝတ်ကဖြို့
အရက်မသောက်ကဖြို့ ဆေးလိပ်မသောက်ကဖြို့ ငွစေမကိုင်ကဖြို့
ကုန်ရောင်းကုန်ဝယ်မလုပ်ကဖြို့ သတိကြီးကြီးထားကပြါ။ လူသားကျင့်
လူသားကြံများဟာ တစ်ခုမှ မကောင်းပါဘူး။ အရေးကြီးဆုံးကတော့ ငါတို့
တိရစ္ဆာန် ဘဝတူချင်းချင်း တကောင်နဲ့တကောင် နိုင့်ထက်စီးနင်း
နှိပ်စက်ကလူ မလုပ်ကဖြို့ပါဘဲ။ ငါတို့ တိရစ္ဆာန်များဟာ အားကြီးသူဖစြ်စေ
အားနည်းသူဖစြ်စေ နားလည်မှုရှိသုဖစြ်စေ နားလည်မှု မဲ့သူဖစြ်စေ
ညီအစ်ကိုမောင်နှမချည်းပါဘဲ။ တိရစ္ဆာန်များဟာ ဘယ်သူကမှ
ဘယ်သူ့ထက်မသာဘဲ အားလုံး တန်းတူချည်း ဖစြ်သည်ကိုလည်း
အထူးသတိပြုစလေိုပါသည်။
ရဲဘော်တို့ အချိန်လဲ အတော်နဲသွားပါပြီ။ အခု
ငါ့အိပ်မက်အကြောင်းကို ပြောပါတော့မယ်။ ငါ့အိပ်မက်ကို ရဲဘော်တို့
နားလည်အောင် ပြောနိုင်ဖို့တော့ မလွယ်ပါဘူး။ ငါ့အိပ်မက်ကတော့
လောကကြီးမှာ လူသားများ ပျောက်ကွယ်သွားသည့်အခါတွင် ဘယ်လို
သာယာဝပြောရှိမည်ဆိုတဲ့ နိမိတ်ပအြိပ်မက် ဖစြ်ပါတယ်။ ဒီအိပ်မက်
မက်တော့မှဘဲ ငါအယင်တုန်းက မေ့နဒေါတခုလဲ ပနြ်ပြီး သတိရတယ်။
ငါတို့ငယ်ငယ်တုန်းက နှစ်ပေါင်းများစွာ ကြာပါပြီ။ ငါနို့စို့သား
အရွယ်တုန်းက ငါတို့ အမရေယ် တခြားဝက်မကြီးတွရေယ် ဆိုကတြဲ့
သီချင်းတပုဒ်ကို ငါပနြ်သတိရတယ်။ အဲဒီသီချင်းကိုလဲ ပထမစကား
သုံးလုံးသာ မှတ်မိပြီး အသွားကိုသာ ဆိုတတ်တယ်။ အဲဒီသီချင်းသွားလည်း
ငါငယ်ငယ်တုန်းကတော့ အလွတ်ရပါတယ်။ ကြီးလာတော့ မေ့သွားတယ်။ အဲ
ညတုန်းက အိပ်မက်မက်တော့မှဘဲ ပနြ်သတိရတယ်။ တေးသွားဒင်
မဟုတ်ဘူး။ စကားလုံးတွပေါ အကုန်ပနြ်ပေါ်လာတယ်။ အဲဒီသီချင်းက ငါတို့
တိရစ္ဆာန် ဘိုး ဘေး ဘီ ဘင်တွေ အစဉ်အဆက် ဆိုလာပြီးနောက်
ကာလရွေ့လျောတော့ နောင်လာနောက်သား တိရစ္ဆာန်တွကေ
မေ့ကုန်ကတြယ်။ အဲဒီ သီချင်းကို ငါအခု ဆိုပမြယ်။ ရဲဘော်တို့
နားထောင်ကပြါ။ ငါကအသက်ကြီးတော့ အသံလဲ အဲ့တဲ့တဲ့ ဖစြ်နတေယ်။
သို့သော်လဲ ရဲဘော်တို့ ဆိုတတ်လောက်အောင်တော့ ငါသင်ပေးနိုင်ပါတယ်။
ရဲဘော်တို့ ကိုယ်တိုင် ဆိုတတ်တော့ အသံကောင်းကောင်းနဲ့ ကိုယ့်ဟာကို
ဆိုကြပေါ့။ အဲဒီ သီချင်းက ''ဒို့တိရစ္ဆာန်သီချင်း'' လို့ ခေါ်ပါတယ်။''
ထိုသို့ ပြောပြီးလျှင် ဗိုလ်ကြီးသည် သလိပ်ဟက်၍
လည်ချောင်းရှင်းကာ ဆိုပသြည်။ သူ့ အသံမှာ သူပြောသည့်အတိုင်းပင်
အနည်းငယ် အက်တက်တက် ဖစြ်၍ နေသော်လည်း ဗိုလ်ကြီးသည်
''ဒို့တိရစ္ဆာန်သီချင်း'' ကို စည်းဝါးကျ၍ နားထောင်ကောင်းအောင်
ဆိုပနြိုင်သည်။ ဒို့တိရစ္ဆာန်သီချင်းမှာ ခပ်သိမ်းသော တော်လှန်ရေးသီချင်းများ
ကဲ့သို့ ကကြ်သီးမွေးညှင်းထစေသော သီချင်းဖစြ်သည်။ ဒို့တိရစ္ဆာန်သီချင်း၏
အဓိပ္ပါယ်မှာ အောက်ပါအတိုင်းဖစြ်သည်။
တကမ္ဘာလုံးက တိရစ္ဆာန်တွေ၊
မိုးအောက်ရှိသမျှ တိရစ္ဆာန်တွေ၊
အပညြ်ပညြ်က တိရစ္ဆာန်တွေ၊
ဒို့ခတေ်ကိုသာ မြှော်ကြ၊ မြှော်ကြ။ ။
နှေးနှေးမနြ်မနြ် ဒို့ခတေ်ရောက်မည်အမှန်၊
မသာမာလူသား သရွောသွားလျှင်၊
လယ်ယာမှန်သမျှ ဒို့ပိုင်ကလြျက်၊
ဝစွာစားကာ လွတ်လပ်မှာတည်း။ ။
နဖါးကြိုးလည်းပျောက်၊
ထမ်းပိုးလည်းပျောက်၊
နကန်ကိုချိုး နှောင်ကြိုးကိုဖယ်၊
လာမယ်ကွဲ့ ဒို့ခတေ်။ ။
စပါးကပေါ နှမ်းကပေါ၊
ပြောင်းရိုးကလှိုင် ကောက်ကမြိုင်လို့၊
နှမ်းဖတ်ကပို မကြ်ကချို၊
စိမ်းစိုဘိခငြ်း ဒို့လယ်ခင်း။ ။
မကြ်စိမ်းလို့ ရကေညြ်၊
လပေညြ်ကပျံ့သင်း၊
ဒို့ခတေ်ရောက်လျှင်၊
ပျော်ဘို့သာပငြ်။ ။
နွားဆိတ်ဝက် ဝမ်းဘဲကကြ်တို့၊
မပျက်မယွင်း ကြိုးစားခငြ်းဖငြ့်၊
ဒို့ခတေ် ဒို့ခါ ဆိုက်ရောက်လာမည်၊
မြှော်ကခြပင်း လွတ်လပ်ခငြ်း။
ဗိုလ်ကြီးအမှူးရှိသော တိရစ္ဆာန်အပေါင်းသည် ဒို့တိရစ္ဆာန်သီချင်းကို
ဒေါပါပါ မာန်ပါပါ သံကုန်ဟစ်၍ ဆိုကပြြီးလျှင်
ကကြ်သီးမွေးညှင်းထလျက်ရှိသည်။ ဗိုလ်ကြီးက ဆိုပြ၍မှ မဆုံးခင်ပင်
အားလုံးသော တိရစ္ဆာန်တို့က လိုက်၍ဆိုကသြည်။ အချို့ဉာဏ်မကောင်းသော
တိရစ္ဆာန်တို့မှာ တေးသွားနှင့် စကားလုံးအနည်းငယ်ကိုသာ
လိုက်၍ဆိုနိုင်သည်။ ခွေးနှင့် ဝက်တို့ကဲ့သို့ ဉာဏ်ကောင်းသော
တိရစ္ဆာန်တို့မှာ ခဏခငြ်းပင် အလွတ်ဆိုနိုင်ကသြည်။ မလိုက်နိုင်သေးသော
တိရစ္ဆာန်များကို လိုက်နိုင်အောင် အနည်းငယ် သင်ပေးပြီးနောက်
ဒို့တိရစ္ဆာန်သီချင်းကို အားလုံးပြိုင်၍ ဆိုကသြည်မှာ မိုးပြိုမတတ်ဖစြ်သည်။
နွားများကလည်း ဝတ်ထလိန်းကသြည်။ ခွေးများကလည်း ဝုတ် ဝုတ်
ကသြည်။ ဆိတ်များကလည်း ဗဲ့ ဟဲ့ဟဲ့ ကသြည်။ မငြ်းများကလည်း
ဟီကသြည်။ ကကြ်များကလည်း တွန်ကသြည်။ ဝမ်းဘဲတို့က ဂတ်ကသြည်။ တငူ
တိရစ္ဆာန်တို့သည် ဒို့တိရစ္ဆာန် သီချင်းကို အားကြီး သဘောကျကသြဖငြ့်
ခုနှစ်ကြိမ်တိုင်တိုင် မရပ်မနားဘဲ ဆက်ကာ ဆိုကသြည်။
ခုနှစ်ကြိမ်ဆိုပြီးနောက် အမောပြေစရေန် ဝက်များက သံချပ်တိုင်၍
ကျန်တိရစ္ဆာန်တို့က လိုက်ကသြည်။ သံချပ်မှာ
မီးသွေးခဲမို့ မဲသကိုဗျ၊ ဒို့တိရစ္ဆာန်မို့ ရဲသကိုဗျ။ တိရစ္ဆာန်တို့
ကျက်သရေ၊ ကမ္ဘာသင်္ချေ ပြောလို့ မဆုံး။ တိရစ္ဆာန်ကို ပြိုင်မဲ့ဆို၊
နင်တို့ကိုယ် မှန်နဲ့ ကညြ့်အုံး စသည်ဖငြ့် ဖစြ်သည်။ တိရစ္ဆာန်တို့သည်
သံချပ် ထိုးပြီးနောက် သံပြိုင်တင်၍ ''တကမ္ဘာလုံးက တိရစ္ဆာန်တွေ ညီကြ''
ဟု သုံးကြိမ် အော်ကသြည်။ တပြိုင်နက် တခဲနက် အော်ကြသော
တိရစ္ဆာန်တို့၏ အသံမှာ နားပွင့်မတတ်ဖစြ်သဖငြ့် ဦးသာခေါင် အိပ်ရာမှ
လန့်နိုးသည်။ ဦးသာခေါင်သည် အိပ်ရာမှ ကမူးရှူးထိုးနှင့်ထ၍
ကျားသစ်ဝင်သည် အထင်နှင့် အိပ်ရာခေါင်းရင်းတွင် ထောင်၍ထားသော
နှစ်လုံးပြူးသနေတ်ကိုဆွဲ၍ ကိုးလုံးကျည်နှင့် ဆူဆူညံညံ ကြားရာဖက်သို့
စွပ်၍ ပစ်လိုက်သည်။ ကျည်ဆံများသည် တိရစ္ဆာန်တို့ဦးခေါင်းပေါ်မှ
ဝီကနဲဖတြ်၍ သွားသဖငြ့် တိရစ္ဆာန်များသည် အစီအရီ အစုခွဲပြီးလျှင်
သူ့နရောသူ ပနြ်၍ အိပ်ကသြည်။ ခဏနေသောအခါ တခြံလုံး တိတ်၍
သွားသည်။
0
responses to “
အခန်း (၁)
”